တစ်ခုလောက်ကူညီပါလား

“တစ်ခုလောက်ကူညီပါလား” အများအားဖြင့်၊ ဒီစကားနဲ့စဖြစ်ကြသည်။

ကူညီနိုင်ပါသည်။ ထိုသို့ကူညီရန်မှာလည်း၊ ထိုအလုပ်မှာကျွန်တော်တတ်ကျွမ်းသော အလုပ်ဖြစ်သဖြင့်၊ ၎င်းဖြင့်အသက်မွေးဝမ်း ကျောင်းပြုလျက်ရှိပါသည်။

သို့ကြောင့်၊ ငွေကြေးရသည့် အလုပ်နေရာတွင်၊ အခမယူဘဲဆောင်ရွက်ခြင်းမှာ လှူဒါန်းရာရောက်ပါသည်။

သို့ကြောင့် ထိုသို့ကူညီခြင်းကို ငွေကြေးဖြင့်တန်ဖိုးဖြတ်စေချင်ပါသည်။ ၎င်းနောက်မှ၊ ထိုငွေကြးတန်ဖိုး သတ်သတ်မှတ်မှတ်ကိုလှူဒါန်းလိုပါသည်။

အခမဲ့ကူညီလိုက်လျှင်၊ စာရင်းမဝင်သည့်ပြင်၊ လှူဒါန်းမှု၏ ထိုက်တန် မှုကို တိတိပပမသိရှိရပေ၊ အကြောင်းမှာ လူအများစုက ပိုက်ဆံနှင့်သတ်မှတ်မှသာ တန်ဖိုးကိုမြင်တတ်ကြသောကြောင့်ဖြစ်သည်။

ဘုရားထီးတင်သည့် သိန်းပေါင်းများစွာ တန်ဖိုးကိုလူတိုင်း အံချီး ဩဘာပေးကြသော်လည်း၊ သန့်ရှင်းရေးအလုပ်သမားတစ်ယောက်က ဘုရားရင်ပြင်အား၊ နှစ်ပေါင်းများစွာ နေ့စဉ် အခမဲ့ရှင်းလင်းကုသိုလ်ယူမှုကို တစ်ခုတ်တရအသိအမှတ်ပြုခြင်းကား လွန်စွာရှားပါသည်။

ကူညီလိုပါသည်။ ကျွန်ုပ်တို့ ထိုဝန်ဆောင်မှုအတွက်အခကြေးငွေယူဆောင်ရွက်ပေးပါသည်။

ကူညီပါရစေ။