(For English, please see below.)

အိမ်ထဲမှာ ဦးထုတ်ချွတ်ဖို့ တကယ်လိုလို့လား

မတ်တပ်ရပ်တတ်တဲ့ ခြေနှစ်ချောင်း၊ လက်နှစ်ချောင်း မရှိရင် အိမ်ထဲဝင်လို့မရဘူး
ငါ့မှာ ခန္ဓာကိုယ်မရှိရင် အိမ်ထဲဝင်လို့မရဘူး
ငါက ငါ့ခွေးကို ကုတ်အင်္ကျီတစ်ထည်ချုပ်ပေးပြီး မတ်တပ်ရပ်တတ်အောင်
သင်ပေးခဲ့တယ် ဦးထုပ်တစ်လုံးဆောင်းပေးခဲ့ 
စားဝတ်နေရေးထဲက တစ်ခုခုကို ပယ်ပါဆို ဘယ်ဟာကို 
ဖက်တွယ်မလဲ
တွေ့လား ရွေးချယ်စရာ
ငါတို့က ကန့်သတ်ထားတဲ့ ရွေးချယ်စရာတွေထဲမှာ ကျဥ်းကျဥ်းကြပ်ကြပ် 
အဆောက်အအုံတစ်ခုထဲမှာ ရှိရက်နဲ့ အိမ်မဲ့ခဲ့တဲ့အဖြစ်တွေ
ဒါတွေကို ကိုင်ထားတဲ့ ကြိုးက တစ်ချောင်းထဲပဲ မျက်လုံးတွေ မှိတ်လိုက်တဲ့အခါ
တစ်ယောက်ကို တစ်ယောက် သေလောက်အောင်
ပေါက်ကွဲရိုက်နှက်နေတဲ့ ငါတို့ကို မြင်တယ် အင်္ကျီချိတ်က ကြိုးမှာ
ငြိနေတာနဲ့ပဲ အရာရာကို လက်လျှော့အရှုံးပေးလိုက်ချင်နေတဲ့
တစ်ထောင်းထောင်းကြေနေတဲ့ စိတ်တွေ၊ ဆရာဝန်မက ရှူသွင်းလိုက်မယ့်
ငါ့လေထဲကို အတင်းကာရော ထည့်ပေးလိုက်တဲ့ အပေါင်းလက္ခဏာတွေ
ငါတို့က စိတ်ခံစားချက်ကို အရေးမပေးဘူး၊ သိပ်များများကြီး တွေးမနေတော့ဘူး
ရှင်ရက်နဲ့ ခံစားမှုကို ငါတို့ ပယ်တယ်ပေါ့
သူငယ်ချင်းတစ်ယောက်က သူ အသက်ဆက်ရှင်ရင်ကော ဘာဆက်ဖြစ်မှာလဲ
ဆိုတဲ့ မေးခွန်းအတွက် သူ့ကို အသက်ဆက်ရှင်စေချင်တာကလွဲလို့ ငါ့မှာ အဖြေမရှိခဲ့ဘူး
အဖြေမရှိတာ ရက် လ ကြာ ကမ္ဘာကြီးက လည်နေတုန်းပဲ
ငါ့ခွေးလည်ပင်းမှာ မာဖလာပတ်ထားတယ်
ငါတို့ခြေထောက်အောက်မှာ အိမ်ကြမ်းပြင်မရှိခဲ့။ ။


Do we need to take our hats off at home?

you can’t go into a home if you don’t have the hands and 
the legs that can stand up.
you can’t go into a home if you don’t have a body.
I sewed a coat for my dog. I taught him how to stand up.
and I put a hat on his head.
to wear, to eat and to live. if you have to give up one of those, 
what would you choose?
the options. can you find one?
our lives are stuck in the limited choices. 
I am homeless while I’m inside a building called home.
a single thread holds all of these. when I close my eyes,
I see us beating the hell out of each other. 
because the cloth hanger got entangled with a rope, 
my worn-out soul would want to give up everything.
the doctor tried to force the optimism in the air that 
I was going to breathe in. 
we don’t care about the emotions, or do we? 
we don’t sweat about it.
we live despite emotion.
a friend of mine asked, what would happen if I don’t continue
to live? I had no answer other than wanting him to live.
days, months has gone by without the answer. the earth still rotates.
 I put a muffler around my dog’s neck
and we don’t have a home under our feet.