Nway Oo Diary အတုလား၊ အစစ်လား

Mratt Kyaw Thu
2 min readJun 14, 2024

--

Nway Oo Diary ဆိုတဲ့ Page ဟာ တော်လှန်ရေးအဖွဲ့တွေကို တကယ် ထောက်ပံ့နေသလား မထောက်ဘူးလား လာမေးကြလို့ပါ။ အဲ့ဒီ Page အကြောင်း တချို့လည်း ရေးထားကြတာ တွေ့ပါတယ်။ အစစ်လား အတုလား ခွဲရတာ သိပ် မခက်ပါဘူး။ စာနည်းနည်းတော့ ဖတ်ဖို့ လိုပါလိမ့်မယ်။

တချို့ လူလိမ်တွေကျတော့ လိမ်တော့ လိမ်တယ်။ တော်လှန်ရေး အဖွဲ့ ၂ ဖွဲ့ ၃ ဖွဲ့လောက်ကို သွားလှူထားပြီး Certificate တောင်းထားတယ်။ အစစ် အတု လာမေးရင် အဲ့ဒါတွေ ပြန်ပြတယ်။ ယာဘ ဆေးပြားရောင်းပြီးရတဲ့ငွေနဲ့ ရပ်ကွက်ထဲ အလှူလုပ်သလိုမျိုးပေါ့။ ဒါမျိုးတွေလည်း ရှိပါတယ်။ ထားပါ။

အောက်မှာ ပေါ်လာမဲ့ ICECOLD1500[.]com ဆိုတဲ့ Link ကို သွား မနှိပ်ပါနဲ့။ လူလိမ်တွေရဲ့ စာမျက်နှာဖြစ်ပါတယ်။

အဲ့ဒီ Nway Oo Diary စာမျက်နှာမှာ ICECOLD1500.com ဆိုတဲ့ ဝက်ဘ်ဆိုက် Link ကို ဟိုးအစောပိုင်းက တောက်လျှောက် တင်ခဲ့တာ တွေ့ရပါလိမ့်မယ်။ Nway Oo Diary လိုပဲ အဲ့ဒီ ဝက်ဘ်ဆိုက် Link ကို တင်တဲ့ တခြား Facebook စာမျက်နှာပေါင်း အနည်းဆုံး ၁၃ ခုရှိတယ်။ အဲ့ဒါတွေက…

The T Channel
Feel post
Go to like
North Myanmar Country
𝐒 𝐢 𝐥 𝐞 𝐧 𝐭
Myanmar Cele Photo
Broken Heart
Chit Soe Thi Pi Si
Myanmar Pageantry Earth
ရှယ်လန်း Girls
Mÿ Đäÿ
General Knowledge & Education

ဒါက Google Search Engine ကို သုံးပြီး ရှာနိုင်သလောက်ပဲ ရှိပါသေးတယ်။ တခြား Platform တွေသုံးပြီး တင်ခဲ့တာတွေ အများကြီးရှိဦးမယ်။ သူတို့ ငွေရှာတဲ့ပုံက ရှင်းပါတယ်။ Link ပေးမယ်၊ အဲ့ဒီ Link ကို နှိပ်ပြီး ဝင်ကြည့်လေလေ သူတို့ ငွေရလေလေပါပဲ။

သတင်းမှားတွေနဲ့ လူကြိုက်များတာတွေ ရေးတင်ပြီး ငွေရှာတဲ့ ခေတ်သစ် ကျားဖြန့် ကောင်ဆိုးလေး တကောင်တောင် အာဏာမသိမ်းခင်က ရန်ကုန်မှာပဲ။ အာဏာလည်းသိမ်း၊ Page ပေါင်းစုံလည်း ပေါ်လာချိန် တော်လှန်ရေးသတင်းတွေ ဓာတ်ပုံတွေနဲ့ Page အခု ၂၀ လောက်ထောင်ပြီး ပိုက်ဆံရှာတာ ၂၀၂၂ နှစ်လယ်ပိုင်းလောက်မှာ ရည်းစားနဲ့ထိုင်းကိုတောင် ပြောင်းသွားနိုင်တယ်လို့ ကြားပါတယ်။

ခု ICECOLD1500.com ကတော့ လူ ၁ ယောက်ကနေ ၅ ယောက်လောက်ထိ ပါတဲ့ အဖွဲ့ကနေ လုပ်တာလို့ ထင်ပါတယ်။ အခြေစိုက်တာက မလေးရှား သို့မဟုတ် ဒူဘိုင်းလို့ ယူဆတယ်။ ခုဆို အဲ့ဒီ ဝက်ဘ်ဆိုက်ကိုတောင် Update မလုပ်တော့ဘူး။ Nway Oo Diary စာမျက်နှာကနေ Bonus တွေရနေတာကြောင့်လို့ ယူဆပါတယ်။

တခြား အဲ့ဒီလို စာမျက်နှာတွေ အများကြီးပါပဲ။ အရင်ကလည်း ရေးဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပုံလေး တင်လိုက်၊ သနားစရာ PDF ပုံလေးတွေ တင်လိုက်၊ သတင်းမှားတွေ တင်လိုက်၊ ခေါင်းစဉ် ပြူးပြူးပြဲပြဲတွေ တင်ပြီး ဝက်ဘ်ဆိုက်ပေါ် မျှားခေါ်လိုက်နဲ့။ သိတဲ့လူတွေလည်း သိ၊ မသိတဲ့လူတွေလည်း ခံပေါ့။

Facebook မှာ တခုခုကို Like Comment Share လုပ်တော့မယ်ဆိုရင် အထူး ဂရုစိုက်ကြပါ မိတ်ဆွေများ။ အခန့်မသင့်ရင် ကိုယ်တိုင် မသိဘဲ လူလိမ်တွေကို ပိုက်ဆံပေးမိလျက်သား၊ အလကားနေရင်း လုပ်ကျွေးမိလျက်သား ဖြစ်သွားတတ်ပါတယ်။

If you would like to support my journalistic work, please consider contributing here: Buy Me a Coffee. Thank you for your support!

--

--

Mratt Kyaw Thu

Independent journalist specialising in war, conflicts, and religious affairs. Occasionally explores social psychology, poetry and music.