ပန်းနုရောင်လီလီပန်းတွေကို နှစ်ခြိုက်မိတဲ့နေ့ကလို့ပဲ ဆိုပါစို့

တစ်ချက် တစ်ချက်မှာ ကိုယ်တို့တွေရဲ့ စိတ်တွေကို ထိုးဖောက်ပစ်လိုက်ဖို့၊ တစ်ယောက်ကို တစ်ယောက် သို့မဟုတ် တစ်ယောက်က တစ်ယောက်ကို ချိန်ပြီး စိတ်တွေကို သတ်ပစ်လိုက်ကြဖို့ တည်ရှိနေကြရုံ စကားလုံးတွေက ဆက်သွယ်မှုထက် ပိုခဲ့ပြီးမှ အပြုံးတစ်ခု ချက်ချင်းဆိုသလို မင့်နှုတ်ခမ်းတွေပေါ် ကွေးညွတ်လိုက်စေပြီး မပြုံးတဲ့မျက်လုံးတွေနဲ့ လာဖက်တဲ့အခါ ကိုယ့်ရဲ့ စိတ်အခြေအနေမှာ ဟင်းလင်းပြင်တစ်ခု ပြန်ရောက်လာခဲ့ပြန်ပြီ။ ဒါတွေကို မင်းနားမလည်အောင် ဘယ်လိုပြောပြရမလဲ။

အေးစက်လေတွေက ပိတ်ထားတဲ့ တံခါးကြားထဲကနေကို တိုးတိုးဝင်လာတယ်။

ဆေးလိပ်ကို ဖွာလိုက်ခြင်းမှာ ပါဝင်လာမယ့် ခံတွင်းထဲက ညနက်နက်နဲ့ မနက်စောစောအရသာတွေ၊ မှတ်ဉာဏ်ရဲ့ သတိတရရှိမှု အချို့ချိုခါးတွေအတွက် ဆေးလိပ်ကို ဒီအတိုင်းဖွာလိုက်ဖို့ကြတော့လည်း ကိုယ်က သတ္တိနည်းပြန်ရော။ ဒီအတိုင်းတော့ သတိမရရဲဘူးဆိုတာက ရယ်ချင်စရာအဖြစ်အပျက်။ ပေါ့။ ဟုတ်မလား။ အဆုံးမရှိခဲ့တဲ့ အရာတွေအတွက် အစပြန်မရောက်ချင်တော့တဲ့အခါ ဘာကိုမှ မမေးတော့ပဲ ဒီလိုပဲ နေကြရအောင်လေ။ မဖြစ်နိုင်ဘူးလား။

နော်။ ။

One clap, two clap, three clap, forty?

By clapping more or less, you can signal to us which stories really stand out.