http://aungpyaephyo.xyz/padc-v2/

ကဲ အခုဆို PADC လဲ ပြီးသွားပြီ ။ မင်းတို့က Android App တွေ ရေးတာနဲ့ ပတ်သတ်ပြီး အတိုင်းအတာ တစ်ခုအထိ အတွေ့အကြုံရှိလာပြီ ဆိုတော့ Junior Android Developer လေးတွေ ဖြစ်လာကြပြီပေါ့ ။

Wrong!!

ကိုယ့်ကိုယ်ကို Android Developer အဖြစ် ယူဆ လိုက်တာဟာ Psychologically အရ ကိုယ့်ကျွမ်းကျင်မှုကို ကိုယ် အတိုင်းအတာ တစ်ခု အထိ ကန့်သတ်လိုက်သလို ဖြစ်သွားစေတယ် ။

အမှန်တော့ မင်းတို့ရဲ့ Profession ဟာ Software Engineer ပဲ ။ Android ဆိုတာ အဲဒီ Software develop လုပ်တယ် ဆိုတဲ့ လောက ကြီးထဲကမှ Development Platform တစ်ခုမျှသာ ဖြစ်တယ် ။

နောက်ပြီး မင်းတို့ ရွေးချယ်တဲ့ software company အပေါ်မူတည်ပြီး မင်းတို့ဟာAndroid အပြင် iOS Development Platform ပေါ်က App တွေ Server-side development platform ပေါ်က App တွေ စသည်ဖြင့် ဖန်တီးနိုင်အောင်လဲ ကြိုးပမ်းအားထုတ်ကြရဉီးမှာဖြစ်တယ် ။ နောက် တစ်နှစ် နှစ်နှစ်ဆို IoT (Internet-of-Things) platform ပေါ်ကနေ embedded device တွေ ပေါ်မှာ run နိုင်မဲ့ App တွေ develop လုပ်ဖို့တောင် ခေတ်စားလာဖို့ရှိတယ် ။

အဲဒီတော့ ပထမ သိထားရမှာက ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို Android ဆိုတဲ့ development platform တစ်ခုတည်းနဲ့တင် ကန့်သတ်မထားသင့်ဘူး ဆိုတာပဲ ။

နောက်တစ်ခုကတော့ Programming Language ။ ခုလောလောဆယ်မှာ Android Development အတွက် Primary Development Language ကို Java အဖြစ် သတ်မှတ်ထားလို့ မင်းတို့က Java ကို အသုံးပြုနေရတာဖြစ်တယ် ။ အခုဆိုရင် Android Development နဲ့ပတ်သတ်ပြီး Kotlin အပါအဝင် PL အသစ် တစ်ခုနှစ်ခုကို Google က internally စမ်းသပ်ကြည့်နေပြီဖြစ်တယ် ။ ဒါကြောင့် Software Engineer တစ်ယောက်အနေနဲ့ Java တစ်ခုတည်း တတ်တယ် ဆိုတာမျိုးထက်စာရင် ကျန်တဲ့ လက်ရှိအချိန်မှာ ခေတ်စားနေတဲ့ Language တွေဖြစ်တဲ့ Javascript, Ruby နဲ့ Swift စတဲ့ Language တွေကို အနည်းဆုံးတော့ တီးမိခေါက်မိရှိအောင် စမ်းသပ်ကြည့်ထားသင့်တယ် ။

Software Engineer တော်တော်များများက ကိုယ် ပထမဉီးဆုံး စထိတွေ့တဲ့ Language နဲ့ ပတ်သတ်ပြီး အတိုင်းအတာ တစ်ခုအထိ အစွဲအလမ်းရှိကြတာကတော့ ဓမ္မတာပါပဲ ။ ဒါပေမဲ့ ကိုယ့်မှာ အဲလို အစွဲအလမ်းရှိနေနိုင်တယ် ဆိုတာကို သတိထားမိရင် အလကားနေရင်း အရေမရ အဖတ်မရ အငြင်းအခုံ တွေနဲ့ အချိန် မကုန်တော့ဘူးပေါ့ ။

အဓိက အရေးအကြီးဆုံး အချက်ကတော့ Programming Language နဲ့ Development Platform ကို ကွဲအောင် မြင်လာဖို့ပဲ ။ Android အပြင် Java နဲ့ Develop လုပ်လို့ရတဲ့ App အမျိုးအစား အများကြီးရှိသလို Android Development မှာလဲ Java နဲ့ မဟုတ်ဘဲ ဒီပြင့် PL နဲ့ လဲ (ဉပမာ Kotlin) Develop လုပ်လို့ရတယ် ဆိုတာ လေး သိထားမယ်ဆို ကိုယ့် Profession ရဲ့ Scope ကန့်သတ်မိမနေစေဖို့ အများကြီး အထောက်အကူဖြစ်စေမှာ ဖြစ်တယ် ။

မှန်ပါတယ် ။ ဟိုစပ်စပ် ဒီစပ်စပ် ဟိုစမ်းစမ်း ဒီစမ်းစမ်းထက်စာရင် Development Platform တစ်ခုအပေါ်မှာ စနစ်တကျ ကျွမ်းကျွမ်းကျင်ကျင်ရှိတာက မင်းတို့ရဲ့ Career ကို အများကြီး အထောက်အကူဖြစ်စေမှာပါ ။ ဒါပေမဲ့ Software Engineer တစ်ယောက် အတွက် Magic Moment ဟာ Development Platform ၂ ခုလောက် Programming Language ၂ ခု ၃ ခုလောက် ကျွမ်းကျင်လာတဲ့ အချိန်မှာမှ စတယ် ။ အဲဒီအချိန်ကျမှ concept တစ်ခု နဲ့ တစ်ခု ဘယ်လို ချိတ်ဆက်နေတယ် ဆိုတာကို မြင်လာတာ ဖြစ်တယ် ။

မင်းတို့တွေ အကုန် အဲဒီလို Magic Moment လေးတွေ နောက်တစ်နှစ် နှစ်နှစ်အတွင်း ပိုင်ဆိုင်လာမယ်လို့ အစ်ကိုယုံကြည်ပါတယ် ။