taken somewhere in NYC

A woman

what are your expectations from me?
to do the housework nonstop,
to satisfy others’ desires and to abort mine,
to have a baby,
to put all of my life on that baby,
to put my ambitions in a garbage truck,
to shut my brain off and live with my uterus,
to chop the meat and make curry out of it,
to take out the trash,
to clean the fridge,
to make the floor dazzling,
son as a master, husband as a god*,
to marry a man to standardize my life,
to have long hair,
to endure the looks when I wear what I want,
to calm when someone rub my breast,
to shut up about my rights,
to nod when someone says there is gender equality in Myanmar,
to salute the society,
they said, “because you’re a woman, although you’re a woman, a (poor) woman’s life, a woman”.

I decide for me. I own myself. I am being me.
I am not an object.
I am me, a woman. Period.

son as a master, husband as a god* is a motto in Myanmar. A wife has to treat a husband as a god and a mother has to treat her son as a master.


မိန်းမ

နင်တို့တွေ ငါ့ဆီက မျှော်လင့်ချက်က ဘာလဲ
အိမ်အလုပ်တွေကို မရပ်မနားလုပ်ဖို့
အားလုံးရဲ့ အလိုကိုလိုက်ပြီး ငါ လိုချင်တာတွေကို ဖျက်ချလိုက်ဖို့
ကလေးမွေးဖို့
မွေးပြီးတဲ့အခါ ငါ့ဘဝကို ရပ်ပြီး အားလုံးကို အဲ့ကလေးပေါ်မှာ ပုံချလိုက်ဖို့
ရည်ရွယ်ချက်တွေကို မြောင်းထဲ ထိုးချလိုက်ဖို့
ငါ့ဦးနှောက်ကို ရပ်လိုက်ပြီး သားအိမ်တစ်ခုနဲ့ ဆက်အလုပ်လုပ်ဖို့
လက်တွေနဲ့ ဇယ်ဆက်မပြတ် အသား၊ ငါးတွေကို ခုတ်ထစ်ပြီး ဆီသတ်ထားတဲ့ အိုးတဲ့ ထည့်ပစ်ဖို့
အမှိုက်တွေ ပစ်ဖို့၊ ရေခဲသေတ္တာ သန့်ရှင်းဖို့၊ ကြမ်းခင်းတွေ ပြောင်လက်နေဖို့
သားကို သခင်၊ လင်ကို ဘုရား
ငါ့ဘဝ တင့်တယ်နေဖို့ရာ လင်တစ်ယောက် ရှိဖို့
ဆံပင်တွေ ရှည်ဖို့
ငါ ဝတ်ချင်တာ ဝတ်တဲ့အခါ ကြည့်တဲ့ အကြည့်တွေကို ခံနိုင်ဖို့
ငါ့ရင်သားကို လာပွတ်တိုက်တဲ့အခါ ငြိမ်နေဖို့
ငါ့အခွင့်အရေးကို ငါ မပြောဘဲ ပါးစပ်ပိတ်နေဖို့
မြန်မာနိုင်ငံမှာ တန်းတူညီမျှမှု မရှိတာ အင်မတန်နည်းပါးကြောင်း ခေါင်းငြိမ့်ပေးဖို့
လူ့အသိုင်းအဝိုင်းကြီးတစ်ခုလုံးကို အလေးပြု
ကိုယ်ပိုင်ဘဝတစ်ခုလုံး ပတ်ဝန်းကျင်ဆိုတဲ့ အရာကို ထည့်တွက်ပြီးမှ ဆေးလိပ်သောက်ဖို့
မိန်းမမို့လို့ မိန်းမတန်မဲ့ မိန်းမဖြစ်ပြီး မိန်းမသားဘဝ မိန်းမ။

ငါဟာ ငါဖြစ်တဲ့ ငါပိုင်တဲ့ ငါဆုံးဖြတ်တဲ့ ငါ။
ငါက အရာဝတ္ထုတစ်ခု မဟုတ်။
ငါက ငါ။ ငါ မိန်းမ။ ။