Working with SCRUM

SCRUM ဆိုတာ Agile Methodology တွေကို လိုက်နာနိုင်အောင် အထောက်အကူပြုပေးတဲ့ framework တစ်ခုပါ။ Project တစ်ခုလိုမျိုး deliver လုပ်ပြီးရင် သိပ်ပြင်လေ့မရှိတဲ့ အနေအထားမျိုးမှာ Waterfall လို Methodlogies တွေကို သုံးလေ့ရှိပေမယ့် Continuous develop လုပ်နေရတဲ့ Product လိုမျိုးအနေအထားမှာ SCRUM ကိုပိုပြီးအသုံးပြုလေ့ရှိပါတယ်။ ခပ်ဆင်ဆင်တူတဲ့ Lean နဲ့  Kanban လိုမျိုးကို တခြားရုံးတွေက သုံးကောင်းသုံးပေမယ့် ကျွန်တော် မသုံးဖူးလို့  အတိအကျတော့မသိပါဘူး။ ဒီပိုစ်မှာတော့ ကျွန်တော်တို့ အလုပ်ထဲမှာ လုပ်နေရတဲ့ SCRUM ကိုပဲအဓိက ပြောသွားမှာပါ။

အရင်ဆုံး SCRUM ကိုအသုံးပြုမယ်ဆိုရင် Project တစ်ခုလုံးကို task list တွေ ပိုင်းပစ်ရပါတယ်။ ပိုင်းရင်းနဲ့မှ တချို့အပိုင်း တွေဟာကြီးနေသေးရင် EPIC ဆိုတဲ့ နာမည်တပ်ပြီး ထပ်ပိုင်း ရပါတယ်။ EPIC ဆိုတာကတော့ task list တွေရဲ့ category လိုမျိုး သဘောမျိုးပါ။ ဥပမာ Blog တစ်ခုကို Project အနေနဲ့  ဥပမာပေးတယ် ဆိုပါစို့  post တင်တဲ့ အပိုင်းအတွက် Create, Retrieve, Update, Delete (CRUD) ဆိုပြီးလေးပိုင်းရမယ်။ အဲဒီအတွက် EPIC ဟာ Post ဖြစ်ပြီး CRUD တစ်ခုချင်းစီက task list ပါ။ ဒီနေရာမှာ task list တွေကို အသေးနိုင်ဆုံး ခွဲနိုင်လေ ပို အဆင်ပြေလေ ပါပဲ။ အထက်က ဥပမာ အရဆိုရင် CRUD ကိုပဲ User Interface အတွက် Frontend က တစ်ပိုင်း ၊ Server side အတွက် က တစ်ပိုင်းပိုင်းနိုင်ပါတယ်။ သို့ သော် များများပိုင်းလေ ကောင်းလေ ဆိုပြီးတော့ class တစ်ခုစီ method တစ်ခုဆီကို ပိုင်းရင်တော့ အဆင်မပြေတော့ပါ။ SCRUM က ရည်စူးထားတာက One Bite at a time ဆိုတော့ ကိုယ်နိုင်သလောက်ပါ။

Sprint ကိုခန့်မှန်းတဲ့ အကြောင်းမလာခင် sprint ဆိုတာ ဘာလဲလို့ ရှင်းပြဖို့ လိုပါလိမ့်မယ်။ Sprint ဆိုတာ အချိန်သတ်မှတ်ချက် တစ်ခုပါ။ ဥပမာ ဘယ်သူက ဘယ်အချိန် ဘယ်လောက်ပြီးမလဲ ဆိုတာ မှန်းဆဖို့ အတွက် အချိန်သတ်မှတ်ချက်လိုပါတယ်။ ယေဘူယျအားဖြင့် Sprint တစ်ခုအတွက် တစ်ပတ် သို့ မဟုတ် နှစ်ပတ် အလျဉ်းသင့်သလို သတ်မှတ်လေ့ရှိပါတယ်။ အဲဒီ sprint ပေါ်မှာ မူတည်ပြီး quarter တွေတွက်ယူရပါတယ်။ quarter ဆိုတာက sprint တစ်ခု ထဲမှာ ပါဝင် အချိန်အပိုင်းအခြားတွေပါ။ ဥပမာ ကျွန်တော်တို့  ရုံးတက်ချိန်ကို လေးပိုင်းပိုင်းပြီး တစ်ပိုင်းကို quarter တစ်ခု သတ်မှတ်မလား ၊ ဒါမှမဟုတ် တစ်နာရီကို quarter တစ်ခုအနေနဲ့ သတ်မှတ်မလား။ ဒီသတ်မှတ်ချက်တွေဟာ Scrum Master ပေါ်မှာမူတည်ပါတယ်။ ဒီနေရာမှာ သမရိုးကျ Project Managment လုပ်တဲ့သူအနေနဲ့ Scrum Master ဆိုတဲ့ အသုံးကို စိမ်းကောင်းစိမ်းနေလိမ့်ပါမယ်။ SCRUM Master ဆိုတာက Project မှာပါဝင်သူတွေ (Developer, Designer စသဖြင့် စသဖြင့်) အလုပ်ကို ပိုမိုပြီးမြောက်နိုင်ဖို့  အထောက်အကူပြုသူတွေပါ။ SCRUM မှာ Project Manager ဆိုတဲ့ role မရှိပါဘူး။ Project Manager နဲ့ ခပ်ဆင်ဆင် တူတဲ့ Product Owner ဆိုတာတော့ရှိသော်လည်း အတိအကျတော့ မတူပါဘူး။ Product Owner ဆိုတာက Product အတွက် လိုအပ်တဲ့ Feature တွေကို သတ်မှတ်ပေးတဲ့သူပါ။ Project manager နဲ့ မတူတာက သူက decision maker ပါ။ အထက်ရဲ့အထက်ရဲ့ အထက်ဆိုတာလိုမျိုး လိုက်လံညှိနှိုင်းရင်း အလုပ်ရှုပ်ထွေးမှာကို ကာကွယ်တဲ့ အနေနဲ့ Product Owner ရဲ့  decision ကိုမူတည်ပြီး SCRUM master က ရှိတဲ့ developer တွေနဲ့  ညှိနှိုင်းဆောင်ရွက်ပါတယ်။ တနည်းအားဖြင့် Scrum Master ဟာ ပါဝင်သူတွေနဲ့  Product Owner ကြားမှာ ညှိနှိုင်းဆောင်ရွက်သူပါ။

ရှေ့ဆက်ရရင် ပေးထားတဲ့ အချိန်ပေါ်မှာ မူတည်ပြီး SCRUM master က ရှိတဲ့ လူတွေနဲ့  ဘယ်လိုလုပ်ရင် ဘယ်အချိန်လောက်ပြီးမလဲ ၊မှီမလား မမှီဘူးလား ဆိုတာ ခန့် မှန်းဆုံးဖြတ်ရတာပါ။ ဥပမာ developer တစ်ယောက် နဲ့ designer တစ်ယောက်ပဲ ပါတဲ့ product တစ်ခု ၊ blog ပဲဆိုပါစို့ ။ CRUD အတွက် Frontend အတွက် task လေးခု ၊ Server side အတွက် task လေးခု ၊ Designer က Photoshop template လေးခု အတွက် task က ၁၂ ခုပါ။ အဲဒီအတွက် အချိန် တစ်ပတ်ပဲရတယ် ဆိုပါစို့ ။ တစ်ပတ်မှာ ငါးရက်ရှိပြီး တစ်ရက်မှာ 4 quarter လိုယူမယ် ဆိုရင် တစ်ယောက်ချင်းစီအတွက် quarter က ၂၀ ဖြစ်ပြီးတော့ စုစုပေါင်း 40 quarters ပါ။ ပြီးရင်တော့ developer နဲ့  designer ကို task တစ်ခုအတွက် quarter ဘယ်နှစ်ခုလိုမလဲ ဆိုတာ မေးရပါတယ်။ ဥပမာ Create အတွက် ငါးခု ၊ Edit က သုံးခု ၊ retrieve က နှစ်ခု နဲ့  delete က တစ်ခုလို့  ဆိုပါစို့ ။ စုစုပေါင်း ၁၁ quarter ပါ။ design အတွက် template တစ်ခုကို 3 quarter စီ ဆိုပါစို့ ။ designer အတွက် 12 quarter ပါ။ ဒီအတွက် စုစုပေါင်း 12+10 = 22 quarter ကျမှာဖြစ်ပြီး ရထားတဲ့ quarter က 40 ဖြစ်တော့ လောက်တယ်လို့  အကြမ်းဖြင်းယူဆလို့ ရပါပြီ။ ပြီးရင် task တွေကို priortise လုပ်ရပါမယ်။ အခု လက်ရှိကိစ္စအတွက် ဆိုရင် Front End က design ပြီးမှ လုပ်လို့ ရမှာပါ။ ဒီအတွက် အပြိုင်လုပ်လို့ ရမှာက Design နဲ့  Server Side ပါ။ အဲဒီအတွက် Epic ကိုပြန်စီရပါတယ်။ ပြီးရင် Epic တစ်ခုချင်းစီက task list ကို ထပ်စီရပါတယ်။ ဥပမာ CRUD မှာ ပြတာဖြစ်တဲ့ retrieve ကိုအရင်လုပ်မယ်။ data ကိုတော့ database ထဲကနေ seed လုပ်ပြီး ပြမယ်ပေါ့။ ပြီးရင် Create ကိုလုပ်မယ်။ သူနဲ့ ဆင်တဲ့ Update ကိုလုပ်မယ်။ နောက်ဆုံးကျမှ update ကို လုပ်မယ် ဆိုပြီး ထပ်စီလို့ ရပါတယ်။

Quarter သတ်မှတ်တဲ့နေရာမှာ Product Owner က ဒါက ဒီလောက်ဆိုပြီး ဝင်သတ်မှတ်လို့ မရပါဘူး။ SCRUM အရဆိုရင် Product Owner မှာ အဲဒီလုပ်ပိုင်ခွင့်မရှိပါဘူး။ Quarter ကို SCRUM master နဲ့  developer နဲ့ ညှိနှိုင်းပြီး သတ်မှတ်ရပါတယ်။ Quarter သတ်မှတ်ပြီးရင် နောက်တစ်ဆင့်က Point ကိုသတ်မှတ်ရပါတယ်။ Quarter ကိုသတ်မှတ်တာက ပြီးလောက်မယ့် အချိန်ကာလကို မှန်းဆနိုင်အောင် ရာထားတာဖြစ်ပြီး point ကတော့ အဲဒီလိုမဟုတ်ပါဘူး။ point က task တစ်ခုရဲ့  ခက်ခဲမှုအပေါ် မူတည်ပြီး သတ်မှတ်ပါတယ်။ point ကိုသတ်မှတ်တဲ့ factor တွေကတော့ Complexity (ဘယ်လောက်ရှုပ်ထွေးသလဲ ?) ၊ effort ( ဘယ်လောက် အားစိုက်ရသလဲ ?) ၊ Uncertainty (ဘယ်လောက် မသေချာ သလဲ အပေါ်မှာ မူတည်ပြီး ချင့်ချိန်ပါတယ်။ ဒီနေရာမှာ ရှေ့နှစ်ခုကို ရှင်းပေမယ့် နောက်တစ်ခုကို နည်းနည်း အူကြောင်ကြောင် ဖြစ်နိုင်ချေ ရှိတယ်။ ဘာကို မသေချာတာလဲ ဆိုတာ။ ဒါကတော့ task အတွက်ပေးထားတဲ့ဟာကို နည်းပညာ A နဲ့ အသုံးပြုပြီး ရေးမယ် ဆိုပါစို့ ။ အဲဒီ နည်းပညာ A ကို တကယ်တမ်း လေ့လာလိုက်မှ အဲဒီ နည်းပညာ A နဲ့  အဲဒီ task ကိုလုပ်မရဘူး ဆိုတာ ဖြစ်နိုင်ပါတယ်။ အဲဒီအတွက်ကို ထားထားတာပါ။ သတ်မှတ်တဲ့ နေရာမှာလည်း SCRUM master က ညေး မင်းတော့ ဒီလောက်ယူလိုက်ကွာ ဆိုပြီး သတ်မှတ်တာထက် Planning Poker ကို အသုံးပြုပြီး သတ်မှတ်လေ့ရှိပါတယ်။ (planning poker အကြောင်းကိုတော့ နောက်မှ သတ်သတ် ရေးပါမယ်။)

ပြီးရင်တော့ Definition of Done (DoD) ကိုသတ်မှတ်ရပါတယ်။ DoD ဆိုတာက task တစ်ခုပြီးမြောက်တာကို ဘာနဲ့ သတ်မှတ်မလဲ။ ကျွန်တော်ကတော့ Create အတွက် task ကိုရေးလိုက်တာပဲ ၊ implmentation ကြမှ error တွေမှ ပုံလို့ ဆိုတာမျိုးဆိုတာ မထူးဆန်းတဲ့ အနေအထားပါ။ အဲဒီအတွက် DoD ကို သတ်မှတ်ဖို့ လိုပါတယ်။ team တစ်ခုနဲ့ တစ်ခု DoD သတ်မှတ်တာမတူပါဘူး။ တချို့  team တွေအတွက် ပုံလေးပေါ် စာလေးထည့်လို့ ရရင် တော်ပါပြီ ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တချို့  team အတွက် Unit test pass ဖြစ်ရမယ် ၊ Jenken ပေါ်မှာ တခြား PHP version အစုံနဲ့  Device အစုံပေါ်မှာ အလုပ်လုပ်ရမယ် ၊စသဖြင့် စသဖြင့် ဖြစ်နိုင်ပါတယ်။ ဒါတွေကို Sprint Planning မှာ တခါတည်း ဆွေးနွေးရပါတယ်။

ပြီးလို့  Sprint ကိုအတည်ပြု အလုပ်တွေခွဲဝေလုပ်ရင်း sprint တစ်ခုပြီးတိုင်းပြီးတိုင်း Sprint Review section ကို team member တွေနဲ့ ပြန်ထိုင်ရပါတယ်။ အဲဒီမှာ အပိုင်းနှစ်ပိုင်းပါပါတယ်။ ပထမတစ်ပိုင်းကတော့ လက်ရှိ sprint ရဲ့  အခြေအနေ ၊ အလုပ်တွေ ပြီးမပြီးနဲ့  ၊မပြီးရင် ကျန်ခဲ့တဲ့ task တွေနဲ့  အသစ်လာမယ့် task တွေကို နောက် sprint planning မှာ ထည့်သွင်းရမယ့် အကြောင်းပါ။ နောက်တစ်ပိုင်းက အခု run နေတဲ့ sprint process ကြီးရဲ့ အခြေအနေပါ။ အထဲက developer တွေ တစ်ယောက်နဲ့ တစ်ယောက် အချိုးမပြေလို့ ပေါက်ကရတွေ လုပ်သလား ၊ ကြားထဲမှာ interrupt တွေဘာရှိသလဲ ၊ စသဖြင့် စသဖြင့်ပါ။ အကြမ်းအားဖြင့်တော့ သုံးပိုင်းပိုင်းလို့ ရပါတယ်။ Start ၊ Stop နဲ့  Continue ပါ။ Start မှာက နောက် sprint မှာ ဘာတွေစပြီး လုပ်ဆောင်သင့်တယ် ဆိုတာမျိုး ၊ ဥပမာ Unit test မလုပ်ဖြစ်ဘူး ၊အခုလုပ်မယ်။ Stop ကတော့ ဘာတွေကို ရပ်သင့်သလဲဆိုတာမျိုး ၊ ဥပမာ အခု workflow က အဆင်မပြေဘူး ဘယ်လို ပြောင်းသင့်တယ် ဆိုတာမျိုး ၊ continue ကတော့ နောက် sprint တွေမှာပါ ဆက်လက် ထိန်းသိမ်းသင့်တဲ့ အစဉ်အလာကောင်းမျိုးဟာမျိုးတွေပါ။

မှတ်ချက် ။ ။ အိပ်ခါနီး အချိန်ရသလောက် လက်တန်းရေးလိုက်တာမျိုး လွန်တာရှိ ဝန္ဒာမိပါ။ တကယ့်တကယ်ပုံတွေ စာတွေနဲ့ ဝေဆာနေအောင် ရေးမှ ပိုပြီး ဖတ်ရတာ အဆင်ပြေပေမယ့်လည်း ၊ ဘယ်သူတွေ ဘယ်လောက် ဖတ်မလဲ ဆိုတာ အတိအကျ မသိလို့  အကြမ်းလောက်ပဲရေးလိုက်ပါတယ်။ စိတ်ဝင်စားရင် ဝင်မန့် သွားနိုင်ပါတယ်။

originally wrote it in facebook

Show your support

Clapping shows how much you appreciated Naing Lin Aung’s story.