Expectation Management in Real Life

ဟိုတလောက Barcamp မှာ Project Management နဲ့ ပတ်သတ်ပြီး Talk လေး တစ်ခု ပြောဖြစ်တော့ Expectation Management ဆိုတာကို section တစ်ခုသက်သက် ခွဲပြောမယ်လို့ စဉ်းစားခဲ့မိတယ် .. ဒါပေမဲ့ အချိန်က မလောက်တော့ အဲဒီအထိ ရောက်အောင် မပြောလိုက်နိုင်ခဲ့ဘူး .. Singapore က ကျွန်တော် ပထမ လုပ်တဲ့ company က agency (software house) ဆိုတော့ အခြေအနေနဲ့ အချိန်အခါ အပေါ်မူတည်ပြီး client တွေရဲ့ expectation ကို handle လုပ်တဲ့ အပိုင်း manage လုပ်တဲ့ အပိုင်းကို တစေ့တစောင်း အကဲခတ်မိတယ် .. အဲဒိ company မှာတော့ PM တစ်ယောက်အနေနဲ့ အခြေအနေအပေါ်မူတည်ပြီး အပြောင်းအလဲ ရှိတဲ့ ကိုယ့် client ရဲ့ expectation ကို သေသေချာချာ establish လုပ်နိုင်ဖို့နဲ့ deliver လုပ်နိုင်ဖို့ သိပ်ကို အရေးကြီးပါတယ် (Deliver မလုပ်နိုင်ရင်တောင် ကြိုတင် clarify လုပ်ထားမယ်ဆိုရင် Upper Management က တစ်ခုခု စီစဉ်ပေးနိုင်မှာပါ ) .. Singpoare လို နိုင်ငံမျိုးမှာ agency (software house) တစ်ခုကို ပြောတာတခြား လုပ်တာ တခြား လို့ အထင်ခံရမှာ .. လေပဲရှိပါတယ် လို့ အထင်ခံရမှာနဲ့ ငွေရေးကြေးရေး ဆုံးရှုံးမှာ ယှဉ်လိုက်ရင် ငွေရေးကြေးရေး ဆုံးရှုံးတယ် ဆိုတာ ဘာမှ မပြောပါ့လောက်ပါဘူး ။

ဒါပေမဲ့ အခုပြောချင်တဲ့ expectation management ကတော့ software development က project တစ်ခု manage လုပ်တဲ့အခါ ကိုင်တွယ်ရတဲ့ client expectation management မဟုတ်ပါဘူး ။ ကျွန်တော်တို့တွေ နေ့တဒူဝ ဆက်ဆံနေကြရတဲ့ လူတွေ ပတ်သတ်နေကြရတဲ့ လူတွေနဲ့ ကိုယ်နဲ့ကြားက အခြေအနေတစ်ခု အပေါ်မှာ အပြန်အလှန်ထားတဲ့ expectation ကို clarify လုပ်တဲ့ အပိုင်းနဲ့ manage လုပ်တဲ့ အပိုင်းလေးပါ ။

တစ်နေ့တစ်နေ့ အလုပ်ရှင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံကြရတယ် ၊ မိဘ ညီအစ်ကို မောင်နှမ နဲ့ ဆက်ဆံရတယ် ၊ နောက် ကိုယ်နဲ့ အရင်းနှီးဆုံးပတ်သတ်နေတဲ့ Relationship က လူနဲ့ ဆက်ဆံကြရတယ် ။ အဲဒီလို ဆက်ဆံမှုတွေမှာ အခြေအနေနဲ့ အချိန်အခါအပေါ်မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ထားကြတဲ့ expectation ဆိုတာ ရှိလာပါတယ် ။ အဲဒီ expectation တွေက သေချာ clarify မလုပ်ထားဘူး .. manage မလုပ်ထားဘူး ဆိုရင် အပြန်အလှန်ဆက်ဆံရေးဟာ ဘယ်လို ဖြစ်လာနိုင်သလဲ ဆိုတော့

တစ်ဖက်က အခြေအနေတစ်ခု အပေါ်မှာ တအုံနွေးနွေးနဲ့ မကျေနပ်ဘူး .. ဒါကို တခြားတစ်ဖက်ကလဲ မသိဘူး .. မကျေနပ်တဲ့ ဘက်လဲ ဘာကြောင့်မကျေနပ်ဘူးလဲ ဆိုတာလဲ ကိုယ့်ဘာသာ သေချာ မသိဘူး .. ဒီတိုင်း တအုံနွေးနွေးကြီး .. ကြာတော့ မလိုလားအပ်တဲ့ နားလည်မှု လွဲတာတွေနဲ့ အီလည်လည်ကြီး ဖြစ်လာပြီး အဖုအထစ်တွေ ဖြစ်လာရရော ..

အဲလို အဖုအထစ်တွေကို တက်နိုင်သမျှရှောင်ရှားချင်တယ် .. ကိုယ်တိုင်လဲ လက်ရှိရှိနေတဲ့ အသိုင်းအဝိုင်းမျိုးစုံးကြားက ဆက်ဆံရေးတွေမှာ စိတ်ကျေနပ်မှု ရချင်တယ် ဆိုရင် Proactively လုပ်လို့ရတာက

အခြေအနေတစ်ခုအပေါ်မှာ expectation ဆိုတဲ့ ရှုထောင့်ကနေ ကြည့်မယ် ဆိုရင် ၄ ချက်အကြမ်းဖျဉ်းရှိပါတယ် ။

(၁) အခြေအနေကို သတ်မှတ်ရပါတယ် .. ဥပမာ ကိုယ်က ကိုယ့်ချစ်သူနဲ့ နှစ်ပတ်လည်နဲ့ အမှတ်တရ တစ်နေရာရာ သွားဖို့ရှိတယ်

(၂) အဲဒီအခြေအနေအပေါ်မှာ သူ့ဘက်က ကိုယ့်ဆီက နေဘာကို မျှော်လင့်မလဲ .. ဘယ်လို ပုံစံဆက်ဆံမှုမျိုးကို မျှော်လင့်ထားမလဲ .. ဒါကို define လုပ်ထားဖို့ လိုအပ်ပါတယ် .. ကိုယ့်ဘက်က ဒါကို သေချာ မသိဘူး လို့ ထင်ရင် သူနဲ့ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး အလာပ သလာပ လိုလို စကားပြောကြည့်ရင်းနဲ့ ခန့်မှန်းနိုင်ပါတယ်

(၃) ကိုယ်ကရော သူ့ဆီကနေဘယ်လို အခြေအနေမျိုးကို ပြန်မျှော်လင့်ထားသလဲ .. ဒါကလဲ အရေးကြီးပါတယ် .. ကိုယ့် expectation ကို ကိုယ်ကိုယ်တိုင် awareness ဖြစ်နေဖို့ လိုပါတယ် .. ဒါမှလဲ ဖြစ်နိုင်၏ မဖြစ်နိုင်၏ ကိုယ့်ဘာသာ ပြန်ဆင်ခြင်လို့ရနိုင်မှာပါ .. ကိုယ့် expectation ရှိတိုင်း ဖြစ်လာမယ် လို့တော့ မျှော်လင့်လို့ ဘယ်ရမလဲ

(၄) ကိုယ်ဒီလိုမျိုး မျှော်လင့်ထားတယ် ဆိုတာကိုရော သူ့ဘက်က awareness ရှိလား .. ဒါကတော့ အရေးကြီးဆုံးပါပဲ .. ဒါမှလဲ ဒီအခြေအနေအပေါ်ကနေ ကိုယ့်ဘက်က စိတ်ကျေနပ်မှုရတယ် မရဘူး ဆိုတာ သူ့ဘက်က ပြန်ခန့်မှန်းနိင်မှာပါ ..

ဒီလို expectation တွေကို မရည်ရွယ်လဲ violate မိနေတာ နဲ့ ပတ်သတ်ပြီး ဘယ်လိုတွေ ဖြစ်လေ့ဖြစ်ထရှိတယ် .. ဘယ်လို ကိုင်တွယ်သင့်တယ် ဆိုတာတွေကို Dr. Steven R. Covey ရဲ့ The 7 Habits of Highly Effective People စာအုပ်ထဲမှာလဲ သေသေချာချာ ဥပမာတွေနဲ့ ရှင်းပြထားပါသေးတယ် ..

ဒီလို process မျိုးက စကားတစ်ခွန်းပြောတိုင်း အထအနကောက် လိုက်စဉ်းစားနေတာမျိုး လုပ်ဖို့လောက်အထိ မလိုအပ်ဖူး ဆိုတာတော့ လူတိုင်း သိမှာပါ .. ဒါပေမဲ့ အခြေအနေက ထူးခြားလာတဲ့ အခါ .. အနည်းဆုံးတော့ “ကိုယ့်ဆီက သူဘာမျှော်လင့်သလဲ” ဆိုတဲ့ မေးခွန်းလောက်တော့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ဖို့ သင့်တယ် .. အခြေအနေကို သုံးသပ်တဲ့ ကိုယ့်အမြင်နည်းနည်းပိုပြီး Realistic ဖြစ်လာတယ် ဆိုရင်ပဲ ကိုယ်ကိုယ်တိုင်လဲ ပိုစိတ်ချမ်းသာမှာ ဖြစ်သလို ကိုယ်နဲ့ ဆက်ဆံနေသူတွေလဲ ကိုယ့်ကြောင့် စိတ်ကသိကအောက်ဖြစ်ရတာ အများကြီးပို လျော့သွားမယ် ဆိုတာ သေချာတယ် .. ကဲ ကိုယ့်ဆရာ မယုံဘူးဆို တစ်သန်းကြေး လောင်းမလား .. 😀 😀