ကြောက်စိတ်နှင့် မသေချာမှုများ

Kaung Myat Lwin
Jun 25, 2018 · 2 min read
Photo by Dmitry Ratushny on Unsplash

တစ်ခါတစ်လေကျရင် သူများတွေဟာ ကိုယ် အပိုပြောနေတယ် ထင်တတ်ကြတယ်။ ဒါပေမယ့် ကိုယ့်စိတ်ထဲကို ခံစားနေရတာတွေကတော့ အမှန်တွေချည်းပါပဲ။ ကိုယ့်ကိုယ်ကို တစ်ခါတစ်လေ သိမ်ငယ်တယ် ခံစားမိတယ်။ သူများတွေ UIT (University of Information Technology) တက်နေတာတို့၊ YIT တက်နေတာတို့ တွေ့ရင် သိပ်အားကျမိတယ်။ ကိုယ့်မှာ အခြေခံလေးတွေ မပိုင်ခဲ့သလိုပဲ။ ဒါကြောင့် တစ်ခါတစ်လေ IT စကားဝိုင်းတွေ ကိုယ်မပါမိတာတွေ ရှိတယ်။ ပြောမိတာတွေက မှားနေမှာစိုးလို့။ လူရယ်စရာ ဖြစ်မှာစိုးလို့ ဘယ်တော့မှ ထုတ်မပြောခဲ့ဘူးရယ်။

UIT က သူတွေ သင်ရတာတွေကို အားကျမိပြန်တယ်။ Advanced Maths, Machine Learning to everything အို စုံလို့ပါပဲ။ ကိုယ့်မှာ အဲ့လောက်လည်း စမတ်မကျပြန်ဘူး။ Formal Education ကနည်းခဲ့တော့ တချို့ certain areas ကျရင် လူအ ဖြစ်ပြန်ကော။ Algorithm Analysis တွေ သေချာမသိခဲ့တော့ ကိုယ်ရေးထားတဲ့ code က scale ဖြစ်မဖြစ် speed မြန်မမြန် မသိပြန်ဘူးရယ်။ အဲ့ဒါတွေက လုံးလည်ချာလည် လိုက်စေပြန်တယ်။ တဖန် Machine Learning တို့ ဘာတို့ လေ့လာဖို့ ကြည့်ပြန်တော့ Maths သေချာ မသိတဲ့အတွက် overwhelm ဖြစ်ပြန်ကော။ Basic Algorithms (Divide & Conquer, Heap Sort) အစရှိတာတွေက သဘောတရား နားလည်ပေမယ့် တကယ့် implementation ကိုကျတော့ ရေးရတာ ဒစ်လည်ပြန်ကော။ အဲ့အခါကျတော့လည်း ကိုယ့်ဟာကို မတတ်ရကောင်းလားဆိုပြီး အားငယ်မိတယ်။ နောက်ပြီး ကိုယ်ရေးရတဲ့ code တွေဟာ SDK တွေ ရှိပြီးသား၊ API တွေလည်း ထုတ်ပြီးသား။ Framework နဲ့ ရေးရတယ်ဆိုပေမယ့် တချို့အပိုင်းတွေက မှော်အတတ်ဖြစ်နေတော့လည်း ကိုယ့်ဟာကို ဘာမှန်းမသိဖြစ်နေပြန်ကော။ အဲ့လို မဖြစ်ရအောင်လည်း အားစိုက်ပြီး ကိုယ်သုံးတဲ့ Framework ရဲ့ Source Code ကို အတတ်နိုင်ဆုံးလေ့လာတယ်။ ဒါပေမယ့်လည်း သူတို့ရေးထားတာတွေ ကြိတ်အားကျပြီး ကိုယ့်မှာတော့ ယောင်ဝါးဝါးပါပဲ။

နောက်တော့ စိတ်ကူးပေါက်လို့ Github မှာ contribution အသေးစားလေးတွေ ဝင်လုပ်တယ်။ သူများ lib တွေကို Fork ပြင်ပြီးရင် Pull Request ပြန်ပို့တယ်။ နောက်ဆုံး သူများ ရေးထားတဲ့ repo ကို ပြန်ပြီး port လိုက်လုပ်တယ် (ကိုယ့် Javascript နဲ့ ရေးတာကို စကေးတင်မယ်ဆိုပြီး) ခုနောက်ဆုံးရေးထားတာ က VSCode Extension လေး တစ်ခု။ ကိုယ့်ဟာလေးကို သဘောကျတဲ့သူတွေလည်းရှိတယ် but ကိုယ့်ဟာကို သဘောမကျဘူး။ ဘာလိုနေမှန်းလည်း မသိဘူး။ အူလည်လည်နဲ့။

အရှင်းဆုံးပြောရရင် ကိုယ်ဟာ API user သာသာပါပဲ။ သူများရေးထားတဲ့ Documentation တွေကို လိုက်ဖတ်ပြီး ကိုယ့် logic ထဲကို ပြန်ရေးတဲ့သူပါပဲ။ Research သမားတွေကတော့ တကယ့် God တွေပါ။ သူတို့ကိုလည်း အားကျပါတယ်၊ ဖြစ်လည်း ဖြစ်ချင်ပေမယ့် ဥာဏ်မမှီသလို ခံစားရပြန်ကော။ ကိုယ့်အသိတွေက ပြောရှာပါတယ် (တချို့ဆို ဆဲတဲ့အဆင့်ရောက်တယ်) မင်းက ဒီလောက်တော့ ဖြစ်နေတာပဲဆိုပြီး။ ဒါပေမယ့် ကိုယ်သိပါတယ်၊ ကိုယ့်အဆင့်ဟာ Tip of Iceberg ဖြစ်နေမှန်း။ ဖြေသာတာ တစ်ခုက ကိုယ့် အသက်အရွယ် ငယ်သေးတော့ အေးပေါ့လေ တစ်နေ့နေ့တော့ ပိုပိုပြီး Knowledge တိုးလာမှာပဲပေါ့။ Error များများ ကြုံလေလေ ကိုယ့်မှာ ပိုပိုပြီး ယုံကြည်မှု တိုးလာလေဆိုတာလေးတော့ ကောင်းပါသေးတယ်။ အရေးကြီးဆုံး သင်ခန်းစာ တစ်ခုကတော့ ဒီ Industry မှာ အသက်ရှင်ချင်ရင် ကိုယ့်ကိုကိုယ် သင်တာ ဘယ်တော့မှ မရပ်ဖို့ပဲ။ I still have long way to go. သင်ခန်းစာ တစ်ခုတော့ အဖတ်တင်ပါတယ်လေဆိုပြီး အံကြိတ်ကာ refactor ဆက်လုပ်ဦးမယ်ကွယ်။

Welcome to a place where words matter. On Medium, smart voices and original ideas take center stage - with no ads in sight. Watch
Follow all the topics you care about, and we’ll deliver the best stories for you to your homepage and inbox. Explore
Get unlimited access to the best stories on Medium — and support writers while you’re at it. Just $5/month. Upgrade