
သင်သာလျှင် သင်၏ လှုပ်ရှားမှုမှတ်တမ်းကို ကြည့်ရှုနိုင်သည်လို့ ပြောပြီး ဖေ့စ်ဘွတ်သုံးနေတဲ့ မြင်းခြေထောက်တွေ
စိတ်လိုရာကို အကောင်အထည် ဖော်နေစဥ် ခဏစောင့်ပါ။
ညနက်နက်မှာ ကိုယ် သွားချင်ရာကို သွားလိုတယ်
ကိုယ့်လိုအပ်မှုဟာ ကိုယ့် “ပျက်စီးခြင်း” ဖြစ်ကောင်းဖြစ်မယ်။
သင် စကားလုံးများ၌ ထပ်တူမညီသော ပျော်ရွှင်မှုကို ရှာခဲ့သည်
သင် သင်နှင့် ထပ်လျက်ရှိနေပါသော သင့်ကိုယ်ကို ရှာခဲ့သည်
သင် အတင်းအဓမ္မအားဖြင့် လှောင်ပိတ်ထားသော သင့်လိုအင်ကို ရှာခဲ့သည်
သင် လူများစွာဖြင့် ထီးတည်းမှုကို ရှာခဲ့သည်
သင် လွတ်လပ်စွာ စိတ်နှင့်ပြစ်မှားမှုကို ရှာခဲ့သည်
သင် ကျေးဇူးကန်းစွာ ထသွားခွင့်ကို ရှာခဲ့သည်
သင် အမှန်တရားကို ထုတ်ဖော်မပြောပိုင်ခွင့်ကို ရှာခဲ့သည်
သင် တစ်ညတာများကို ရှာခဲ့သည်။
ဒီရှာဖွေမှုကို သင်ဖယ်ရှားပြီးပြီ
ဒီရှာဖွေမှုကို သင်ဖယ်ရှားပြီးပြီ
ဒီရှာဖွေမှုကို သင်ဖယ်ရှားပြီးပြီ
ဒီရှာဖွေမှုကို သင်ဖယ်ရှားပြီးပြီ
ဒီရှာဖွေမှုကို သင်ဖယ်ရှားပြီးပြီ
ဒီရှာဖွေမှုကို သင်ဖယ်ရှားပြီးပြီ
ဒီရှာဖွေမှုကို သင်ဖယ်ရှားပြီးပြီ
ဒီရှာဖွေမှုကို သင်ဖယ်ရှားပြီးပြီ။
သင့်စိတ်ထဲမှာ ဘာရှိလဲ?
ဟယ်လို။ ။