What is Linux?

Cyberic Technology
2 min readOct 29, 2022

--

Linuxအကြောင်းရှင်းတမ်း

In real open source, you have the right to control your own destiny.

-Linus Torvalds

စစ်မှန်တဲ့Open sourceမှာဆိုရင် မင်းရဲ့ကံကြမ္မာကိုမင်းကိုယ်တိုင်ထိန်းချုပ်နိုင်တယ်

-Linus Torvalds

သင်က နည်းပညာကျောင်းသားတဦးလား၊ အိုင်တီဝါသနာရှင်တယောက်လား ဒါမှမဟုတ် စိတ်ဝင်စားတဲ့သူတယောက်ဆိုရင်တော့ Linux ဆိုတာကို သူများတွေပြောတာကြားဖူးနေမှာပါ။ ဒီနေ့မှာတော့ Linux Operating System ကို ကျွန်တော်က ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။

What’is a LinuX?

Linux ဆိုတာဘာလည်း

Linux ဆိုတာကတော့ တခြား Operating System တွေနဲ့နည်းတူပဲ ဖြစ်ပြီးတော့ ပေါ့ပါးမှု၊ မြန်ဆန်မှူနဲ့ လူတိုင်းအတွက်အခမဲ့ဖြစ်အောင် ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ Linux ကိုတရားဝင်အသုံးပြုခဟာ အခမဲ့ပဲဖြစ်ပြီးတော့ လူတော်တော်များများကတော့ ကွန်ပျူတာတလုံးကိုသုံးတယ်ဆိုရင်အထဲက Operating System ဖြစ်တဲ့ Windows ကိုအလွယ်တကူပဲဆိုင်မှာသွားထည့်ပြီးသုံးကျလေ့ရှိပါတယ်။ တကယ်တမ်းကတော့ Windows ကိုတရားဝင်အသုံးပြုမယ်ဆိုရင် လိုင်စင် လိုအပ်ပြီး ကျွန်တော်တို့ဆီမှာတော့ လိုင်စင်ဆောင်တာကိုတောင် မသိတဲ့သူတွေရှိပါတယ် ဒါကလည်း ဒီမှာလိုင်စင်ဆောင်တဲ့ယဥ်ကျေးမှုနည်းပါးတာကော၊ လိုင်စင်ခတန်ဖိုးများတာတွေကပါ ပါဝင်ပါတယ်။

“Operating systems are like underwear — nobody really wants to look at them.”

-Bill Joy

Linux အကြောင်းရှင်းမယ်ဆိုရင်တော့ အရင်ဆုံးOperating Systemဆိုတာဘာတွေလည်းဆိုတဲ့ အကြောင်းကိုပါနားလည်ဖို့လိုပါတယ်။(Osလို့ပဲအတိုကောက်အနေနဲ့သုံးနှုန်းသွားပါမယ်) မြန်မာပြည်မှာ လူတော်တော်များများဟာ မိုဘိုင်းဖုန်းတွေနဲ့ရင်းနှီုးပြီးသားဖြစ်တဲ့အတွက် Os ကိုတော့ထွေထွေထူးထူးရှင်းပြနေဖို့များစွာမလိုအပ်ပါဘူး။ ဒီတော့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာလွယ်လွယ်ကူကူပဲတွေ့နိုင်တဲ့ Os တွေကတော့ ကွန်ပျူတာမှာဆိုရင် Windows 7,8.1,10,11 တို့ရှိပြီးတော့၊ Andriod ကိုတော့ဖုန်းတော်တော်များများမှာတွေ့နိုင်ပြီး၊ IOS ကိုတော့ အိုင်ဖုန်းတွေများတွေ့ရှိရပြီးတော့ ကွန်ပျူတာအချို့နဲ့ ခေတ်မှီလျှပ်စစ်ပစ္စည်းတွေဖြစ်တဲ့ တီဗီ၊smart ရေခဲသေတ္တာတွေနဲ့ ကားမှာတပ်ဆင်ထားတဲ့ TVတွေမှာတော့ Linux ကိုတွေ့နိုင်ပါတယ်။

ဒီတော့ Os တိုင်းမှာလည်းသူ့အားသာချက် နဲ့ အားနည်းချက်ကိုယ်စီရှိကျတာကိုတော့ ကျွန်တော်တို့ငြင်းပယ်လို့မရပါဘူး။ Osကဘာကိုလုပ်ဆောင်ပေးလည်းဆိုတော့ သင့် device အထဲက အူတွေ၊ကလီစာတွေကို လှမ်းလှုပ်နှိုးလိုက်ပြီး အူတွေ၊ကလီစာတွေကို တစုတစည်းတည်းနဲ့ သင်ခိုင်းသမျှလုပ်နိုင်‌အောင် လုပ်ပေးတဲ့ အရာပဲလို့လောလောဆယ်မှာမှတ်ထားလို့ရပါတယ်။ Os ဆိုတာကို

ရေဖြန်းတဲ့sprayဘူးနဲ့ ဥပမာပေးရှင်းပြရမယ်ဆိုရင်တော့ အောက်က ရေထည့်တဲ့ဘူးက သင့်Device ရဲ့အတွင်းထဲက ကလီစာ၊တန်ဆာပလာ Hardware တွေဖြစ်ပြီးတော့ spray ဘူးကိုသုံးမယ်ဆိုမှတော့ ရေဖြန်းဖို့ပဲဖြစ်တဲ့အတွက် ဘူးထဲမှာထည့်ထားတဲ့ရေကတော့ သင်ကကွန်ပျူတာကိုပေးတော့မယ့် “၁၂၃ ရေဖြန်းစမ်း”ဆိုတဲ့ အမိန့်ပါပဲ၊ Sprayဘူးကိုဆက်လက်ကြည့်မယ်ဆိုရင်တော့ ညှစ်တဲ့အတံရယ်၊ ညှစ်ဖို့အတွက်ခေါင်းရယ်ကို ပေါင်းပြီးခေါင်းဆိုပြီးတော့ သတ်မှတ်လို့ရပါတယ်။ ညှစ်ပြီးပြန်ဖြန်းမယ့်ခေါင်းကိုတော့ Os လို့သတ်မှတ် ပြီးရင်တော့ကျန်သေးတာက ရေဖြန်းမယ့် သင်userပဲကျန်ပါတော့တယ်။ ဒီတော့ ဘူးနဲ့ရေကြီးပဲသက်သက်ဟာ ခေါင်းမပါဘဲနဲ့ sprayဘူးဖြစ်မှာမဟုတ်တဲ့အတွက် အဲ့ဒီအချိန်မှာ သင့်ရဲ့အမိန့်ကို ကွန်ပျူတာနားလည်အောင်ဘာသာပြန်တဲ့ခေါင်းမရှိတဲ့အတွက်သင်ကရေညှစ်ဖို့အမိန့်ကိုသွားပေးလို့မရပါ

ဘူး။

အိမ်သုံးကွန်ပျူတာ(PC) တွေစတင်ပြီးရေပန်းစားလာတဲ့ ၂၀ရာစုနှောင်းပိုင်းတွေက နည်းပညာကုမ္ပဏီတွေကြားမှာ ပြိုင်ဆိုင်မှုဆိုတဲ့ မီးကို လောင်မြိုက်စေခဲ့ပြီးတော့ ကွန်ပျူတာနည်းပညာအသစ်အသစ်တွေကို ဖော်ဆောင်နိုင်ခဲ့ပေမယ့် နည်းပညာအသစ်တွေ၊ software အသစ်တွေက အခမဲ့မဟုတ်ဘဲသုံးမယ်ဆိုရင် ဝယ်ယူရတာပဲဖြစ်ပါတယ်။ ဒီတော့ ဒီလိုတန်ကြေးတခုသတ်မှတ်ပြီးရောင်းချတာက လူတွေကို ခိုးပြီးသုံးpiracyဆိုတဲ့ဆီကိုပဲပို့ဆောင်ခဲ့ပါတယ်။

ဒါပေမယ့် ၁၉၉၁၊စက်တင်ဘာလ (၁)ရက်နေ့မှာတော့ Linus Torvaldsဆိုတဲ့ လူက အခုကျွန်တော်တို့သုံးနေတဲ့ Linuxကိုတီထွင်နိုင်ခဲ့ပြီးတော့ လူတိုင်းအခမဲ့သုံးစွဲနိုင်အောင်ပြုလုပ်ခဲ့ပါတယ်။

Linux ကအဲ့အချိန်တွေမှာ Microsoft Windows ကိုအသုံးပြုနေတဲ့လူတွေကြားမှာရေပန်းစားခဲ့ပါတယ်။ ဘာလို့လည်းဆိုရင်တော့ Windows ဟာ လိုင်စင်ဆောင်ရတာတွေ၊ error တက်တာတွေနဲ့ နှေးကွေးတာတွေကိုစိတ်ကုန်တာကြောင့်ပဲဖြစ်ပါတယ်။ နောက်ပိုင်းတော်တော်လေးနာမည်ရလာတဲ့အခါမှာတော့ Linus Torvaldsဟာစိတ်ဝင်စားတဲ့ကွန်ပျူတာ programmerတွေကိုဖိတ်ကြားခဲ့ပြီး Linux ကိုဆက်လက်ပြီး အခမဲ့အနေနဲ့ သုံးစွဲနိုင်အောင်နဲ့ ပိုမိုအဆင့်မြှင့်တင်တာတွေ၊ open-source(ပွင့်လင်းမြင်သာမှု)အနေနှင့်ဆက်ရေရှည်ထားရှိနိုင်ရေးတွေကိုအာမခံနိုင်အောင်ပြုလုပ်ခဲ့ပါတယ်။

Evolution of Linux

Linuxဟာထုတ်ထုတ်ပြီးချင်းပဲတော်တော်လေးအောင်မြင်ခဲ့ပြီး Linus Torvalds ကိုယ်တိုင်ကပဲ Linux Expoဆိုတဲ့ Linux နည်းပညာပြပွဲတွေကိုကမ္ဘာအနှံ့စီစဥ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ နည်းပညာနဲ့ Osတွေကို မင်းမူထားတဲ့ Microsoft ကစပြီး ပုတ်ခတ်တာတွေ၊ ‌ဈေးကွက်တိုက်ခိုက်တာတွေကို လုပ်ခဲ့ပေမယ့်လည်း Linuxရဲ့အောင်မြင်မှုကိုမဟန့်တားနိုင်ခဲ့ပါဘူး။ Linuxဟာလည်း တခြားသော Os တွေနည်းတူခေတ်အလိုက် graphicsအပိုင်းတွေ၊နည်းပညာပိုင်းတွေနဲ့ လုပ်ဆောင်ချက်တွေ မှာ တိုးတက်ပြောင်းလည်းလာတာတွေရှိပါတယ်။ Smartphones တွေစပြီးတော့ အောင်မြင်လာတဲ့အခါမှာတော့ google ကနေပြီးတော့ Linux ကိုအသုံးပြုပြီး Andriod ဆိုတဲ့ အခုလက်ရှိကျွန်တော်တို့ သုံးနေတဲ့ Os ကိုတီထွင်ခဲ့ပါတယ်။ ဒီတော့ သင် Tiktokကြည့်ကြည့်နေတဲ့ဖုန်းဟာလည်း Linux ပါပဲ။

Linux Distros

တခြားသမားရိုးကျ Os တွေနဲ့ Linux နဲ့မတူတဲ့အချက်ကတော့ Linux ဟာ open source ဖြစ်ခြင်းပါပဲ၊ ဆိုလိုတာကတော့ Linux ကိုဘယ်သူမဆို စိတ်တိုင်းကျပြင်ဆင်၊တည်းဖြတ်ပြီး စိတ်တိုင်းကျဖြစ်အောင် ဖြတ်တောက်ပြီးသုံးနိုင်တာပါပဲ။

References

-Wikipedia contributors. (2001, November 20). Linux. Wikipedia. Retrieved 24 October 2022, from https://en.wikipedia.org/wiki/Linux

-HowStuffWorks.com Contributors. (2022, September 13). What is Linux and why is it so popular? HowStuffWorks. Retrieved 24 October 2022, from https://computer.howstuffworks.com/question246.htm

HowStuffWorks.com. (Accessed at 1 April 2000)

-The Evolution Of Linux Operating System — Osstory. (2021, July 4). Osstory — Learn With Ease. Retrieved 24 October 2022, from https://osstory.com/the-journey-of-linux/

--

--