2017 Reviews

၂၀၁၈ ကို ရောက်ပြီဆိုတော့ ၂၀၁၇ မှာ ဘာတွေလုပ်ခဲ့သလဲကို ပြန်ချရေးမိတယ်။ ၂၀၁၇ က ကျန်တော့်အတွက် မှတ်မှတ်ရရ ဖြစ်စေမယ့် နှစ်တစ်နှစ်လို့ ဆိုရမယ်။ မထင်မှတ်ထားဘဲ အပြောင်းအလဲတွေ ဖြစ်ခဲ့တယ်။ ပထမဦးဆုံးကတော့ အလုပ်ပြောင်းပြီး ကိုယ့်ဖြစ်ချင်တဲ့ Developer အလုပ်ကို လုပ်နိုင်ခဲ့လိုပါဘဲ။ နောက် သင်တန်းမှာ Project လုပ်ရင်း ခင်လာတဲ့ အကိုတွေနဲ့ မိတ်ဆွေဖြစ်ခဲ့တယ်။ သူတို့နဲ့ဘဲ Developer အသိုင်းအဝိုင်းတစ်ခုကို တည်ဆောက်နိုင်ခဲ့တယ်။ ခရီးတွေလည်း ထွက်ဖြစ်ခဲ့တယ်။ မလုပ်နိုင်ဘူး ထင်ထားတဲ့အရာတွေကို လုပ်နိုင်ခဲ့တယ်။ ၂၀၁၇ နှစ်စပိုင်းမှာ နာကျင်စရာ အခက်အခဲတစ်ချို့ ရှိပေမဲ့လည်း ကျော်ဖြတ်နိုင်ခဲ့တယ်။

မလုပ်နိုင်ခဲ့တာတွေက စာအုပ်ဖတ်ဖို့ အချိန်မပေးဖြစ်ခဲ့တာပါ။ စာအုပ်တော်တော်များများ ဝယ်ထားပြီး မဖတ်ဖြစ်တာပါဘဲ။ စာအုပ်ဖတ်ရမဲ့အစား Games ဆော့တာကို ပိုဦးစားပေးဖြစ်တယ်။ ဒီနှစ်တော့ Games ဆော့တာကို လျှော့ပြီး စာအုပ်ဖတ်ဖြစ်အောင် ကြိုးစားရမယ်။ စကားပြောရင် တစ်ဖတ်သား စကားပြောလို့မပြီးသေးဘဲ ဝင်ဝင်ပြောတဲ့ အကျင့်ကို ပြင်ရမယ်။ ပြောရရင်တော့ အများကြီးပါဘဲ။ ဒါကြောင့် စာကို ဒီမှာဘဲ အဆုံးသတ်လိုက်ပါတယ်။

စာတွေဘာတွေက ရေးနေကျ မဟုတ်တော့ စာရေးတာ အဆင်မပြေရင် တောင်းပန်းပါတယ်လို့…။

အားလုံးဘဲ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ကိုယ်မျှော်မှန်းထားတဲ့ပန်းတိုင်ကို ရောက်နိုင်ကြပါစေ…။