Juliet>1
Juliet>1
Jul 24, 2017 · 1 min read

မြန်မာစာကနေ အင်္ဂလိပ်စာကို (သို့မဟုတ်) အင်္ဂလိပ်စာကနေ မြန်မာစာကို ဘာသာပြန်တယ်ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ဘူး။ ဂျူးလိယက် ဘာသာပြန်တဲ့ အလုပ်တွေစလုပ်ကတည်းက ဒီအကြောင်းတွေကို စဥးစားမိလာတာပါ။

ဘာသာပြန်ပြီဆိုရင် စာရဲ့အဓိပ္ပာယ်ကို ထိထိမိမိ ဖမ်းယူနိုင်အောင် စာလုံးတိုင်းရဲ့အဓိပ္ပာယ်တွေပြောင်းပေးလိုက်ရုံနဲ့မပြီးပါဘူး ဘာသာစကား နှစ်ခုကြား ချောချောမွေ့မွေ့ နဲ့ နားလည်မှုမလွဲဘဲ နားဝင်ချိုအောင် ပြောတတ်ဖို့ ရေးတတ်ဖို့က အဓိကကျပါတယ်။ ဂျူးလိယက်ရဲ့ အားနည်းချက်တစ်ခုကတော့ အဲဒီလို ကဏ္ဍ မှာပါ။ ကိုယ့်ကိုကိုယ် သတိထားမိတယ်။ အင်္ဂလိပ်ဘာသာစကားရဲ့ ဖွဲ့စည်းပုံတွေကို သုံးပြီး မြန်မာစာတွေရေးမိတယ်။

ဥပမာ တစ်စုံတစ်ယောက်ကို ကိစ္စရှိရင် ခေါ်နော်လို့ ပြေချင်တယ်ဆိုပါစို့။ american style နဲ့သာဆိုရင် “တစ်ခုခုလိုရင်ပြော” ဆိုပြီး တည့်တည့်ကြီးပြောမှာပေါ့။ ဒါမဲ့ သိပ်မခင်တဲ့ သူငယ်ချင်းကိုဆိုရင် အဲဒီလိုပြောဖို့ဆိုတာ မသင့်တော်ဘူးလေ။ မြန်မာယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ ပုံစံနဲ့ဆိုရင် “အဆင်မပြေတာရှိရင်ပြောနော်…အားမနာနဲ့” အဲဒီလို လိမ်လိမ်မာမာနဲ့ ဘာသာပြန်တာကို တောတောကြာမှ နားလည်လာတယ်။ ဒါကြောင့်မလို့ ငယ်ငယ်တုန်း ဂျူးလိယက်စကားပြောရင် တစ်ခါတစ်ခါ အရမ်းကြမ်းတယ်လို့ ထင်မိတယ်။ ဘာလို့လဲဆိုတော့ တစ်ခါတစ်လေကျရင် အင်္ဂလိပ်လိုခေါင်းထဲမှာ စဉ်းစားပြီး မြန်မာလိုပြောကျင့်ဖြစ်ရှိနေလို့။ အဲဒီတုန်းက ကိုယ်မှားနေမှန်းလည်းမသိတော့ မပြင်မိဘူး။ ပြန်စဉ်းစားမှတောတော အားနာကောင်းတာပဲ 😰😰😰


(ကြိုက်ရင် 💚 လေးကိုနှိပ်လိုက်ပါ။ ဒီလိုဆိုရင် သင့်ရဲ့သူငယ်ချင်းတွေလည်း ဂျူးလိယက်ရေးထားတာ ကိုမြင်ပါလိမ့်မယ်။ 🙂)

Juliet>1

Written by

Juliet>1

Studying in Yoo-Ess-A| Born & raised in Myanmar