တစ်ပါတ်စာ Android Development အတွက် လေ့လာစရာများ — May 2nd

Setting up a Jenkins pipeline for (automated) Android Testings
Application တိုင်းမှာ အတိမ်းအစောင်းမခံနိုင်လောက်အောင် အရေးပါတဲ့ အစိတ်အပိုင်းတွေ အနည်းနဲ့ အများ ရှိကြပါတယ် ။ ဖြစ်လေ့ဖြစ်ထရှိတာက feature အသစ်တွေထည့်တဲ့ အခါတွေနဲ့ တခြား bug တွေ ပြင်ဆင်တဲ့အခါမှာ အဲဒီ အတိမ်းအစောင်းမခံနိုင်တဲ့ အစိတ်အပိုင်းတွေကို (မတော်တဆ) လာထိခိုက်ပြီး အဲဒီ အထိအခိုက်မခံနိုင်တဲ့ အပိုင်းတွေက ကောင်းကောင်း ဆက်အလုပ်မလုပ်တော့တာပါပဲ ။
Automated Test Cases တွေဆိုတာ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် အဲဒီ အထိအခိုက်မခံနိုင်တဲ့ အစိတ်အပိုင်းတွေ မှန်မှန်ကန်ကန် အလုပ်လုပ်နေမယ် ဆိုတဲ့ အာမခံချက်ရှိနေဖို့အတွက် စစ်ဆေးပေးမဲ့ Function တွေပဲဖြစ်ပါတယ် ။
ပုံမှန်အားဖြင့်တော့ Test Case Function တွေကို release တစ်ခုလုပ်ခါနီးတိုင်း ဒါမှမဟုတ် ညတိုင်းညတိုင်းမှာ nightly build အနေနဲ့ စုပြီး run ကြလေ့ရှိပါတယ် ။ ဒါပေမဲ့ Test Case Function တွေရဲ့ သဘာဝ အရ codebase ကို အပြောင်းအလဲ တစ်ခုလုပ်တိုင်း (ရှိပြီးသား feature တွေကို အထိအခိုက်ရှိမရှိ သိနိုင်ဖို့) run မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ ။
အဲဒီလို Test Case Function တွေကို လိုသလို run နိုင်ဖို့ ပထမဦးဆုံး လိုအပ်ချက်ကတော့ CI လို့ခေါ်တဲ့ Continous Integration Server ပါပဲ ။ အောက်က Article မှာတော့ စာရေးသူက Automated Test Programs တွေ run နိုင်ဖို့ Jenkins CI Server မှာ Pipeline တစ်ခု setup ပြုလုပ်ပုံကို ရှင်းပြပေးထားတာပဲ ဖြစ်ပါတယ် ။
>>> https://goo.gl/WUKalk

How to leverage local storage to build lighting fast apps.
Application ထဲမှာ user က action တစ်ခုခု ပြုလုပ်တိုင်း သက်ဆိုင်ရာ API call တွေကို network ကနေ တဆင့် ပြုလုပ်နေတာက Application ရဲ့ responsive ဖြစ်မှု ပမာဏကို လျော့ကျစေပါတယ် ။ ဒီ Article မှာတော့ စာရေးသူက Android ရဲ့ Local Storage ကို အသုံးပြုပြီး API Call တွေ ခေါ်ဆိုနေမှု အရေအတွက် ကို ဘယ်လောက် အထိလျော့ချနိုင်မယ်ဆိုတာကို ဆွေးနွေးထားတာဖြစ်ပါတယ် ။ အကြမ်းဖျဉ်းပြောရရင် ပြုလုပ်ရမဲ့ API Call တွေကို Local Storage မှာ သိမ်းဆည်းထားပြီး သင့်တော်တဲ့အချိန်ကျတော့မှာ call တွေကို အကုန်လုံးကို စုပြီး synchronize ပြုလုပ်သလိုပါပဲ ။
>>> https://goo.gl/Pe9FHt

Git : Beyond Version Controls
Git ဆိုတာ application development အတွက် မဖြစ်မနေ လိုအပ်တဲ့ (distributed) version control system တစ်ခုပဲ ဖြစ်ပါတယ် ။ ဒီ Article မှာတော့ စာရေးသူက Git ကို source-code version control system တစ်ခုတည်းအတွက်တင်မဟုတ်ဘဲ မိမိ codebase အတွက် analysis system တစ်ခုအနေပါနဲ့ အသုံးပြုနိင်မဲ့ နည်းလမ်းတွေကို ဆွေးနွေးပေးထားတာ ဖြစ်ပါတယ် ။
https://goo.gl/4vUer5