[Part-1] User Journey နဲ့ User Flowဆိုဘာလဲ??ပြီးတော့သူတို့ရဲ့ ကွဲပြားခြားနားမှု

Poe Ei Phyu
UI/ UX Sharing
Published in
4 min readJul 9, 2020

အခုအကြောင်းအရာကတော့ UX Design processမှာ အရေးပါတဲ့ User Journey နဲ့ User Flowဆိုဘာလဲ? ဘာတွေကွာလဲ?ဆိုတာကို ရှင်းပြထားတာဖြစ်ပါတယ်။

ကျနော် အခုတလော အလုပ်တွေများနေလို့ article ရေးတာကျဲပါတယ်။ အမှန်တော့ ဒီ Articleကို မနေ့ကတင်ဖို့ရေးထားပေမယ့် ဘာ့ကြောင့်မှန်မသိ မsave ဖြစ်လိုက်ဘဲ အကုန်အစကနေပြန်ရေးဖို့ ဖြစ်သွားလို့ အခုမှတင်လိုက်ပါတယ်။ ရေးရင်း‌နဲ့ ရှင်းချင်တာတွေများလာလို့( ၂)ပိုင်းခွဲပြီး တင်ပေးလိုက်ပါတယ်။ ဒါတောင် Basicလောက်ပဲရှင်းထားတာပါ။

User Journey နဲ့ User Flow ဆိုတာ ဆင်တူတယ် အတူတူပဲလို့ထင်ရပေမယ့် ကွဲပြားတဲ့ အချက်တွေရှိပါတယ် ။ ဒ‌ါလေးကိုလည်း နားလည်လွယ်အောင် ရှင်းပြထားပါတယ်။ ပြီးတော့ digital product တခုမှာပါမယ့် featureအသစ်တခုစတိုင်းလည်း User Journey နဲ့ User Flowက မပါမဖြစ်ပါ။ အခုကတော့ ဒီအတိုင်း ဘာကွာလဲဆိုတာ ရှင်းထားတာဖြစ်ပြီး နောက်ပိုင်း User Journey တခု ဘယ်လို လုပ်ရမလဲဆိုတာတွေ ရေးဖို့ရှိပါတယ်။

User Journey ဆိုဘာလဲ??

User Journey ဆိုတာ Usersများရဲ့ Goal (ရည်မှန်းချက်)ပြည့်မီရန်အတွက် အဆင့်ဆင့်လုပ်ဆောင်ရတဲ့ ခရီးစဉ်ဖြစ်ပါတယ်။
ဥပမာ .. Userတယောက်က Facebook accountဖွင့်ချင်တယ်ဆိုရင်(ဒီနေရာမှာ User ရဲ့ Goal(ရည်မှန်းချက်)ကတော့ Facebook Account ဖွင့်ချင်တာပေါ့။) Account တခုဖွင့်ချင်ရင် user ပြုလုပ်ရမယ့်/ကျော်ဖြတ်ရမယ့် ခရီးစဉ်ဆိုတာရှိပါတယ်။
အရင်ဆုံး Facebook ပေါ်မှာ Register လုပ်ပြီးမှ account ဖွင့်လို့ရမှာပါ။ Register လုပ်ရင်လည်း form အဆင့်ဆင့်ဖြည့်ရပါသေးတယ်။ ဒ‌ါတွေပြီးမှသာ Facebook Account ရမှာပါ။ Facebook Account တခုဖွင့်မယ့် User journeyတခုပေါ့။

User journeyရှိခြင်းရဲ့ အကျိုးကျေးဇူးကတော့ မိမိတို့ရဲ့ productကို သုံးမယ့်သူ(User)ကို ပိုကောင်းတဲ့ user experience ပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ user journey mapထဲမှာ တကယ့် userတွေ “ဘာတွေလိုအပ်တယ် ၊ ဘယ်လိုတွေးတယ်၊ ဘယ်လိုသုံးတယ်” ဆိုတာကို user တယောက်လို, user ဖက်ကနေ သေချာတွေးပြီး လုပ်ဆောင်ထားလို့ဖြစ်ပါတယ်။

User Flow/User Task Flow ဆိုဘာလဲ??

User Flow ကတော့ တစ်ခုခုကို လုပ်‌ေတာ့မယ်ဆိုရင် အဆင့်အလိုက်လုပ်ဆောင်ရမယ် အစီအစဉ်တွေကို ပြောတာဖြစ်ပါတယ်။ ဒါ’ပြီးရင် ဒါလုပ်ရမယ်ဆိုတဲ့ အဆင့်တွေပါ။ (လွယ်ကူပြီးအချိတ်အဆက်မိတဲ့ အဆင့်လေးတွေနဲ့ userလုပ်ချင်တဲ့ အရာကို အချိန်တိုတို မြန်မြန်ဆန်ဆန် လွယ်ကူဖြစ်မြောက်အောင်ဆောင်ရွက်ပေးပါတယ်။)

User Jouney ကောင်းပြီး User Flow မကောင်းရင် ကောင်းတဲ့ User Jouney မဖြစ်သလို User Journey မကောင်းဘဲ User Flow ပဲကောင်းနေရင်လည်း မဖြစ်ပါဘူး။ 2ခုလုံးအဆင်ပြေနေမှသာ ကောင်းတဲ့ User Journey တခုကိုရလာမှာပါ။
အောက်မှာ ဘယ်လိုပုံစံ ဘယ်လိုမျိုးကွာတယ်ဆိုတာကို သေချာရှင်းပြထားပါတယ်

User Journey နဲ့ User Flow ကွာခြားချက်

User Journey နဲ့ User Flow ဆိုတာ နားလည်သ‌ေဘာ‌ေပါက်လွယ်အောင် ကျွန်တော်တို့ နေ့စဉ် ထိတွေလုပ်ကိုင်နေတဲ့ bus ကား စီးတဲ့ ခရီးလေးတခုကို နမူနာပေးပြောပါမယ်။ Bus-Rider App or Websiteတခုခု လုပ်ဖို့ Bus Car စီးတဲ့ သူတယောက်ရဲ့ journey ကိုလေ့လာကြည့်တဲ့ သဘောမျိူး။ ( busကားစီးတဲ့သူတယောက်ရဲ့ ခရီးပေါ့ (or) A bus rider’s user journey)

Photo by Ant Rozetsky on Unsplash

ကျနော်တို့နေစဉ် စီးနေ အသုံးပြုနေတဲ့ bus carကို လူတိုင်းလိုလိုစီးဖူးကြမှာပါ။ ဒါဆို ဥပမာ…အနေနဲ့ ရုံးကိုသွားဖို့ bus ကားစီးမယ်ဆိုရင် ဘာတွေသိဖို့လိုလဲ?? တွေးဖူးလား???… မတွေးဖူးရင် အခုဖတ်နေတာလေးကို ဆက်မဖတ်ဘဲ ဘာ‌ေတွလိုလဲ ဆိုတာ တွေးကြပြီး အောက်မှာဖော်ပြထားတဲ့ အရာတွေနဲ့တိုက်ကြည့်ပါ။
(ဒါက ယျေဘူယျ အနေနဲ့ တွေးတတ်အောင် ပြောပြတာပါ…bus ကား‌ေလးစီးတာတောင်မှ ဘာတွေလိုလဲဆိုတာ )
ဘာတွေလိုလဲဆိုတာမှတ်ပြီးရင် အောက်က List နဲ့တိုက်ကြည့်ပါ

Bus ကားစီးတော့မယ်ဆိုရင် သိထားရမယ့်အရာတွေက
1. ကားခ ဘယ်လောက်လဲ?
2. ဘယ်ကိုသွားမှာလဲ?
3. ဘယ် ကားနံပါတ်ကို စီးရမှာလဲ?
4. တဆင့်တည်း direct ရောက်လား??
5. ခန့်မှန်‌‌ေခြ ဘယ်လောက်ကြာမလဲ?
6. ဘယ်လမ်းက သွားမှာလဲ?
ဆိုတာတွေပါ
(ကျနော်လိုခဲ့တာရှိရင် အောက်က commentsမှာ ြဖည့်ပေးလို့ရပါတယ်)

Bus Car စီးဖို့ လုပ်ရမယ့်အဆင့်တွေ (1st Simple Procedure)

  1. အိမ်ကနေ ကားဂိတ်ကိုသွား၊
  2. ဂိတ်ရောက်ရင် စီးရမယ့် ကားကိုစောင့်ပြီး ကားခကိုလည်းထုတ်ထား
  3. ကားလာရင် အရှေ့ပေါက်ကတတ်ပြီး ကားခပိုက်ဆံကို ပုံထဲထည့် ကိုယ်သွားရမယ့်နေရာ အကွာအဝေ‌းပေါ်လိုက်ပြီး အထဲ၀င်သင့်၀င် ၊
  4. ဆင်းမယ့် မှတ်တိုင်ရောက်ရင် ခလုပ်နှိပ်ပြီး ကားအပေါ်၀ထွက်ထား ၊
  5. ကားရပ်ရင်ဆင်း ..

ဒါကတော့ bus ကားစီးတဲ့ steps/proceduresပေါ့။ ရိုးစင်းတဲ့ bus ကားစီးတဲ့ procedures

တကယ်တော့ ကျနော်တို့ Bus Car စီးတာ အဲ့လောက်ရိုးစင်းလား?…ဒါလေးပဲလား?…ကျနော်ပြေချင်တာက ဒီအတိုင်း Bus Car စီးသွားရင် ရောက်ပေမယ့် ကျနော်တို့ လမ်းလျောက်ရင်း..ကားစောင့်ရင်း..ကားပေါ်မှာကော..ဆင်းခါနီးရော ဘာမှ မတွေးဘဲ ..မခံစားဘဲ..နေလား...ဒါဆို ဘာတွေတွေးဖြစ်မလဲ (အတွေးတွေကတော့ အများကြီးပေါ့ ဒါပေမယ့် bus carနဲ့ သက်ဆိုင်တဲ့အတွေးတွေ ကိုပဲ စဉ်းစားကြည့်ရအောင်ပါ။) ဒါဆို အောက်မှာ‌ေဖာ်ပြထားတဲ့ proceduresလေးကိုထပ်ဖတ်ကြည့်ပါအုံး

ခရီးအစအဆုံး Bus car စီးသွားမယ့်သူရဲ့ ဇာတ်လမ်း /ခံစားချက်/ခရီး (2nd Full Procedure)

  1. မနက်ရုံးတတ်ဖို့ အိမ်ကနေကားဂိတ်ကိုသွား…
    (အတွေး/ခံစားချက်-စီးနေကျ ဒီအချိန်လာတဲ့Busကား ဂိတ်ကိုကျော်သွားပြီလား? နောက်ကျနေလို့ ကားဂိတ်ရောက်တာနဲ့ ကားရရင်ကောင်းမယ်)
  2. ကားဂိတ်ရောက်တော့ စီးရမယ့် ကားကိုစောင့်
    (အတွေး/ခံစားချက်- ဒီနေမှ ကားကလည်း အရမ်းကြာတာပဲ၊ လူတွေကလည်းကြပ်လိုက်တာ၊ ဒီကား မစီးရင် နောက်ကားက ဘယ်တော့လာအုံးမှာလဲမသိဘူး)
  3. ကားလာရင် ကားပေါတတ်ဖို့လုပ် ကားခပေးဖို့ပြင်
    ( အတွေး/ခံစားချက်-အကြွေအသင့်ပါလာလို့ တော်သေးတယ် ၊ ၂၀၀ တန်အကြွေမရှိဘူး ၊ ဒီလောက်ကားကကျပ်နေတာ အပေါက်၀မှာစောင့်ပြီးလည်းမယူချင်ဘူး၊ ကျန်တဲ့ငွေကိုအဆုံးခံလိုက်တော့မယ်၊ အပေါက်၀မှာ ပိုက်ဆံစောင့်ပြီး အမ်းမယ် ဒါပေမယ် အပြဲအစုတ်တွေ…)
  4. ကားထဲ၀င် နေရာရရင်ထိုင်,မရရင် မတ်တပ်ရပ်
    ( အတွေး/ခံစားချက်း-ကားကလည်း အတော်မြန်လိုက်တာ ၊ ကားကလည်း‌သွားတာနှေးလိုက်တာ ၊ ဘယ်အချိန်ရောက်မှာလဲမသိဘူး၊ Trafficသိပ်မမိရင်ကောင်းမယ်)
  5. ဆင်းမယ့်နေရာရောက်ရင် ကားထွက်ပေါက်နား ထွက်ပြီး ခလုပ်နှိပ်
    ( အတွေး/ခံစားချက်-ခလုပ်ရှာမတွေ့ဘူး၊ ခလုပ်ကပျက်နေတယ် ၊ car ပြိုင်မောင်းနေလို့ မှတ်တိုင်မရပ်ပေးဘူး၊ ဘဲလ်သံကို ကားသမားက မကြားဘူး၊ မကြားချင်ယောင်ဆောင်နေတယ်)
  6. ပြီးရင်ကားပေါ်ကဆင်း….

ရုံးကိုလမ်းလျောက်ရင်း ..
bus car စီးလို့သာ အဆင်ပြေခဲ့ရင် သူ့အတွေးက .. နေတိုင်းဒီလိုလေး၊ ညနေပြန်ရင်လည်း‌ ဒီလိုလေး အဆင်ပြေရင်ကောင်းမယ် ။
အဆင်မပြေခဲ့ရင်တော့… နေ့တိုင်းဒီလိုသာဆို မလွယ်ဘူး… မစီးလို့လည်း ရုံးကိုရောက်မှာမဟုတ် (Taxi ကို ရွေးချယ်ဖို့ အဆင်မပြေတဲ့ bus စီးသူမို့လို့) တတ်နိုင်ရင်မစီးချင်တော့ဘူး။

ဒီနေရာမှာ User Journey နဲ့ User Flow ဘယ်လိုကွာလဲဆိုရင်
အပေါ်က ပြေပြထားတဲ့အကုန်လုံးက အစအဆုံး( ခရီးအစကနေ အဆုံးထိ) က User Journey ဖြစ်ပြီး( စိတ်ခံစားမှု၊ အတွေးတွေ၊ မျော်လင့်ချက်တွေပါတယ်)

bus ကားစီးတဲ့ 1st procedures (အတွေးမရှိဘဲ) ကတော့ User Flow ဖြစ်ပါတယ်။ သွားချင်တဲ့နေရာကိုရောက်ဖို့ အဆင့်အလိုက်လုပ်ဆောင်ရမယ် အစီအစဉ်တွေကို ပြောတာဖြစ်ပါတယ်။ ဒါ’ပြီးရင် ဒါလုပ်ရမယ်ဆိုတဲ့ အဆင့်တွေပါ။
Part 2 ကိုဆက်လက်ဖတ်ရန်

မှတ်ချက်- အခုArticle လေးကိုရေးရင်း နားလည်လွယ်အောင် လူတိုင်းနဲ့ရင်နီးတဲ့ အရာလည်းဖြစ်အောင် ဘာနဲ့ဥပမာပေးရှင်းပြရမလဲလို့ စဉ်းစားရင်း Bus car စီးတာကို စိတ်ထဲ သွားမြင်မိပါတယ်။ဒါနဲ့ထပ်စဉ်းစားရင်း Singaporeကိုသွားခဲ့တုန်းက သုံးခဲ့တဲ့ Bus ကားစီးရင်သုံးရတဲ့ Citymapper App ကိုလည်း ပြန်သတိရလာပါတယ်။ သူ့ရဲ့ ကောင်းပုံတွေ၊ ထောင့်စေ့အောင်တွေနိုင်ပုံတွေနဲ့ သုံးရတာ အရမ်းလွယ်ကူ ခဲ့တာကိုလည်း သတိထားမိပြီး user တွေရဲ့ အပြင်မှာရင်ဆိုင်နေရတဲ့ ပြသနာတွေကိုလည်း ဖြေရှင်းပေးနိုင်တဲ့အတွက် အရမ်းသဘောကျခဲ့ရတဲ့ appကလေးပါ။ User needsတွေကို သေချာသိပြီးဖြေရှင်းပေးနိုင်တဲ့ app လေးပေါ့။ ဒါ့ကြောင့် သုံးခဲ့ရတဲ့အတွေ့အကြုံလေးတွေပေါင်းပြီး ကျနော်တို့ဆီမှာနဲ့ အဆင်ပြေအောင် improveလုပ်ပြီး ရေးထားပါတယ်။ အဲ့ဒါလေးကို စသုံးတုန်းကဆို ကျနော်ဆို သဘောတွေကျလို့ Wow ..wow တွေဖြစ်နေပါတော့တယ်။ ကျနော်တို့ဆီမှာလည်း ဒါမျိုးလေးလုပ်နိုင်ရင်,ရှိရင် နေ့စဉ်လူနေမှုဘ၀တွေ ဒီထက်ပိုပြီး အဆင်ပြေချောမွေ့လာမှာပဲလို့တွေးရင်းးးးး အားကျနေမိပါတော့တယ်။ လာမယ့်မ‌‌ဝေးတဲ့ နှစ်တွေမှာ ဖြစ်လာပါစေလို့့မျော်လင့်ရင်း…

Article လေးကတော့ ဒီမှာမပြီးသေးပါဘူး။ အပိုင်း(၂)ပိုင်းရှိပါတယ်။ Part-2 ကို‌ ‌အောက်ကလင့်မှာ ဆက်လက်ဖတ်လို့ရပါတယ်။

မရှင်းတာရှိရင်လည်း comment ပေးခဲ့လို့ရပြီး နောက်တောင်းဆိုချင်တဲ့ Articleအကြောင်းအရာများရှိရင်လည်း ဒီ form လေးမှာမေးခဲ့လို့ရပါတယ်။ ကျနော်လည်းလေ့လာသင်ယူဆဲမို့ ကျန်ခဲ့တာ၊ အမှားပါရင်ရှိရင် ထောက်ပြပေးပါ။
ဒါဆို နောက်တပါတ် ကျနော့ Medium က Article လေးမှာ ပြန်တွေ့ကြပါမယ်။ အားလုံးပဲ ကျန်းမာပျော်ရွင်ကြပါစေ။

References

. https://www.experienceux.co.uk/faqs/what-are-user-journeys/
. https://uxplanet.org/a-beginners-guide-to-user-journey-mapping-bd914f4c517c
. https://uxmentor.me/user-journeys-beginners-guide/
. https://www.nngroup.com/articles/journey-mapping-101/
. https://www.appcues.com/blog/user-journey-map
. https://www.optimizely.com/optimization-glossary/user-journey-map/
. https://www.interaction-design.org/literature/topics/customer-journey-map

Previous Articles

--

--