တစ်ကိုယ်ကောင်း သတ်သေခြင်းများ

ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်ဗျာ၊ ခင်ဗျားက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲလို့ ကိုယ့်သေတွင်းထဲနေ သူများကို လှမ်းပြောဖို့ဆိုတာ သိပ်လွယ်တယ်။ တကယ်တမ်းကျ ကိုယ်လည်း မသိတာမဟုတ်ပါဘူး။ ဘာမှ မမျှော်လင့်သော်ငြား ဖြစ်နိုင်သမျှ တစ်စက္ကန့်၊ စကားလုံးတစ်လုံးကနေ ညနေခင်းတစ်ခုလောက်အထိတော့ ရနိုင်သမျှ ရယူချင်မိသေးတာ၊ ဖက်တွယ်ထားချင်မိသေးတာ၊ အဲ့အခိုက်အတန့်မှာ သူမျက်တောင်ဘယ်နှစ်ချက်ခတ်မလဲ၊ သူဘယ်နှစ်ခါပြုံးမလဲ၊ ပါးချိုင့်လေး ဘယ်နှစ်ခါပေါ်မလဲ ရေတွက်ထားချင်မိတာ။ “ ဒါ့ထက် ဘာပိုဆိုးဦးမတုန်း” က စတာပဲ ဆိုပါစို့။လွန်လေပြီးသော စက္ကန့်များ၊ မိနစ်များ၊ နာရီများကနေ ညရုပ်ဆိုးပေါင်းများစွာကတည်းက သိခဲ့ပြီးဖြစ်တဲ့ အမှန်တရားတစ်ခုကို မသိချင်ယောင်ဆောင်ပြီး ရုပ်ပေါက်နေမလားဆိုတာထက် သူဘယ်လို တွေးမလဲဆိုတာထက် စိတ်ထဲရှိသမျှကို ပေးသိချင်မိတာ။ ပြီးမှ တစ်စုံတစ်ရာအသွားအပြန်မမျှော်လင့်ခြင်းအဖြစ်ထဲက ကိုယ့်ရဲ့ ရယူလိုခြင်းတွေကို ဆွဲထုတ်မိပြီး ထပ်မသိချင်ယောင်ဆောင်လိုက်နဲ့။ နေ့။ ည။

Like what you read? Give Ei Myat Noe Khin a round of applause.

From a quick cheer to a standing ovation, clap to show how much you enjoyed this story.