တရားမထိုင်ခင် ဘယ်လို ပြင်ဆင်မလဲ
တရားပဲ ထိုင်ထိုင်၊ lucid dream ပဲ လုပ်လုပ်၊ ခန္ဓာကို ဖြေလျော့ခြင်းကို အရင် လုပ်ဖို့ အရေးကြီးပါတယ်။ တကယ်လို့ မလုပ်ခဲ့ဘူးဆိုရင်တော့ လိုချင်တဲ့ effect ကို ရမှာ မဟုတ်ပါဘူး။ စိတ်နဲ့ လုပ်တဲ့ ဒီအလုပ်တွေမှာ ခန္ဓာကိုယ်က ကြားဝင်ခံပြီး နှောက်ယှက်မှု မရှိအောင်ပါ။
ဒီနေရာမှာ တော်တော်များများက lotus position လို့ခေါ်တဲ့ ကြာပွင့်ပုံ တပလ္လင် ခွေပြီး တရားထိုင်ဖို့ အားပေးကြတာ တွေ့ပါတယ်။ ကျွန်တော့်အမြင်ကတော့ position ထက် ကိုယ်သက်တောင့်သက်သာ ရှိဖို့သာ အရေးအကြီးဆုံးပါ။ lotus position က သက်တောင့်သက်သာရှိတယ်ဆို ထိုင်လို့ရပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ် ၂၀၀၀ လောက်တုန်းကတော့ lotus position ဟာ သက်တောင့်သက်သာရှိကောင်းရှိမယ်။ ဒီဖက်ခေတ်မှာ လူတွေက အတော်လေးပျင်းလာတာမို့၊ အများစုအတွက် ဒီထက် သက်သာတဲ့ position မျိုးကို ရှာသင့်တယ်။ ပက်လက်အိပ်ပြီးတော့ ဖြစ်ဖြစ်၊ ဒါမှမဟုတ် အရမ်းဇိမ်ရှိတဲ့ ထိုင်ခုံမျိုးမှာ ထိုင်ပြီးတော့ပေါ့။
ဒါပေမဲ့ တချက် သတိထားရမှာက သိပ်ပြီး သက်တောင့်သက်သာ ဖြစ်လွန်းရင် အိပ်ပျော်သွားတတ်တာပါပဲ။ ဒီအတွက် အိပ်ရေးဝနေတဲ့ အချိန်တွေကို ရွေးပြီး တရားထိုင်ဖို့ တိုက်တွန်းချင်ပါတယ်။ တကယ်လို့ မသက်သာတဲ့ position တခုခုကို ရွေးပြီး၊ ကိုက်ခဲလာမယ်၊ ထုံကျင်လာမယ်ဆိုရင် လိုရာခရီးကို ရောက်မှာ မဟုတ်ပါဘူး။
ကိုယ့်အတွက် အဆင်အပြေဆုံး Position တခုကို ရွေးပြီးပြီဆိုရင်တော့ relaxation technique တခုခုကို သုံးပြီး ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို လုံးဝ relax လုပ်ဖို့ အရင်လိုပါတယ်။ တရားချက်ချင်း မထိုင်လိုက်ပါနဲ့အုန်း။ ထိုင်ခဲ့မယ်ဆိုရင်လဲ လိုရာခရီးကို ရောက်မှာ မဟုတ်ပါဘူး။
Relaxation technique ကတော့ ကိုယ့်နဲ့ အဆင်ပြေရာ သုံးနိုင်ပါတယ်။ အများစု သုံးကြတာတော့ အသက်ကို နှာခေါက်းနဲ့ ပြင်းပြင်း ရူသွင်းလိုက်မယ်၊ ရူသွင်းတဲ့ အချိန်မှာ ခန္ဓာကိုယ်က ကြွက်သားတွေကို တောင့်တင်းလိုက်မယ်။ ပြီးရင် ပါးစပ်ကနေ ဖြေးဖြေးချင်း မှုတ်ထုတ်လိုက်မယ်။ မှုတ်ထုတ်တဲ့ အချိန်မှာ ကြွက်သားတွေ အကုန်ဖြေလျော့လိုက်မယ်။ စိတ်ထဲမှာရှိတဲ့ stress တွေ အကုန်လုံးကိုလဲ ခုနလေတွေနဲ့ မှုတ်ထုတ်လိုက်တယ်လို့ စိတ်ကူးကြည့်ရမယ်။ ဒါကတော့ တနည်းပေါ့။ ကြွက်သားတွေ တခုချင်းစီကို အာရုံစိုက်ပြီး ဖြေးဖြေးချင်း ဖြေလျော့တဲ့ နည်းလဲ သုံးလို့ရပါတယ်။ အဓိက ခန္ဓာကိုယ် လုံးဝ relax ဖြစ်သွားဖို့ပါပဲ။
တရားထိုင်ဖို့ ready စလုပ်တဲ့ အဆင့်ကို ၃ ဆင့်ခွဲပြချင်ပါတယ်။
၁။ ခန္ဓာ/ရုပ်
၂။ အာရုံ/ဝေဒနာ
၃။ စိတ်
ရည်ရွယ်ချက်ကတော့ ပထမ အဆင့် ၂ ခုဖြစ်တဲ့ ရုပ်နဲ့ အာရုံကို နောက်ခံ background ကိုပို့ပြစ်ပြီး၊ စိတ်တခုထဲကို focus နဲ့ center ဖြစ်လာဖို့က လိုရင်းပါ။ ပထမ စပြီး ကိုယ်ရဲ့ စိတ်ကြိုက် position ကို ထိုင်လိုက်မယ်ဆိုရင် ကိုယ်မှာ ထင်ရှားတာ ခန္ဓာ/ရုပ်ပါ။ မောနေမယ် (စပြီး ထိုင်လိုက်ရလို့)။ နာကြင်ကိုက်ခဲချင်ခဲမယ်၊ ယားချင်ယားမယ်။ အဲဒါတွေကို ကိုယ့်သဌာန်မှာ ထင်ရှားနေပါလိမ့်မယ်။ ဒီအတွက် ကိုယ့်စိတ်ကြိုက် relaxation technique ကို သုံးပါ။ ရုပ်ဟာ တဖြေးဖြေးနဲ့ နောက်ကို ရောက်ပြီး ခနနေရင် အာရုံမှာ သိပ်မထင်ရှားတော့ပါဘူး။
ဒီမှာ ထင်ရှားလာတာ အာရုံ ၅ ပါးပါပဲ။ ဘေးပိတ်ဝန်းကျင်က အသံတွေ ကြားရမယ်၊ ပူတယ် အေးတယ် သိလာမယ်။ ဒီအတွက် အပူအအေးမျှတပြီး အသံလုံတဲ့ နေရာကို တရားထိုင်ဖို့ ရွေးချယ်ပါ။ ဒီအတွက် relaxation technique ကိုပဲ ဆက်လုပ်ပါ။ အာရုံတွေဟာ ဖြေးဖြေးချင်း ပျောက်သွားပါလိမ့်မယ်။
ဒါဆိုရင်တော့ စိတ်ဟာ ရှေ့တန်းကို ရောက်လာပါလိမ့်မယ်။ စိတ်ဟာ ပေါက်တတ်ရာရာတွေ လျောက်တွေးလာပါလိမ့်မယ်။ ဒါဆိုရင်တော့ စိတ်ကို စုစည်းပြီး၊ မျက်လုံး ၂ ခုကြားက third eye နေရာကို ပို့လိုက်ပါ။ စိတ်ကို third eye မှာ စုစည်းမိရင် စိတ်ဟာ တည်ငြိမ် သင့်သလောက် တည်ငြိမ်ပြီး ကြည်လင် လာပါလိမ့်မယ်။
ဒါဆိုရင်တော့ တရားထိုင်ခြင်း လုပ်ငန်းကို စတင်လုပ်လို့ရပါပြီ။ ဒါကတော့ ဘာနည်းနဲ့ တရားထိုင်မှာလဲ။ astral projection လုပ်မှာလား၊ Lucid dream လုပ်မှာလား။ သူ့ technique နဲ့ သူ စတင် လုပ်ဆောင်နိုင်ပါပြီ။ တရားထိုင်တဲ့ အလုပ်ကို ချက်ချင်း စမည့်အစား ဒီ relaxation နည်းကို စတင်လုပ်ဆောင်ပြီး ready ဖြစ်မှ စပြီး တရားထိုင်မယ်ဆိုရင် ကိုယ်လိုချင်တဲ့ လမ်းကြောင်းပေါ်ကို အလျင်အမြန်ပဲ ရောက်ပါလိမ့်မယ်။
ဒီနေရာမှာ စိတ်ကို စုစည်းနေတုန်း၊ ပတ်ဝန်းကျင်က အသံကျယ်ကျယ် ကြားလိုက်ရင် stage 3 ကနေ stage 2 ကို ပြန်ကျသွားပါလိမ့်မယ်။ တကယ်လို့ ကိုယ်ခန္ဓာက နာကျင်၊ ယားယံတာ ဖြစ်ရင် stage 1 ကို ပြန်ရောက်သွားပါမယ်။ အဲဒီအခါ စိတ်ကို ကြိုးစားပြီး မစုစည်းပါနဲ့။ မရနိုင်ပါဘူး။ relaxation technique ကို ပြန်လုပ်ပါ။ relax ပြန်ဖြစ်သွားမှ တရားထိုင်တဲ့ technique ကို ပြန်စနိုင်ပါတယ်။
ဒီနေရာမှာ ကိုယ်နဲ့ အသင့်တော်ဆုံး၊ relax အဖြစ်ဆုံး ထိုင်တဲ့ position ကို ဘာလို့ ရွေးခိုင်းတာလဲ ဆိုရင် ခန္ဓာကိုယ် ယားယံတာ၊ ကိုက်ခဲတာတွေဟာ အရမ်း အနှောင့်အယှက်ပေးပါတယ်။ full relax mode ထဲကနဲ့ ထွက်လာစေနိုင်လို့ပါ။ ဒါဆို ဘာ တရားထိုင်တဲ့ technique ဖြစ်ဖြစ် ကျရှုံးမှာပဲ ဖြစ်ပြီး၊ လိုရာခရီး မရောက်နိုင်တော့လို့ပါ။