2017 နှစ်ကုန် သုံးသပ်ချက်

2017 ဟာ ကိုယ့်အတွက် အရမ်း အပြောင်းအလဲများတဲ့ နှစ်တစ်နှစ်လို့ ပြောရမယ်။ အလုပ်အကိုင် ၊ အပေါင်းအသင်းနဲ့  ကျန်းမာရေး နဲ့ ကိုယ့်ကိုယ်ကို တွေးမိတဲ့ အပိုင်းတွေကောပေါ့။

ပထမဆုံး အလုပ်အကိုင် အနေနဲ့ ပြောရရင် မေလ လောက်မှာ လက်ရှိ လုပ်နေတဲ့ ကုမ္ဗဏီက bankrupt ဖြစ်သလို ဖြစ်သွားလို့ အလုပ်အသစ် ပြန်ရှာရတယ်။ အလုပ်ရှာရတာ မခက်ပေမယ့် အသစ်ဆိုတော့ ပတ်ဝန်းကျင် အသစ် ၊ လုပ်နေကြမဟုတ်ပဲ အစကနေ အသားကျအောင် ပြန်ကြည့်ရမယ့် အပိုင်းတွေ ရှိပေမယ့် တကယ့်တကယ် အလုပ်အသစ်ပြောင်းတဲ့ အခါကြတော့ ထင်သလောက် မခက်ခဲဘူး။

အရင် အလုပ်တွေမှာ server ကို deploy လုပ်တက်ပေမယ့် တကယ့်တကယ် Infra ချတာမျိုးကြတော့ ကိုယ်လည်း အဲဒီလောက်ကြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိခဲ့ဘူး။ ဒီဘက်မှာတော့ Infrastructure အတွက် စဉ်စားတာ ဆုံးဖြတ်တာကော ၊ ကိုယ့် team နဲ့ အတူ တချို့ အပိုင်းမှာ ခေါင်းဆောင်လုပ်ရတာတွေ ရှိလာတော့ ကိုယ့်ကိုယ်ကို ပိုပြီး ယုံကြည်လာတယ်။ တချို့  course မှာ သင်ဖူးတဲ့ဟာတွေဖြစ်တဲ့ Sharding, Replication လိုဟာမျိုးကို ကိုယ့်ဟာကို လုပ်ရင်းနဲ့ မှ တချို့  ပြောပြလို့ မရတဲ့ အတွေ့ အကြုံတွေက ရလာတော့တာပဲ။ ဒါကတော့ ကောင်းတဲ့ အချက်ပေါ့။

2017 မှာ မကောင်းတဲ့ အချက်လို့ ပြောလို့ ရတာကတော့ ကို်ယ်ငယ်ငယ်တည်းက ပေါင်းလာတဲ့ လူတွေနဲ့ စကားများပြီး နောင် အဆက်အသွယ် မလုပ်ဖြစ်တော့တာပဲ။ အမှားအမှန်ဆိုတာကလည်း ပြောနေစရာမလိုဘူးလို့  ထူးပြီးရှင်းပြ မနေတော့ပါဘူး။ အချိန်ကာလ ကြာရင် အားလုံးဟာ သူ့ဘဝနဲ့သူဆိုတော့ သိပ်ပြီးတော့ ခံစားနေစရာ လိုမယ်လို့ တော့ မထင်မိပါ။

ကျန်းမာရေး အတွက်တော့ ၈ လပိုင်းလောက်ကနေ မနက်တိုင်း ထလမ်းလျှောက် ဖြစ်တာ ၊ ၁၂ လ ပိုင်းလောက်ရောက်တော့ ၁၀ ပေါင်လောက် ပြန်ကျသွားတယ်။ ၂၀၁၃ တုံးက ပေါင်ချိန်အတိုင်းဖြစ်သွားတာ တော်တော်လေး အံသြဖို့ နဲ့ ဝမ်းမြောက်ဖို့ ကောင်းတယ်။ နောက် ဒီထက် ပိုပြီး လုပ်နိုင်မယ်လို့ မျှော်လင့်ရတာပဲ။

၂၀၁၈ အတွက်ကတော့ ထူးထူးထွေထွေ ဘာလုပ်မယ်ဆိုပြီး စဉ်းစားထားတာတော့ မရှိပါဘူး။ လက်ရှိ အလုပ်မှာ ခိုင်းမယ်ဟာတွေ ကြိုပြီး စာကြည့်ထားတာရယ် ၊ ဝိတ်ထပ်လျှော့တာရယ် ၊ စာအုပ်လေးပိုဖတ်ဖြစ်အောင် အချိန်ကို ပြန်စီစဉ်ရမှာပဲရှိတာ။

One clap, two clap, three clap, forty?

By clapping more or less, you can signal to us which stories really stand out.