မဖြစ်နိုင်ဘူးဆိုတာ မသေချာပါဘူး....
တခုခုကို မဖြစ်နိုင်ဘူးဆိုတာသေချာရဲ့လား။ သောချာတာတစ်ခုကတော့ တစ်ခုခုကို ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးသိဖို့ဆိုရင် အဲဒါကို လက်တွေ့အမှန်တကယ်လုပ်ကြည့်ပြီးမှ သိရမှာပါ။ တကယ်တော့ ဘာမှအားစိုက်မထုတ်ရသေးပဲနဲ့ဘူးခံနေကြတဲ့သူတွေဟာ ပင်လဲထဲမှာ ကျွန်းမြေမြင်ပါလျှက် တက်မလှော်ချင်ကြတဲ့သူတွေနဲ့ အတူတူပါပဲ။
ကိုယ့်အလုပ်က တစ်ခုခုကို ဖြစ်နိုင်မဖြစ်နိုင် သေချာသိဖို့ဆိုရင် လက်တွေလုပ်ကြည့်ဖို့ပါ။ အဝေးကနေကြည့်ပြီး အားကျအချိန်ကုန်နေဖို့ မဟုတ်ပါဘူး။ အမှန်တကယ်လုပ်ကြည့်တဲ့အခါ အခက်အခဲတွေ တွေ့တာလဲမဆန်းပါဘူး။ ဒါကဖြစ်ရိုးဖြစ်စဉ်ပါ ။ အဓိကကတော့ ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ပါ။ ဒီတော့ တစ်ခုခုကို ဖြစ်နိုင်မဖြစ်နိုင်သိချင်ရင်တော့ လက်တွေ့ မြန်မြန်လုပ်ကြည့်ရမှာပါပဲ။ ဘာကိုမှ စိတ်အထင်နဲ့ လက်မလျော့စေချင်ပါဘူး။ ဒါပေမယ့် လိုအပ်တဲ့ ကြိုတင်ပြင်ဆင် လေ့ကျင့်မှုတွေလုပ်ဖို့ကိုတော့ လုံးဝမမေ့ပါနဲ။
မဖြစ်နိုင်ဘူးဆိုတာ ပုံစံအမျိုးမျိုး အကြောင်းအမျိုးမျိုးနဲ့ ရှိနေနိုင်ပါတယ်။ အဓိကက ပြင်ပပယောဂတွေကို ဘယ်နည်းနဲ့မှအဝင်မခံဖို့ပါ။အတွင်းလုံရင် အပြင်လုံတယ်ဆိုတာ ဒီနေရာမှာ အလွန်မှန်ပါတယ်။ တခြားသူတွေရဲ့ ဓားသွားတွေထက် ကိုယ်အမှန်တကယ် ကြောက်ရမှာက လက်နှစ်သက်လောက်သာရှိတဲ့ နှုတ်ခမ်းဖျားတွေကိုပါ။ ချိုမယောင်နဲ့ အန္တရာယ်ရှိတဲ့ အဆိပ်ပန်းသီးတွေဖြစ်နေနိုင်ပါတယ်။ လူသတ်လက်နက်တွေထဲမှာတော့ ဈေးအချိုဆုံးနဲ့ အစွမ်းအထက်ဆုံး လက်နက်ပါပဲ။ အဓိကကတော့ ဒါကိုသတိထားပြီး ရှောင်နိုင်ဖို့ပါ။
အမှန်တော့ ဒီအဆိပ်လက်နက်က ကိုယ့်ရင်ထဲထွက်လာတာပါ။
ဒါကိုလူတွေ သတိမထားမိကြတာပါ။ တခြားသူပြောစကားတွေနဲ့ မဖြစ်နိုင်ဘူးလို့ ဘောင်ခတ်လိုက်တာက ကိုယ်ကိုယ်တိုင်ပါ။ ဒီလိုလူမျိုးတွေက သူတို့အတွက်ရော သူ့ပတ်ဝန်းကျင်အတွက်ပါ အန္တရာယ်ရှိပါတယ်။ ဒီလိုလူမျိုးတွေကို သတိကြီးကြီးထားပြီး ရှောင်နိုင်ဖို့နဲ့ ကိုယ်ကိုယ်တိုင်လဲ ဒီလို အန္တရာယ်ရှိတဲ့လူမဖြစ်စေဖို့ သတိနဲ့ဆင်ခြင်ရမှာပါ။
ဒီနေရာမှာ အသေးအဖွဲလေးတွေကအစ သတိထားရပါမယ်။ ကိုယ့်ရဲ့အသေးအဖွဲကိစ္စလေးတွေကြောင့် တခြားသူဘဝ ဒုက္ခရောက်တာမျိုး မဖြစ်သင့်ပါဘူး။ အပြန်အလှန်အနေနဲ့ အဲဒီအသေးအဖွဲလေးတွေကြောင့်ပဲ တပါးသူရဲ့ဘဝ ပြောင်းလဲ ကောင်းစားသွားနိုင်တယ်ဆိုတာကို လုံးဝမမေ့ပါနဲ့။ အဲဒါကြောင့် ကိုယ့်အတွက်ကော သူတပါးအတွက်ကော ဖြစ်နိုင်ဘူးဆိုတဲ့စကားကို အလွဲမသွေပြောဖို့ကြုံလာတဲ့အခါ သေချားစဉ်းစားပြီးမှသာ သတိထားပြီး ပြောစေချင်ပါတယ်။ ဖြစ်နိုင်ရင်တော့ ဒီစကားကို လုံးဝ အသုံးစေချင်ပါဘူး။ အဲဒီမဖြစ်နိုင်ဘူးဆိုတာကြီးကို ငါလုပ်နိုင်တယ် အဲဒါကြောင့် ငါဖြစ်နိုင်ရမယ်ဆိုပြီး အစားထိုးသင့်ပါတယ်။
အားလုံးအဆင်ပြေကြပါစေ…
Ref: Internet
Photo Credit: Google
|မြတ်သု - Breakfast Coach
25/08/17
Visit us @ https://www.facebook.com/feedwithbreakfast/
Please Share & Like if you are committed.

