Ba Yin Min
Mar 2, 2018 · 2 min read

Offensive Security Wireless Professional (OSWP) Exam Review

Zawgyi Font

TLDR;

အတိုချုံး;

၁။ စားမေးပွဲ fees: အမေရိကန်ဒေါ်လာ ၄၅၀

၂။ ဝယ်ယူရန်လိုသည့် ပစ္စည်းများ: wireless card တစ်ခု နှင့် network router တစ်ခု

၃။ စာမေးပွဲ ကြာချိန်: ဖြေဆိုချိန် ၄ နာရီ သို့ ၃ နာရီ ၄၅ မိနစ်

၎။ report ပြင်ဆင်ချိန် ၂၄ နာရီ

၅။ အောင်စာရင်းထွက်ချိန်: ၁ ရက် မှ ၃ ရက်အတွင်း

၆။ သင်ရိုးညွှန်းတမ်း video training နှင့် pdf စာအုပ် (ဝယ်ပြီးတနှစ်အတွင်း စာမေးပွဲဖြေရမည့် deadline ရှိ)

၇။ သင်ယူပြင်ဆင်ချိန်: ကိုယ်ပိုင် timing , self pace learning ( သေချာကျက်မှတ်လေ့ကျင်ရင် ၁ပတ် ၂ ပတ် အတွင် ပြီးစီးနိုင်ပါသည်။ အားရှိရင် တော့ ၂ ရက်နဲ့ပြတ်နိုင်ပါတယ်။)

ဆိုးချက်များ: => သင်ရိုးညွှန်းတမ်း ဟောင်းခြင်း၊ နောက်ဆုံးပေါ် attack များအကြောင်းမပါခြင်း(WPA personal အထိသာ ပါခြင်း )

ကောင်းချက်များ: => လွယ်ကူမြန်ဆန်စွာ နဲ့ နိုင်ငံတကာ certificate ရနိုင်ခြင်း၊ offsec certificate တွေထဲမှ အသက်သာဆုံးတခုဖြစ်ခြင်း၊ certificate expiry date မရှိ ခြင်း၊ wireless အခြေခံ technology အဟောင်းမှ စပြီးလေ့လာနိုင်ခြင်း)

ရှည်ရှည်လျှားလျှားဖတ်ချင်ရင်:

— — — — — — — — — — — — — —

ကျွန်တော် လွန်ခဲ့တဲ့ နှစ်က OSWP စာမေးပွဲကို ဖြေဆို အောင်မြင်ခဲ့ပါတယ်။ exam review အနေနဲ့ဖတ်ချင်သူရှိရင် ဖတ်နိုင်အောင် ရေးသားခြင်းဖြစ်ပါတယ်။

ဘာကြောင့်ဖြေဖြစ်ခဲ့လဲ?

— — — — — — — — — — — — — —

Pentration Tester (စကားလုံးကြီးကြီးနဲ့ဆို ethical hacker) တယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုရင် platform မျိုးစုံကို penetration testing (PT) လုပ်တတ်ရပါတယ်။ web / mobile / network / thick client testing တော်တော်များများက လူတိုင်းလိုလိုတတ်ကြပါတယ်။ နည်းနည်းလေးတမူထူးခြားတဲ့ resume လေဖြစ်ရင်ရော အလုပ်မှာ project ရလာရင်လုပ်တတ်ရအောင် ဒီစာမေးပွဲဖြေဖြစ်တယ်။

အပေါ်မှာပြောခဲ့တဲ့ အတိုင်း တခြားကောင်းချက်တွေကတော့ လွယ်ကူမြန်ဆန်စွာ နဲ့ နိုင်ငံတကာ certificate ရနိုင်ခြင်း၊ offsec certificate တွေထဲမှ အသက်သာဆုံးတခုဖြစ်ခြင်း၊ certificate expiry date မရှိ ခြင်း၊ wireless အခြေခံ technology အပောာင်းမှ စပြီးလေ့လာနိုင်ခြင်း) တို့ကြောင့်ရောပဲ။

သင်ရိုးညွန်းတမ်းကောင်းရဲ့လား?

— — — — — — — — — — — — — —

ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ တော်တော်များများထင်တာတော့ သင်ရိုးညွှန်းတမ်းပောာင်းနေပါတယ်။ ဒါပေမဲ့လဲ သင်ပာာ wireless networking background မရှိဘူးဆိုရင်လေလာရပျော်ပါတယ်။ wireless network protocol, data frame ကစပြီး WEP , WPA ထိလေ့လာနိုင်တယ်။ protocol attack (WEP မှာအများဆုံးလုပ်နိုင်တာ) တွေရဲ့သဘောတရားကိုလေ့လာနိုင် တယ်။ wireless မှာလဲ protocol ဒီခေတ်ထိအဲဒီလောက်မများပါဘူး အခြေခံ နားလည်ရင် WPA Enterprise Attacks ကို ကိုယ့်ပာာကိုယ် နောက်ခဏလေးလေ့လာနိုင်တယ်။

သင်ရိုးညွှန်းတမ်းခက်လား? လက်တွေ့lab ပါလာ:?

— — — — — — — — — — — — — —

OSCP နဲ့ ယှဉ်လို့မရပါဘူး။ အရမ်းလေ့လာရလွယ်ပါတယ်။ ကျွန်နော်အလုပ်ပြီးညပိုင်းတွေနဲ့ Weekend တခုလောက် စုစုပေါင်း တပတ်ကျော်လေ့လာရုံ နဲ့ ဖြေဆိုဖို့အသင့်ဖြစ်ပါတယ်။

OSCP လို Online lab မရှိပါဘူး။ လေ့ကျင်ဖို့ အတွက် wireless router တခု ရဲ့ network router တခုရယ်ဝယ်ပြီး ကိုယ့်ပာာကိုယ် set up လုပ်ပြီး video ကပြောတဲ့ အတိုင်းလေ့ကျင့်ရုံပါပဲ။

စာမေးပွဲကဘယ်လိုလဲ?

— — — — — — — — — — — — — —

စာမေးပွဲ က OSCP လိုပါပဲ။ စာမေးပွဲမစခင် VPN ချိတ်ဖို့ package ကို Offensive Security က email နဲ့ ပို့လာလိမ့်မယ်။ အဲ့ဒါကို သုံးပြီး VPN ချိတ် SSH နဲ့ စဝင်ပြီး စာမေးပွဲဖြေလို့ရပါပြီ။ စာမေးပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ SSID ၃ခုကို သင့်တော်တဲ့ attack ပုံစံမျိုး သုံးပြီး password ရအောင် crack ရမှာ ဖြစ်ပါတယ်။ LAB ကို ကြေညက်အောင် လုပ်ထားရင် ဖြေရတာ လွယ်ပါတယ်။ မေးခွန်းလှည့်တာတော့ သိပ်မရှိပါဘူး။ စာမေးပွဲဖြေတာ ကြာချိန် ၃နာရီ၄၅မိနစ် ဖြစ်ပေမဲ့ ၂နာရီလောက်ဆို ပြီးပါတယ်။ ဒါပေမဲ့ တခါတလေမှာ ကြာနေတတ်တာက SSH crush သွားတာတို့ wireless router က capture မလုပ်နိုင်တာတို့ကြောင့် ဖြစ်နိုင်ပါတယ်။ SSH ကို multi-session သုံးတတ်အောင် လေ့ကျင့်ထားဖို့တော့ လိုပါတယ်။ စာမေးပွဲ ဖြေပြီးရင် report ရေးဖို့ ၂၄နာရီ အချိန်ပေးပါတယ်။ report ရေးရန် guideline ကို သေချာဖတ်ဖို့ လိုပါတယ်။ တကယ်တန်းရေးမယ်ဆိုရင် ၂နာရီလောက်နဲ့ ပြီးပါတယ်။ report ကို submit လုပ်ပြီးရင် တစ်ရက် နှစ်ရက်အတွင်း စာမေးပွဲ result အဖြေသိပါတယ်။

အတိုချုံးရရင်တော့

၁။ LAB ကို သေချာလေ့ကျင့်ပါ။

၂။ နောက် SSH ကို သေသေချာချာ သုံးတတ်အောင်၊ multi-session သုံးတတ်အောင် လုပ်။

၃။ report guideline ကို သေချာဖတ်ပြီး မမှားအောင်ရေး။

၎။ submission လုပ်တဲ့အခါ instruction ကို သေချာဖတ်ပါ။

ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျား။ အောင်မြင်ပါစေ။

    Ba Yin Min

    Written by

    Pentester. Application & Cyber Security enthusiast. Insatiable learner.