Inception My 2017

“Dear past, Thanks for all the lessons. Dear future, I am ready.”
ဒါမျိုးတွေ ရေးနေကြတော့မဟုတ်ဘူး၊ သူငယ်ချင်းတစ်ယောက် ရေးတာဖတ်ပြီး အားကြလို့၊ ပြီးတော့ ကိုယ်တစ်နှစ်လုံး ဘာတွေလုပ်ဖြစ်ခဲ့လည်းဆိုတာ log လုပ်တဲ့သဘောလည်းဖြစ်သွားအောင် စမ်းရေးကြည့်တာ။

ကိုယ့်အတွက် တော့ 2017 ဟာ ကောင်းတာကော မကောင်းတာတွေကော၊ ကံကလည်း ကောင်းလိုက် ဆိုးလိုက် နဲ့ပါပဲ။

နှစ်အစမှာဆိုရင် Singapore မှာ ၂ လလောက် အကြိတ်ခံရပြီးရန်ကုန်ပြန်ရောက်ခါစ ဆိုတော့ လူက စိတ်ကျရောဂါတွေဝင်နေတယ်။ company ရဲ့ေ-ာက်တလွှဲ ကတိ တွေကြောင့် လည်းပါတာပေါ့။ အလုပ်ထွက်ဖို့ စပြီး စဉ်းစားနေရပြီ၊ အလုပ်ထွက်ဖို့ လုံးဝ သေချာစေတဲ့ အချက်ကတော့ ကိုယ့်ကို Customer Success Engineer ဆိုတဲ့ ရာထူးတိုးပေးလိုက်တဲ့နေ့မှာပေါ့။ အလုပ်ကထွက်လိုက်တယ်ဆိုပေမယ့် အဲ့တုန်းက ကိုယ့်ဆုံးဖျက်ချက် မှန်လား မှားလား ဝေခွဲမရ ဖြစ်နေခဲ့သေးတယ်။ ခုချိန်မှာပြန်ကြည့်တော့ ကိုယ်ဆုံးဖြတ် ချက်တကယ်မှန်ခဲ့တယ်။ အဲ့ company က သူငယ်ချင်းတွေနဲ့တော့ ခနခန တွေ့ဖြစ်ပါသေးတယ်။ အချစ်ဦးကို မမေ့သလိုပဲ ပထမဆုံး အလုပ်ဆိုတာလည်း မေ့ပစ်ဖို့ ခက်တယ်လေ။

အလုပ်လုပ်ချင်စိတ်ကလည်းလုံးဝမရှိ ကျမ်းမာရေးကလည်း သိပ်မကောင်းတာနဲ့ အမေ့အိမ်ပြန်ပြီး ညီလေးတွေနဲ့ အချိန်ခန ကုန်ဆုံးမယ်လို့ ဆုံးဖြတ်ပြီး အိမ်ပြန်သွားခဲ့တယ်။ အမေ့အိမ်မှာနေခဲ့တဲ့ နှစ်လ က ဒီတစ်နှစ်ရဲ့အပျော်ရွှင်ဆုံးအချိန်ရယ်လို့ပြောလို့ရတယ်။
အမေ့အိမ်မှာ နှစ်လ နီးနီး လောက်နေပြီးတဲ့အခါမှာတော့ ကိုယ်အလုပ်ထွက်ခဲ့တဲ့ company ရဲ့ team lead က ကိုယ့်ကို သူနဲ့ အလုပ်အတူတွဲလုပ်ဖို့၊ သူ့မိတ်ဆွေတစ်ယောက်ရဲ့ company မှာ လုပ်ပေးဖို့ ဆက်သွယ်လာခဲ့တယ်။ ကိုယ်လေးစားရတဲ့လူလည်းဖြစ်၊ လုပ်ရမှာကလည်း ကိုလက်တလောစိတ်ဝင်စားနေတဲ့ ReactJS ဆိုတော့ အလွယ်တကူပဲလက်ခံခဲ့တယ်။ အဲ့ဒါနဲ့ ရန်ကုန် ကို ပြန်ရောက်လာခဲ့တယ်။

ဒီနှစ်မှာ စာအုပ်တွေတော်တော်ကို ဝယ်ဖြစ်ခဲ့တယ်။ promotion ချတဲ့ အခါတိုင်းဆိုပါတော့။ ဖတ်တာလည်းဖတ်ဖြစ်ပါတယ် ခုထက်ထိတော့ ဝယ်ထားတာ ဖတ်လို့ မကုန်သေးဘူး။ အရင်ကတည်းက စာတွေဖတ်ဖြစ်ပါတယ်၊ နို့ပေသည့် အလုပ်နဲ့ ပတ်သတ်တဲ့ စာအုပ်တွေပဲ ဖတ်ဖြစ်နေတော့ တခြား ဗဟုတုသ ဘာမှမရှိသလိုခံစားရတယ်။ လူများနဲ့ ဝိုင်းဖွဲ့ပြီး စကားပြောတဲ့ အချိန်တွေဆို ပိုပြီးသိသာတယ်၊ programming အကြောင်းပြောရင်အဆင်ပြေပေမယ့် တခြားအကြောင်းပြောရင် နားပဲနားထောင်နေရတယ်။ အဲ့ဒါကြောင့် နောက်ပိုင်း fiction ကော non-fiction တွေပါဖတ်ဖြစ်လာတယ်။

Tech ပိုင်းမှာတော့ ကြီးကြီးမားမား (ကိုယ့်အနေနဲ့) လုပ်ဖြစ်တယ်လို့ပြောလို့ရတယ်။ တသက်လုံး PHP ပဲလုပ်လာတာ JavaScript ဆိုရင် jQuery လောက်ပဲအရင်ကသိခဲ့တာ။ ဒီတနှစ်မှာတော့ ReactJS ကိုထဲထဲဝင်ဝင်လုပ်ဖြစ်တော့ တစ်နှစ်လုံးနီးပါ JavaScript ပဲလုပ်ဖြစ်ခဲ့တယ်၊ JavaScript ကို ထဲထဲဝင်ဝင် ပိုပြီး သိလာတယ်။ အရင်က Window နဲ့ macOS ပဲ သုံးလာခဲ့တာ၊ ဒီနှစ်အစပိုင်းမှာ Ubuntu စသုံးကြည့်တယ်၊ တော်တော်လေးအဆင်ပြေတော့ ခုဆိုရင် office က computer မှာ ကော ကိုယ့်အိမ်က personal computer မှာပါ Ubuntu ပဲ သုံးဖြစ်တော့တယ်။ တခြားလုပ်ဖြစ်တာဆိုရင် Docker ပြီးတော့ Apache Solr.

ခရီးလည်းထွက်ဖြစ်တယ် company က စီစဉ်တဲ့ ကလော ခရီး ပြီးတော့ တာချီလိတ်၊ လာအို၊ မန္တလေး နှစ်ခါ။

မိတ်ဆွေ အသစ်တွေနဲ့တော့ တွေ့ဖြစ်တယ်၊ ဒါပေမယ့် သူငယ်ချင်းလို ခင်သွားတာ ဒီတနှစ်မှာ တစ်ယောက်လေးတောင် မရှိဘူး။ (မေ့နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်)

Volunteer ကတော့ Pico Lab က Junior Developer တွေကို 4 ရက် training သွားပေးတာတစ်ခုပဲ ရှိတယ်။

Education မှာတော့ ထုံးစံ အတိုင်း ကိုယ်က Self-Taught ဆိုတော့ကာ ဒီတစ်နှစ်မှာလည်း ဘာ certificate, degree မှ မရခဲ့ပါဘူး။

ဒီတနှစ်ထူးထူးခြားခြား Developer Conference Yangon 2017 တက်ဖြစ်တယ်။ ဒီ industry ထဲမှာနေလာတာ 3 နှစ်ကျော်ရှိပြီ ခုမှ ပထမဆုံးအကြိမ် conference ရောက်ဖူးတာ။

ဒီ တစ်နှစ် ရုပ်ရှင် (Movie) တွေတော့ သိပ်မကြည့်ဖြစ်ဘူး။ များသော အားဖြင့် ဇာတ်လမ်းတွဲ (Series) တွေပဲကြည့်ဖြစ်တာများတယ်။ အထူးသဖြင့် Sitcom လို ပေါ့ပေါ့ပါးပါး လိုမျိုးဟာတွေ၊ Sitcom ကတော့ ကြည့်ဖြစ်သလားမမေးနဲ့ ရန်ကုန် ပြန်ရောက်ကတည်းက နေ့တိုင်းနီးပါးကြည့်ဖြစ်တယ်။ HIMYMT ဆိုရင် Season ၉ ခုလုံးပြီးသွားတယ်။ အဲ့ဒါ ပြီးတော့ Friends ဆက်ကြည့်တယ်၊ အဲ့ဒါလည်း Season 5 ထိပြီးသွားပြီ။ ဒီတနှစ် ထွက်တဲ့ ရုပ်ရှင်ထဲက အကြိုက်ဆုံး (အကောင်းဆုံးလို့ပြောတာမဟုတ်ဘူးနော်) ၃ ကားကို ရွေးရမယ်ဆိုရင် Coco, Secret Superstar, Bad Genius.

ဒီတနှစ်ရဲ့နောင်တအရဆုံးအရာ နှစ်ခု ရှိတယ်။ပထမတခုက ကြားထဲက အလုပ်လက်မဲ့ သူငယ်ချင်းတယောက်ရဲ့ အာမခံချက်နဲ့ အကြွေးဆိုတာ ပြန်ပေးရကောင်းမှန်းမသိတဲ့ သတ္တဝါလေး ကိုပိုက်ဆံပေးချီးလိုက်တာရယ် နောက်တခုက အိမ်တံခါးသေချာမပိတ်မိလို့ Fujifilm X-A3 လေးပျောက်သွားရယ်။

One clap, two clap, three clap, forty?

By clapping more or less, you can signal to us which stories really stand out.