Aung Kyaw Paing

ကျွန်တော်ဒီ Blog Post Series လေးမှာ ကျွန်တော်တို့ မြန်မာနိုင်ငံ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် တိကျမှန်ကန်တဲ့အချက်အလက်တွေပေးနိုင်ဖို့ ဖန်တီးခဲ့တဲ့ mVoter 2020 Android App လေးထဲက Tech Stack တွေ အကြောင်းရယ်၊ ဘာလို့ဒီ Tech Stack တွေကိုရွေးချယ်ခဲ့တယ်ဆိုတာကို တစ်ခြားသူတွေလည်း ဗဟုသုတရအောင် မျှဝေပေးသွားပါမယ်။ ပထမဆုံးအနေနဲ့တော့ ကျွန်တော်တို့ Fragment အစား တစ်ခြား View-based Controller လေးသုံးခဲ့တဲ့ပုံစံကိုပြပေးပါမယ်။ ကျွန်တော်တို့ စရေးကတည်းက Single Activity ပဲသွားမယ်လို့ပဲ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့က Fragment ကို ကြိုက်တဲ့သူတွေမဟုတ်တဲ့အခါက ဘယ်လိုလုပ်ကြမလဲဆိုပြီးဆွေးနွေးတော့ ကျွန်တော်က ရုံး project…

mVoter 2020 Backstage#1 : Conductors
mVoter 2020 Backstage#1 : Conductors

တက္ကသိုလ်မှာတုန်းက ကျင့်ဝတ်နဲ့ပတ်သက်ပြီး ဘာသာတစ်ခုကို သီးသန့်သင်ခဲ့ရတယ်။ အဲတုန်းကတော့ ငယ်သေးတော့ ဒါတွေက အရေးကြီးမှန်း နားမလည်ခဲ့ဘူး။ အခုတော့ တော်တော်ကြီး စဉ်းစားစရာတွေ ဖြစ်လာတယ်။ ကျင့်ဝတ်နဲ့ပတ်သက်လာရင် “gray area” လို့ခေါ်တဲ့ မှား/မှန်ပြောရခက်တဲ့အရာတွေ များတယ်၊ ဒီတော့ ဒီထဲမှာလည်း ကျွန်တော့်အမြင်ဘက်က ပြောထားတာတွေသာဖြစ်လို့ အတွေးအမြင်ကွဲလွဲနိုင်တယ်။ ကျွန်တော်ကတော့ လူတစ်ယောက်ကို ဘယ်သူဆိုတာဆုံးဖြတ်ပေးတာက သူရဲ့ ကျင့်ဝတ်ပဲလို့မြင်တယ်။ ကျင့်ဝတ်ဆိုတဲ့အရာက လူတိုင်းအတွက်အရေးကြီးတယ်။ အလုပ်ကိစ္စတစ်ခုနဲ့ အချက်လက်ဒေတာရယူဖို့ ကိစ္စဖြစ်လာတော့ ကျင့်ဝတ်နဲ့ပတ်သက်ပြီး ကျွန်တော်ခေါင်းထဲ ဘယ်ဟာက မှန်လည်း မှားလည်း အတွေးလေးတွေဝင်လာတယ်။ တစ်ခြားသူတွေလည်း ဒီလိုအတွေးလေးတွေဝင်ရင် အထောက်အပံ့ဖြစ်ဖို့ ကျွန်တော့်အမြင်တွေကို ချပြသင့်တယ်လို့ထင်တယ်။…

Ethical Analytics 🔬
Ethical Analytics 🔬