‘မသေခင်’ ဆိုသော ဒဿနမှ ဒဿနများ

ကျွန်တော် မသေခင် ဖြစ်ချင်သောအရာလေးရှိပါသည်။

ဘ၀သည် မွေးဖွားခြင်းနှင့် သေခြင်းကြားတွင် တည်ရှိနေသည်။ လူသည် မွေးဖွားပြီး သေ၏ ဆိုသော သဘာ၀တရားကို သိလျှင် အသက်ရှင်ခြင်းသည် အဓိပ္ပာယ်ရှိမည်လော။ အရာရာတိုင်း၏ တည်ရှိနေခြင်း သည် မည်သည်ရည်ရွယ်ချက်ရှိပါသနည်း။

နေ့တာ တစ်လှည့်၊ ညတာ တစ်လှည့် အစဥ်လည်ပတ်နေသည်။ နေ့နှင့်ည အစဥ် ပုံမုန်ပြောင်းလဲနေရခြင်း စက်ကွင်းပျက်သွားပါက ဘ၀တည်ရှိမှု ရပ်တည်သွားမည်လော။ နေနှင့်လ တာ၀န် ခတ္တရပ်တန်းပါက ဘ၀တည်ရှိမှု ရပ်တည်သွားနိုင်မည်လော။

စက်ဘီးစီးနှင်းမှု ရုတ်တရက် ရပ်တန်းသွားပါက လဲကြသွားမည်၊ ဖြစ်တည်နေမှုအတွက် အရာရာတိုင်းကို ထိန်းသိမ်းရမည်။ အရာရာတိုင်းကို ဆက်လက်ထိန်းသိမ်းရမည်။ တနေ့ တနေ့ လူသားတိုင်း ရေချိုးရသည်၊ စားသောက်ရသည်၊ အိမ်သာတက်ရသည်၊ သွားတိုက်ရသည်၊ စကားပြောရသည် စသည်သဖြင့် ပုံမုန်လုပ်ဆောင်ချက်များကို နေ့စဥ်မလုပ်သွားပါက ချွင်းချက်များ စတင်လာလိမ့်မည်။ ထို့ကြောင့် ဆက်လက် ဖြစ်တည်ရှိနေမှုအတွက် အရာအရာတိုင်းကို ညီမျှစွာ ထိန်းသိမ်းရမည်။

အရာရာတိုင်းထဲတွင် ‘လူသား’ သည် စင်ကြယ်လှသည်။

မမွေးဖွားခင် ‘ရှေ့ဘ၀’ ဆိုသည့် ဒဿနရှိသည်။ သေဆုံးပြီးနောက် ‘နောက်ဘ၀’ ဆိုသည့် ဒဿန ရှိသည်။

ရှေ့ဘ၀ ထက် နောက်ဘ၀ ဆိုသော ဒဿနသည် ပိုမို ကြောက်မက်ဖွယ်ကောင်းသည်။ အကြောင်းမှာ ကောင်းကင် နှင့် ငရဲဆိုသော ဒဿန လိုက်နေသောကြောင့်ဖြစ်သည်။ ကျွန်တော် လက်ခံသည်မှာ ရှေ့ဘ၀၏ တည်ရှိမှုကို ခံစား၍ မရလျှင် နောက်ဘ၀၏ တည်ရှိမှု ခံစား၍ မရနိုင်ချေ၊ ထို့ကြောင့် ရှေ့ဘ၀နှင့် နောက်ဘ၀ တည်ရှိမှုသည် လွတ်လပ်ဟာလသည်။

လူသားတိုင်း အပြည့်အ၀လွတ်လပ်နေသည်ကို နားလည်ရန် မသင့်ပါ။ ထိုအရာကို အကျွမ်းတ၀င် သိရှိနားလည်သွားပါက လွတ်လပ်မှုကို မထိန်းချူပ်နိုင်တော့ဘဲ လွတ်လပ်မှုက လူသားကို ထိန်းချုပ်သွားပြီး လူသားသည် လွတ်လပ်မှု၏ ကျွန်ဖြစ်သွားလိမ့်မည်။ လူသားသည် အသိတရားနှင့် မလုံလောက်ပါ။ ဘာသာရေး၏ ထန်းချူပ်မှုလိုအပ်သည်။ ဘုရားတည်ရှိမှု၊ ကောင်းကင်နှင် ငရဲတည်ရှိမှု၊ နတ်ဆိုးတည်ရှိမှု ဆိုသည့် အချက် ယုံကြည်မှု အတွေးများ လိုသည်။ ထိုအတွေးများကသာ လွတ်လပ်မှု၏ အန္တရာယ်မှ ကင်းလွတ်နိုင်သည်။

‘စတင်ခြင်း၏ စတင်ခြင်းကို ရှာဖွေ လည်ပတ်တွေးတောခြင်း’ သည် လူသားအဖို့အန္တရာယ်ရှိသည်။ ဥပမာ ‘စကြာ၀ဠာ၏ အရာ၀တ္ထုတိုင်းသည် ဘယ်ကလာ သနည်း၊ ထိုလာသော အရာသည် ဘယ်ကလာသနည်း၊ ထိုအရာက လာသော အရာသည်လည်း ဘယ်ကလာသနည်း’၊ ‘ဘုရားသခင်သည် ဘယ်ကလာသနည်း၊ ဘုရားသခင်၏ အဖေကလော၊ နောက်ဆုံး ထိုဘုရားသခင်ဆိုသော အရာသည် ဘယ်ကလာသနည်း’ ဟု အဆုံးမရှိ လည်ပတ်တွေးတောနေလိမ့်မည်။ နောက်ရှိုင်းစွာ တွေးတောပါက လူသား၏ ဦးနှောက်သည် လုံး၀ချွတ်ချွင်းသွားလိမ့်မည်၊ တစ်နည်းအားဖြင့်ဆိုသော် ဦးနှောက်ချောင်း၍ ရူးသွားနိုင်သည်။

အဘယ်ကြောင့်နည်း။ အိုင်းစတိုင်း ပြောခဲ့သည့်ဆိုသလို ကျွန်တော်တို့၏ ဦးနှောက်သည် ကြီးမားသော စာကြည့်တိုက်သို့ ၅ နှစ်ကလေး၀င်ရောက်လာသည်နှင့် တူသည်။ ကျွန်တော်တို့ လူသားအားလုံး ကျွန်တော့်တို့၏ ဦးနှောက်နှင့် အရာရာတိုင်းကို နားလည်၍ မရနိုင်ပါ၊ မမြင်နိုင်မည်မဟုတ်။

မျက်လှည့်သည် လူသားတို့ကို လှည့်စားနိုင်သည်။ အဘယ်ကြောင့်နည်း။ လူသားတို့၏ မျက်လုံးသည် အားနည်းချက် ပေါင်းများစွာရှိသည်။ အားနည်းချက် ပေါင်းများစွာ ရှိသော မျက်လုံးများ လူသားတို့ ပိုင်ဆိုင်ထားသော်လည်း သဘာ၀၏ သီအိုရီများ ဖော်ထုတ်နိုင်သည်မှာ အန့်မခန့်ပင်။

သို့ပါသော်လည်း လူသားတို့၏ မျက်လုံးကို သဘာ၀၏ စစ်မှန်သောသီအိုရီများက သဘာ၀၏ မှားယွင်းသော သီအိုရီဖြင့် လူသားတို့ကို လှည့်စားထားသလော။

ထားပါတော့။ ဒီလောက်နှင့် ရပ်တန်းလိုက်မည်။

အရေးကြီးဆုံးသည် လူဖြစ်လာလျှင် မေတ္တာဖြင့်သာ အသက်ရှင်ရန်သာ လိုအပ်သည်။