က်ရႈံးျခင္းမ်ား၏ အျခားတစ္ဖက္

Kaung Myat Lwin
Aug 22, 2018 · 2 min read

ဒီညေတာ့ ေရးေနတဲ့ code ေတြ error တက္လို႔ ရွင္းေနရင္း ေရာက္တတ္ရာရာေလးေတြ ေကာ္ဖီေသာက္ရင္း ေတြေဝမိတယ္။ Error တက္ေနတဲ့ code ေတြက console မွာ အႁပြတ္လိုက္ေပၚေနၿပီး ကိုယ့္ကို ေလွာင္ေျပာင္ေနသလိုပဲေလ။ Error ဆိုတာ ေရးေနတဲ့ Programmer တစ္ေယာက္အတြက္ကေတာ့ Minor Failings ေလးေတြေပါ့။ တစ္ခ်က္ေလာက္ ရယ္မိၿပီး error ေတြနဲ႔ ျပည့္ႏွက္ေနတဲ့ လူ႔ဘဝကို သြားစဥ္းစားမိတယ္။ ကိုယ္တို႔မွာေကာ အမွားေတြ ရွိခဲ့သလား။ ကိုယ့္ဘဝမွာ ရွိခဲ့ဖူးတဲ့ အမွားေတြ rejection ေတြ မျဖစ္ေျမာက္မႈေတြလည္း သြားစဥ္းစားမိရဲ႕။ သုံးသပ္ၾကည့္ေတာ့လည္း ရွိခဲ့ဖူးတဲ့ က်ရႈံးမႈေတြ (Failure) ဆိုတာ ကိုယ့္အတြက္ မြန္းၾကပ္စရာေတြ ရွိသလို ေျဖသိမ့္စရာေတြနဲ႔ သင္ခန္းစာ ယူရမယ့္ အေၾကာင္းအရာေတြပါပဲ။ က်ရႈံးမႈေတြ ရွိခဲ့လို႔ ဒီေန႔မွာ ကိုယ္လုပ္ခ်င္တာေတြ ကိုယ္ အကုန္လုပ္ႏိုင္ခဲ့ၿပီး ကိုယ္ ျဖစ္ခ်င္တာေတြလည္း ျဖစ္ခဲ့ၿပီးၿပီ။ ေရွ႕ဆက္ေလွ်ာက္ရမယ့္ လမ္းခရီးမွာ ရွိမယ့္ က်ရႈံးမႈေတြ ဆုံးရႈံးျခင္းေတြကို ရင္ဆိုင္ရမယ္။ စိတ္ေမာစရာေကာင္းေပမယ့္ တက္ႂကြဖို႔လည္းေကာင္းတာေပါ့။ ကိုယ့္ကို ပိုေကာင္းတဲ့သူတစ္ေယာက္ အျဖစ္ေျပာင္းလဲေအာင္ ပိုၿပီးအျမင္က်ယ္ေအာင္ ပိုစြမ္းေဆာင္ႏိုင္တဲ့သူတစ္ေယာက္ ျဖစ္ေအာင္ ကူညီပံ့ပိုးေပးေနတာ က်ရႈံးျခင္းေတြက ရတဲ့ သင္ခန္းစာေတြ မဟုတ္ပါလား။

ေက်ာင္းမွာတုံးက သင္ခဲ့ရတယ္ (ဆိုတာထက္ လုံ႔လဝီရိယ စာစီစာကုံးေတြမွာ ပါတဲ့) အက္ဒီဆင္ဟာ အႀကိမ္အခါ ေထာင္နဲ႔ခ်ီႀကိဳးစားလို႔ မီးလုံးေလး ျဖစ္လာတဲ့အေၾကာင္း (အမွန္ေတာ့ အက္ဒီဆင္ထက္ ပိုၿပီး အက်ိဳးျပဳတာ နီကိုလာ တက္စ္လာ၊ but that’s off-topic)။ ကိုယ္ေတြ သိခဲ့ရတာ သူကေတာ့ လုံ႔လဝီရိယေၾကာင့္ ဒီလို မီးလုံးထြင္ႏိုင္သြားတယ္ေပါ့။ ေနာက္မျမင္ႏိုင္ခဲ့တဲ့ တစ္ခ်က္က သူ႔အတြက္ က်ရႈံးမႈဆိုတာ အခါတစ္ေထာင္ ရွိေနတယ္။ အဲ့ Trial and error iteration ထဲမွာ သင္ခန္းစာေတြ ယူသြားလို႔ ေနာက္ဆုံး မီးလုံးေလးထြက္လာတာပဲ။ ႀကိဳးစားလြန္းလို႔ေတာ့ မထင္ဘူး။ သင္ခန္းစာယူတတ္လို႔ပဲ ျမင္တယ္။

ကိုယ့္ေန႔စဥ္အလုပ္မွာလည္း ဒီအတိုင္းပါပဲ။ Error ေတြ Bugs ေတြ အမ်ားႀကီးတက္တယ္။ စိတ္ရႈပ္ရတယ္။ ပင္ပန္းရတယ္။ ေနာက္ဆုံး Bug ရွင္းသြားရင္ ေပ်ာ္ရတယ္။ ေနာက္ထပ္ bugs ဆိုတာ ထပ္တက္လာမွာပဲ။ ဒါေပမယ့္ ေနာက္တစ္ေခါက္ ဒီလိုမ်ိဳး bug ထြက္လာရင္ ဘယ္လိုရွင္းရမလည္းဆိုတာ နားလည္သြားတယ္။ ဒီအတိုင္းပဲ ဘဝနဲ႔ ယွဥ္ၿပီး ခ်ိန္ထိုးလိုက္ရင္ ကိုယ္က မသိလိုက္ (သို႔) သိသိနဲ႔ ျဖစ္သြားတဲ့ bugs ေတြ (critical, major, minor) ဆိုတာေတြ ရွိလာမွာပဲ။ တစ္ခုခုျဖစ္သြားခဲ့ရင္ ျပင္လိုက္၊ ေနာက္တစ္ေခါက္ မျဖစ္ေအာင္ ႀကိဳးစားၾကည့္ၿပီး ျဖစ္ခဲ့ရင္ေတာင္ အရင္တစ္ေခါက္ကထက္ ပိုမဆိုးေအာင္ ထိန္းေက်ာင္းသြားရမွာပါပဲ။

ကိုယ့္ပတ္ဝန္းက်င္မွာ အားက်ရတဲ့ Programmer ေတြ Entrenepuer ေတြ အမ်ားႀကီးပဲ။ သူတို႔ရဲ႕ ေအာင္ျမင္မႈကို အေပၚယံေၾကာပဲ ကိုယ္တို႔က ျမင္ၾကတယ္။ သူတို႔ ေအာင္ျမင္မႈေအာက္က implementations ေတြ private class ေတြ dependencies ေတြ (တနည္းအားျဖင့္ blood & sweat) ကို မျမင္ၾကဘူး။ ေအာင္ျမင္မႈဆိုတာ ကိုယ့္အတြက္ေတာ့ အေဝးႀကီး။ မႈန္ျပျပေလးပဲ ျမင္ရေသးေပမယ့္ ႀကိဳတင္ျမင္ရတဲ့အတြက္ ကိုယ္ေက်နပ္ပါတယ္။ ဒီ့အတြက္ လမ္းျပေပးခဲ့တဲ့သူေတြကိုလည္း သိပ္ေက်းဇူးတင္မိတယ္။ ကိုယ္တို႔ ဘဝမွာ လိုအပ္ေနတာ က်ရႈံးျခင္းရဲ႕ အျခားတစ္ဖက္က သင္ခန္းစာေတြေပါ့။

ေရွ႕ဆက္ရွိတဲ့ ခေရာင္းလမ္းမွာ ေလွ်ာက္ရင္းနဲ႔ ဆူးၿခဳံေတြ ရွင္းရင္း တစ္ေန႔မွာေတာ့ ေရာက္ရမွာေပါ့ မိငယ္ေရ…

[Unicode]

ဒီညတော့ ရေးနေတဲ့ code တွေ error တက်လို့ ရှင်းနေရင်း ရောက်တတ်ရာရာလေးတွေ ကော်ဖီသောက်ရင်း တွေဝေမိတယ်။ Error တက်နေတဲ့ code တွေက console မှာ အပြွတ်လိုက်ပေါ်နေပြီး ကိုယ့်ကို လှောင်ပြောင်နေသလိုပဲလေ။ Error ဆိုတာ ရေးနေတဲ့ Programmer တစ်ယောက်အတွက်ကတော့ Minor Failings လေးတွေပေါ့။ တစ်ချက်လောက် ရယ်မိပြီး error တွေနဲ့ ပြည့်နှက်နေတဲ့ လူ့ဘဝကို သွားစဥ်းစားမိတယ်။ ကိုယ်တို့မှာကော အမှားတွေ ရှိခဲ့သလား။ ကိုယ့်ဘဝမှာ ရှိခဲ့ဖူးတဲ့ အမှားတွေ rejection တွေ မဖြစ်မြောက်မှုတွေလည်း သွားစဥ်းစားမိရဲ့။ သုံးသပ်ကြည့်တော့လည်း ရှိခဲ့ဖူးတဲ့ ကျရှုံးမှုတွေ (Failure) ဆိုတာ ကိုယ့်အတွက် မွန်းကြပ်စရာတွေ ရှိသလို ဖြေသိမ့်စရာတွေနဲ့ သင်ခန်းစာ ယူရမယ့် အကြောင်းအရာတွေပါပဲ။ ကျရှုံးမှုတွေ ရှိခဲ့လို့ ဒီနေ့မှာ ကိုယ်လုပ်ချင်တာတွေ ကိုယ် အကုန်လုပ်နိုင်ခဲ့ပြီး ကိုယ် ဖြစ်ချင်တာတွေလည်း ဖြစ်ခဲ့ပြီးပြီ။ ရှေ့ဆက်လျှောက်ရမယ့် လမ်းခရီးမှာ ရှိမယ့် ကျရှုံးမှုတွေ ဆုံးရှုံးခြင်းတွေကို ရင်ဆိုင်ရမယ်။ စိတ်မောစရာကောင်းပေမယ့် တက်ကြွဖို့လည်းကောင်းတာပေါ့။ ကိုယ့်ကို ပိုကောင်းတဲ့သူတစ်ယောက် အဖြစ်ပြောင်းလဲအောင် ပိုပြီးအမြင်ကျယ်အောင် ပိုစွမ်းဆောင်နိုင်တဲ့သူတစ်ယောက် ဖြစ်အောင် ကူညီပံ့ပိုးပေးနေတာ ကျရှုံးခြင်းတွေက ရတဲ့ သင်ခန်းစာတွေ မဟုတ်ပါလား။

ကျောင်းမှာတုံးက သင်ခဲ့ရတယ် (ဆိုတာထက် လုံ့လဝီရိယ စာစီစာကုံးတွေမှာ ပါတဲ့) အက်ဒီဆင်ဟာ အကြိမ်အခါ ထောင်နဲ့ချီကြိုးစားလို့ မီးလုံးလေး ဖြစ်လာတဲ့အကြောင်း (အမှန်တော့ အက်ဒီဆင်ထက် ပိုပြီး အကျိုးပြုတာ နီကိုလာ တက်စ်လာ၊ but that’s off-topic)။ ကိုယ်တွေ သိခဲ့ရတာ သူကတော့ လုံ့လဝီရိယကြောင့် ဒီလို မီးလုံးထွင်နိုင်သွားတယ်ပေါ့။ နောက်မမြင်နိုင်ခဲ့တဲ့ တစ်ချက်က သူ့အတွက် ကျရှုံးမှုဆိုတာ အခါတစ်ထောင် ရှိနေတယ်။ အဲ့ Trial and error iteration ထဲမှာ သင်ခန်းစာတွေ ယူသွားလို့ နောက်ဆုံး မီးလုံးလေးထွက်လာတာပဲ။ ကြိုးစားလွန်းလို့တော့ မထင်ဘူး။ သင်ခန်းစာယူတတ်လို့ပဲ မြင်တယ်။

ကိုယ့်နေ့စဥ်အလုပ်မှာလည်း ဒီအတိုင်းပါပဲ။ Error တွေ Bugs တွေ အများကြီးတက်တယ်။ စိတ်ရှုပ်ရတယ်။ ပင်ပန်းရတယ်။ နောက်ဆုံး Bug ရှင်းသွားရင် ပျော်ရတယ်။ နောက်ထပ် bugs ဆိုတာ ထပ်တက်လာမှာပဲ။ ဒါပေမယ့် နောက်တစ်ခေါက် ဒီလိုမျိုး bug ထွက်လာရင် ဘယ်လိုရှင်းရမလည်းဆိုတာ နားလည်သွားတယ်။ ဒီအတိုင်းပဲ ဘဝနဲ့ ယှဥ်ပြီး ချိန်ထိုးလိုက်ရင် ကိုယ်က မသိလိုက် (သို့) သိသိနဲ့ ဖြစ်သွားတဲ့ bugs တွေ (critical, major, minor) ဆိုတာတွေ ရှိလာမှာပဲ။ တစ်ခုခုဖြစ်သွားခဲ့ရင် ပြင်လိုက်၊ နောက်တစ်ခေါက် မဖြစ်အောင် ကြိုးစားကြည့်ပြီး ဖြစ်ခဲ့ရင်တောင် အရင်တစ်ခေါက်ကထက် ပိုမဆိုးအောင် ထိန်းကျောင်းသွားရမှာပါပဲ။

ကိုယ့်ပတ်ဝန်းကျင်မှာ အားကျရတဲ့ Programmer တွေ Entrenepuer တွေ အများကြီးပဲ။ သူတို့ရဲ့ အောင်မြင်မှုကို အပေါ်ယံကြောပဲ ကိုယ်တို့က မြင်ကြတယ်။ သူတို့ အောင်မြင်မှုအောက်က implementations တွေ private class တွေ dependencies တွေ (တနည်းအားဖြင့် blood & sweat) ကို မမြင်ကြဘူး။ အောင်မြင်မှုဆိုတာ ကိုယ့်အတွက်တော့ အဝေးကြီး။ မှုန်ပြပြလေးပဲ မြင်ရသေးပေမယ့် ကြိုတင်မြင်ရတဲ့အတွက် ကိုယ်ကျေနပ်ပါတယ်။ ဒီ့အတွက် လမ်းပြပေးခဲ့တဲ့သူတွေကိုလည်း သိပ်ကျေးဇူးတင်မိတယ်။ ကိုယ်တို့ ဘဝမှာ လိုအပ်နေတာ ကျရှုံးခြင်းရဲ့ အခြားတစ်ဖက်က သင်ခန်းစာတွေပေါ့။

ရှေ့ဆက်ရှိတဲ့ ခရောင်းလမ်းမှာ လျှောက်ရင်းနဲ့ ဆူးခြုံတွေ ရှင်းရင်း တစ်နေ့မှာတော့ ရောက်ရမှာပေါ့ မိငယ်ရေ…

Kaung Myat Lwin

Written by

A programmer. A troubled soul.

Welcome to a place where words matter. On Medium, smart voices and original ideas take center stage - with no ads in sight. Watch
Follow all the topics you care about, and we’ll deliver the best stories for you to your homepage and inbox. Explore
Get unlimited access to the best stories on Medium — and support writers while you’re at it. Just $5/month. Upgrade