Android Study Jams (GDGYangon) Final Project အတွက် Request လုပ်ထားသော Code Snippet များနှင့် Reference များ


- ဒီ code snippet က ကိုယ်ပေးလိုက်တဲ့ Url ကို Run နေတဲ့ device ထဲမှာရှိတဲ့ Browser Application ကနေတဆင့် လှမ်းဖွင့်ပေးနိုင်အောင် ရေးထားတဲ့ Code Snippet ပါ ။
/**
* Open browser from host device with specified url.
*
* @param context - starting activity.
* @param url - url to open in browser.
*/
public void openBrowserWithUrl(Context context, String url) {
Intent intentToBrowser = new Intent(Intent.ACTION_VIEW);
intentToBrowser.setData(Uri.parse(url));
context.startActivity(intentToBrowser);
}
2.1 ဒါက Activity အသစ်တစ်ခုကို လက်ရှိရှိနေတဲ့ Activity ကနေ လှမ်းဖွင့်ပုံပါ ။ လက်ရှိရှိနေတဲ့ Activity ကို Parameter ကနေ လှမ်း Pass ပေးရပါမယ် ။
/**
* Open NewActivity from current activity.
*
* @param context - starting activity.
*/
public void startNewActivity(Context context) {
Intent intentToNewActivity = new Intent(context, NewActivity.class);
context.startActivity(intentToNewActivity);
}
2.2 ဒါက ဖွင့်လိုက်တဲ့ Activity အသစ်ရဲ့ ActionBar မှာ Back Arrow လေးပေါ်နေဖို့နဲ့ အဲဒီ Back Arrow လေးကို နှိပ်လိုက်ရင် Activity အဟောင်းကို ပြန်ရောက်သွားဖို့ပါ ။
- ဒီ parentActivityName ဆိုတဲ့ attribute ကို Activity အသစ်ရဲ့ AndroidManifest.xml ထဲက declaration ထဲမှာ ထည့်ပေးရပါမယ် ။ သူ့ရဲ့ value ကို Activity အဟောင်းရဲ့ Name ကို ထည့်ပေးပါ ။
<activity
android:name=".activities.NewActivity"
android:label="@string/new_activity"
android:parentActivityName=".activities.PreviousActivity"/>
- အောက်မှာပြထားတဲ့ code line ကို Activity အသစ်၇ဲ့ onCreate method ထဲမှာ ထည့်ပေးပါ ။
getSupportActionBar().setDisplayHomeAsUpEnabled(true);
- ဖွင့်လိုက်တဲ့ activity အသစ်မှာ actionBar တစ်ခု မဖြစ်မနေရှိနေရပါမယ် ။ Activity အသစ်မှာ actionBar ကို default ထည့်ပေးမဲ့ Theme ကို သုံးထားတာပဲ ဖြစ်ဖြစ် Theme ကို NoActionBar Theme သုံးထားပြီး Activity အသစ်ရဲ့ Layout XML မှာ Toolbar component ကို ထည့်ထားတာပဲဖြစ်ဖြစ် ရပါတယ် ။
3. Introduction to RecyclerView.
http://code.tutsplus.com/tutorials/getting-started-with-recyclerview-and-cardview-on-android--cms-23465
4. Introduction to ViewPager
http://developer.android.com/training/animation/screen-slide.html
ဒီ ViewPager introduction post ထဲမှာ transition ကို auto ဖြစ်အောင် လုပ်တဲ့ အပိုင်း မပါသေးပါဘူး ။ ဒီဟာကို အရင်လေ့လာပြီး implement လုပ်ကြည့်ပါ ။ ဒီဟာရပြီ ဆိုမှ screen transition ကို auto ဖြစ်အောင် လုပ်တဲ့ အပိုင်းကို သပ်သပ် ပြောပြပါ့မယ် ။