Athens နဲ့ Sparta (သို့) ဒီမိုကရေစီနဲ့ အာဏာရှင်စနစ်

Democracy ကို Greek နိုင်ငံကနေ ဖွားမြင်လာတာဖြစ်ပါတယ်။

ဘာကြောင့် ဖြစ်လာတာလဲ?

ဘယလို ဖြစ်လာတာလဲ?

CA 800–232 BCE တုန်းက Greek နိုင်ငံမှာ ကိုယ်ပိုက်နက် နယ်မြေတွေကို ကိုယ်စီ အုပ်ချူပ်ကြတယ်။ အဲဒီထဲမှာ အင်အားအကြီးဆုံးက Athens နဲ့ Sparta အုပ်စု (၂)ခု ရှိတယ်။ နိုင်ငံရေးစနစ်က တစ်အုပ်နဲ့ တစ်အုပ်နဲ့ ဆန့်ကျင့်ဘက်တွေ ဖြစ်တယ်​။

အနောက်နိုင်ငံတွေရဲ့ ယဥ်ကျေးမှု အတွေးအခေါ် အယူအဆ အတော်များများဟာ Athens ကနေ မွေးဖွားလာတယ် ဖြစ်ပါတယ်။ ဒီမိုကရေစီ စနစ် မွေးဖွားလာတဲ့ နေရာလည်း ဖြစ်ပါတယ်။

Athen မြို့

Sparta တွေကတော့ ကြမ်းတမ်တဲ့ သူရဲကောင်းဆန်တဲ့ လူမှု အဖွဲ့အစည်းတွေ ဖြစ်တယ်။ စစ်သားတွေပေါ့။​ သူတို့ရဲ့ ဇနီးမိန်းမတွေကအစ ဇာတ်ကြမ်းတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ဘေးပတ်ပတ်လည်မှာရှိတဲ့ အိမ်နီးနားချင်း မြို့တွေက လူတွေကို သူတို့ သူတို့ ကျွန်တွေလို့ သတ်မှတ် ဆက်ဆံကြပါတယ်။ အိမ်နီးနားချင်းက မြို့သူ မြို့သား ပြည်သူတွေကို သူတိုကို ပုန်မကန်နိုင်အောင်လို့ သူတို့ကို ကျွန်ပြုထားပါတယ်။ Spartan လူမှုအဖွဲ့အစည်းမှာက သူတို့ ရှင်းလင်းတဲ့ ရည်ရွယ်ချက် တစ်ခုရှိတယ်။ အဲတာက Sparta တိုင်းသာရဲ့ ရည်ရွယ်ချက်သည် စစ်သား ဖြစ်ရမယ်။ Sparta မိန်းမများသည် စစ်သားများစွာကို မွေးဖွားပေးရမယ်။

လက်ရှိ Sparta မြို့

Sparta

Sparta Movie ထဲက ပုံ

Sparta လွမ်းမိုးထားတဲ့ နေရာက ရွာ ၄ ရွာနဲ့ ဖွဲ့စည်းထားတယ်။ သူတို့ရဲ့ အယူဝါဒက ကြမ်းတမ်း တောင့်တင်တဲ့ စစ်သား ဖြစ်ဖို့ပဲ။ ဒါကြောင့် နယ်နမိတ် နံရံတွေ ဘာတွေ မဆောက်ထားကြဘူး။ စစ်သားငယ်တွေကို သူတို့ရဲ့ နယ်နမိတ် နယ်မြေဖြစ်တယ်ဆိုတဲ့ အထိ ခံယူထားတယ်။

ရှေးက Sparta နဲ့ Athen, Messenia, Olympia, Corinth, Argos တို့ မြေပုံ

BC 750 လောက်တုန်းက သူတို့ အိမ်နီးနားချင်းဖြစ်တဲ့ Periokoi ဆိုတဲ့ အဖွဲ့တော့ ရှိတယ်။ သူတို့ကတော့ Sparta ရဲ့ ကျွန်တော့ မဟုတ်ဘူး၊ သူတို့ထက် အဆင့်အတန်းနှိမ့်တဲ့သူလို့ သတ်မှတ်ထားတယ်။ ဒါပေမဲ့ Sparta အတွက် လိုအပ်ရင် လိုအပ်သလို စစ်မှု့ရေးရာ အပိုင်းမှာ တာဝန်ထမ်းဆောင်ပေးရတယ်။

Periokoi ထက် နိုင်ငံရေးအရ လူမှုရေးအရ အနှိမ်ခံရတဲ့ Helots တွေဆိုတာ Sparta တွေ သိမ်းပိုက်ပြီး ကျေးကျွန်ပြုထားတဲ့ သူတွေဖြစ်တယ်။ Sparta တွေအတွက် လယ်ယာရေးဆိုင်ရာ စားဝတ်နေရာဆိုင်ရာတွေအတွက် လုပ်ကိုင်ပေးနေရတဲ့သူတွေ ဖြစ်ပါတယ်။

အပေါ်က မြေပုံမှာ Messenia ဆိုတဲ့ နယ်မြေမှာ Helots တွေ နေပါတယ်။ Messenia တွေက နှစ် ၄၀၀ ကြာအောင် နေထိုင်လာပါတယ်။ BC 730 လောက်မှာ Messenia ကို Sparta တွေ သိမ်ပိုက်လိုက်တာ ဖြစ်တယ်။ Helots တွေက Sparta တွေကို လယ်ယာစိုက်ပျိုးရေး အကြွေးအမွေး လုပ်ပေးရတော့ မကျေနပ်တော့တာရယ်၊ တစ်ဖြည်းဖြည်း Helots လူဦးရေ များလာတာရယ်ကြောင့် နောက် ဒုတိယ Messenia War စစ်ပွဲ ဖြစ်လာပါတယ်။ ဒုတိယ အခေါက်မှာတော့ နှစ်ပေါင်း ၁၇ နှစ် ကြာသွားပါတယ်၊ BC 865–668။ နောက်ဆုံးမှာတော့ Sparta တွေပဲ အနိုင်ရသွားပါတယ်၊ အဲဒီအချိန်မှာ Sparta နဲ့ Messenia တွေနဲ့ လူဦးရေက Messenia က ၇ ဆပိုများလာပါတယ်။

Second Messenia War ကနေ ရလာတဲ့ သင်ခန်းစာကို ယူပြီး Sparta တွေက အသက် ၉နှစ်ကစပြီး မည်သူမဆို စစ်မှုရေးရာ သင်တန်းပေးခံရပါတယ်။ အသက် ၆၀ ပြည့်မှာ အနားယူခွင့်ပေးပါတယ်။ အဲဒီတုန်းက ပျှမ်းမျှ လူ့သက်တမ်း ၃၇ နှစ်ပါ။

Sparta တွေရဲ့ ပညာရေးစနစ်က Agoge လို့ခေါပါတယ်။ ယောကျ်ားတွေသည် စစ်သားဖြစ်ဖို့၊ မိန်းကလေးတွေသည် သားဖွားဖို့။ သူတိို့ ပညာရေးသည် စစ်မှုရေးရာနဲ့ ကိုယ်ခန္ဓာ ကြံခိုင်မှု ပညာဖြစ်ပါတယ်။ အသက် ၁၄နဲ့ ၂၀မှာ စစ်မှု့ရေးရာ သင်တန်းပေးတယ်၊ ၂၀နဲ့ ၃၀မှာ လက်ထပ်ခွင့်ပေးပါတယ်။

Sparta အုပ်ချုပ်ရေးစနစ်က တစ်ခြားသော ဂရိမြို့နယ်တွေနဲ့ မတူတာက သူတို့မှာ ဘုရင် (၂)ပါးထားထားတယ်။ Sparta တည်ထောင်သူ မျိုးနွယ်ကရွေးချယ်ထားတာဖြစ်ပါတယ်။ ဘုရင်တစ်ပါးက စစ်တိုက်ထွက်ရင် တစ်ခြားတစ်ပါးက အိမ်စောင့်ရတယ်။ စစ်တိုက်ထွက်တဲ့ ဘုရင်ကတော့ ပိုပြီး အာဏာရှိတာပေါ့။

“King Lenidas” ရဲ့ ရုပ်တု

အချစ်ဆိုင်ရာ ထိမ်းမြားခြင်းဆိုင်ရာတွေမှာတော့ လိင်တူ ချစ်ခြင်းကို လည်း အားပေးထားသလို လိင်ကွဲ ချစ်ခြင်းကို လည်း အားပေးထားပါတယ်။ လိင်တူ ဆက်ဆံရေးက စစ်ရေး စစ်ရာမှု စစ်သားအချင်းချင်း သံယောဇင် စစ်သားစိတ်ဓာတ် ညီညွတ်ရေး စိတ်ဓာတ်တွေကို ခိုင်မာစေတဲ့အတွက် ခွင့်ပြုထားပါတယ်။ လိင်တူ ဆက်ဆံရေးတွေကိုတော့ ကြီးကျယ်မြင့်မြတ်တယ်လို့ ခံယူထားပါတယ်။​ အင်း.. လိင်တူ အချစ်က .. BC ကတည်းက ရှိနေတယ်…

Athenian Democracy

BC 800–500 ကြားမှာ Aristocracy ဆိုတဲ့ မြေပိုင်ရှင်တွေ ချမ်းသာမှုနဲ့ အာဏာကို လက်ဝါးကြီး အုပ်ထားပါတယ်။ အနှိမ်တန်စာ လူတန်းစာတွေက မြေပိုင်ရှင်တွေဆီမှာ ကြွေးမှီးပြဿနာတွေရှိလာကြပါတယ်။ ဒီတော့ အထက်တန်းစာ မြေပိုင်ရှင်တွေက ချမ်းသာမှုနဲ့ အာဏာ သက်ရောက်မှု ရှိနေပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ Aristocrat တွေက Solonဆိုတဲ့လူကို နိုင်ငံရေး နဲ့ စီပွားရေး ပြဿနာ ဖြေရှင်းဖို့ ရွေးချယ်လိုက်တယ်။ ဒါပေမဲ့ သူမဖြေရှင်းနိုင်ခဲ့ဘူး။ သူတို့မှာ နေထိုင်ရာ ဒေသပေါ်မူတည်ပြီး အဓိကအားဖြင့် လူတန်းစာသုံးမျိုးတွေရတယ်။ မြေပြန့်မှာနေတဲ့သူက ချမ်းသာတယ်၊ ပင်လယ်ကမ်းရိုးတန်းမှာ နေတဲ့သူက ကုန်သွယ်ရေးနဲ့ ချမ်းသာတယ်၊ တောင်ကုန်းပေါ်မှာ နေတဲ့သူကတော့ ငမွဲတွေပေါ့။

Attica

Cleisthenes ကျတော့ သူတို့ Attica က မြို့တွေဆီကနေ မျိုးနွယ်တစ်ခုကို ရွေးချယ်တင်မြောက်ထားတဲ့ ခေါင်းဆောင် ၅၀ ရွေးချယ်ပြီး စုစုပေါင်း ၅၀၀ ကို ဥပဒေ ရေးသားခွင့် ပေးတယ်။ ဒါပေမဲ့ အတည်ပြုဖို့ကျတော့ ပြည်သူတွေကပဲ မဲ အဆုံးအဖြတ်ပေးရပါတယ်။ မဲ့ပေးခွင့်ရှိတဲ့သူတွေကတော့ Athens လူ၊ ယောကျာ်လေး၊ အသက် ၁၈ နှစ်အထက် ဖြစ်ရမယ်။

Socrates ကလည်း Atthen မြို့သား ပဲ ဖြစ်တယ်။ သူက ဒီမိုကရေစီ စနစ်ကို မကြိုက်တဲ့သူတစ်ယောက်ဖြစ်တယ်။ သူက “ခရီးတစ်ခုကို သင်္ဘောနဲ့ ခရီးသွားမယ် ဆိုပါစို့။ သင်္ဘောပေါ်မှာ ကျွမ်းကျင် သင်္ဘော captain, တောင်မြောက် လမ်းခရီးကျမ်းကျင်သူပါတယ်၊ ရေလမ်းကြောင်း လမ်ပြသူပါတယ်။ ပြီးတော့ ခရီးသွား၊​ကုန်သည်၊ ကျွန်တွေပါတယ်။ အကယ်၍ ဒီ သင်္ဘောပေါ်မှာ ဒီမိုကရေစီ စနစ်ကျင့်သုံးမယ်ဆိုရင် သွားသင့်တဲ့ လမ်းကြောင်း၊ မသွားသင့်လမ်းကြောင်းတွေကို ကျွန်တော်တို့ ကောင်းကောင်း ဆုံးဖြတ်နိုင်မှာမဟုတ်ဘူး၊ လေမုန်းတိုင်းနဲ့ တိုပြီး အားလုံး အသက်ဆုံးရှုံးနိုင်တယ်” လို့ ဥပမာပေးသွားတယ်။

Pericle ရုပ်တု

Athens ကို Pericles အုပ်ချူပ်တဲ့ ကာလကတော့ Golden Age ကို သမိုင်းပညာရှင်တွေက သတ်မှတ်ထားတယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန် အဲဒီနေရာမှာ သမိုင်းပညာရဲ့ ဖခင် Herodotus၊​ Phiosophy ရဲ့ ဖခင် Socrates၊ ဆေးပညာရပ်ရဲ့ ဖခင် Hippocrates၊ ရုပ်တု နဲ့ ဆောက်လုပ်ရေး ပညာရပ်ရဲ့ ဖခင် Phidias၊ atom လောက စကြာဝဌါ ကို တွေ့ရှိတဲ့ ဖခင် Democritus၊ ဇာတ်ဝတ္ထု အနုပညာရှင် နဲ့ ပြုဇာတ်ရုံတွေ ဖန်းတီးတဲ့ Euripides, Aristophanes, Sophocles, အတွေးအခေါ် ကျောင်းကို တည်ထောင်သူ Plato စသည်ဖြင့် အများကြီး တွေ့ရပါတယ်။​

Athens နဲ့ Sparta

  • Sparta မှာတော့ နိုင်ငံရေး အခွင့်အရေးတော်တော်များများဟာ စစ်သားတွေမှာ ရှိပါတယ်။
  • Athens မှာတော့ ၁၈ နှစ် အထက် Athen ယောကျ်ား တွေမှာ နိုင်ငံရေး အခွင့်အရေးရှိပါတယ်။
  • Sparta နဲ့ Athen တူညီချက်ကတော့ အမျိုးသမီး အခွင့်အရေး မရှိပါဘူး။ လူမျိုးရေး ခွဲခြားမှုရှိပါတယ်။

--

--