Nyi Nyi Lin
3 min readJan 17, 2022

Inverter ဝယ်တော့မည်ဆိုလျှင် Part —2

Part 1 link
https://medium.com/@nyinyilin/inverter-%E1%80%9D%E1%80%9A%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%B7%E1%80%99%E1%80%8A%E1%80%BA%E1%80%86%E1%80%AD%E1%80%AF%E1%80%9C%E1%80%BB%E1%80%BE%E1%80%84%E1%80%BA-4bb78651ca29

Part 1 မှာ inverter အကြောင်း battery အကြောင်းတွေပြောခဲ့ပေမယ့် battery ကို inverter နဲ့အားသွင်းရင်ကြာမယ့်အချိန်ကို မပြောပြခဲ့မိဘူး

battery တစ်လုံးကို အားသွင်းဖို့ဘယ်လောက်ကြမလဲဆိုတာကတော့ ပြောပြရတာခက်ပါတယ် formula အရကတော့
ကြာချိန် = battery Ah ÷ အားသွင်းမယ့် current နှုန်းပေါ့

t = Ah / A

အဲ formula ကိုကြည့်ရင် 100 Ah ကို အားမြန်မြန် သွင်းချင်ရင် A များများနဲ့ သွင်းလို့အကြမ်းဖျင်းပြောရမလားပဲ
ဒါပေမယ့် တကယ့် acid ကို သုံးထားတဲ့ battery တစ်လုံးက သူ့ကိုအားသွင့်ရမယ့် current သည် battery Ah ရဲ့ 10 ပုံတစ်ပုံပဲရှိသင့်တယ်လို့ဆိုပါတယ်
ဆိုတော့ 100Ah battery ကို အားသွင်းသင့်တာက 100Ah/10 = 10A နဲ့ပဲ အားသွင်းသင့်ပါတယ် 10A နဲ့သွင်းရင် 100Ah ရောက်အောင် 10 နာရီအားသွင်းပေးရမှာပါ ဒါပေမယ့် တကယ်အပြင်မှာသွင်းရင် သွင်းလိုက်တဲ့အားရဲ့ 40 ရာခိုင်နှုန်းကပျောက်သွားပါတယ် ဆိုတော့ 100Ah battery ကို အားသွင်းချင်ရင် သူရဲ့ 40 percent ကိုထည့်ပေါင်းပေးရပါတယ် စုစုပေါင်း 140Ah ကိုအားသွင်းရမှာပါ 140Ah ကို 10A နဲ့ အားသွင်းရင် 140Ah / 10A = 14 နာရီကြာပါတယ် ‌ဒါက battery လုံးဝကုန်သွားတဲ့ အခြေအနေကနေ အားအပြည့်ရှိဖို့ကို ကြာမယ့်အချိန်ပါ
ဒါဟာ acid battery တနည်းပြောရင် မိုးရည်ဖြည့်ပေးရတဲ့ battery အတွက်ပါ
အဲတော့ အားသွင်းရမယ့် current သည် inverter မှာပါပါတယ် 12V 500W 12A inverter လို့ရေးထားရင် သူသည် battery ကို maximum 12A နှုန်းနဲ့ သွင်းပေးပါတယ် အဲအတွက်ကြောင့် တချို့ inverter သည် အားသွင်းမြန်တယ် တချို့ကနှေးတယ်ဆိုတာက inverter ကထုတ်ပေးတဲ့ A အနည်းအများကြောင့်ပါ

အပေါ်ကတွက်ပြထားတာက acid battery အမျိုးအစားအတွက်ပါ
တခြား gel type, lithium battery စတာတွေက လည်း အဲလို သူ့ဟာနဲ့သူ တွက်နည်းရှိပါတယ် တသမတ်တည်းပြောလို့တော့မရပါဘူး
ဒီ link မှာ တွက်ကြည့်လို့တော့ရပါတယ်

အကြမ်းဖျင်းပြောရရင် battery တစ်လုံးအားအပြည့်သွင်းမယ်ဆို 10 နာရီလောက်ကြာတယ်ပြောရမလားပဲ နောက်ပိုင်း နည်းပညာမြင့်တဲ့ lithium battery မျိုးဝယ်တယ်ဆိုရင်တော့ ပိုမြန်ပါတယ် ဈေးလည်းပိုကြီးပါတယ်

ဒါပေမယ့် battery တစ်လုံး တည်ဆောက်ပုံအရ battery က အမြဲ 10A နဲ့အားသွင်းဖို့လိုတာမဟုတ်ပါဘူး အားလုံးဝမရှိတဲ့အချိန်ကျရင် A များများနဲ့ အားသွင်းပြီး အားပြည့်လာလေလေ A နည်းနည်း‌နဲ့အားသွင်းရပါတယ်
အဲလိုမျိုးကို အမျိုးအစားကောင်းတဲ့ simulated sine wave inverter တွေက လုပ်ဆောင်ပေးပါတယ် ကြေညာရင် 3 step charging system လို့ပြောပါတယ်

နောက်မှတ်ထားရမှာက battery ကလုံးဝအားကုန်သွားရင် A အမြင့်ကြီးနဲ့သွင်းမှသာ ဝင်တော့တာပါ အဲတာကြောင့် inverter နဲ့ battery သုံးမယ်ဆို ဘယ်တော့မှအားအကုန်မသုံးသင့်တာပါ အားအကုန်သုံးလိုက်ရင် inverter ကထုတ်ပေးနိုင်တဲ့ A သည် မလုံလောက်တော့ပါဘူး အားအဝင်အရမ်းနည်းပြီးချက်ချင်းကုန်တယ်ဆိုတာဖြစ်ကုန်တာပါ အဲအတွက်ကြောင့် ဆိုင်ကိုမသွားပြီး A များများနဲ့အားအပြည့်သွင်းရပါတယ် ပြီးမှသာ inverter ကထုတ်ပေးတဲ့ A နဲ့ အားပြန်သွင်းနိုင်တာပါ အလုပ်ရှုပ်တဲ့အတွက် ဂရုစိုက်သင့်ပါတယ်

နောက်ဖြစ်တတ်တာက battery ရဲ့ အား Ah ကအချိန်ကြာလာရင် ကျလာပါတယ် 120Ah သည် နှစ်နှစ်လောက်ကြာပြီးတဲ့အခါ 80Ah လောက်ပဲကျန်တော့တာရှိပါတယ် အဲအတွက်ကြောင့် ပုံမှန်ဝယ်ဝယ်ချင်းတုန်းက 5 နာရီအားသွင်းတယ် အားပြည့်တယ် နှစ်နှစ်ကြာပြီးနောက် 3 နာရီနဲ့အားပြည့်သွားတယ် အရင်လောက်လည်းမခံတော့ဘူးတို့ဖြစ်လာပါတယ်
ဖုန်းထဲမှာထည့်ထားတဲ့ battery တွေလည်း ဒီသဘောတရားပါပဲ
အချိန်ကြာလာလေ battery Ah ကကျလာပြီး အားသွင်းတဲ့ A ကမပြောင်းတော့ မြန်မြန်ပြည့် မြန်မြန်ကုန်ဖြစ်လာတာပါ

battery အားသွင်းတဲ့ နှုန်းနဲ့ သက်တမ်းကိုမူတည်စေတာက အခန်းအပူချိန်လည်းပါပါတယ် acid battery တွေကတော့ အပူချိန်ကိုခံနိုင်ရည်ရှိပေမယ့် lithium battery တွေ gel type တွေကတော့ အပူကြောက်ပါတယ် အပူထဲထားရင် battery အားကုန်တာမြန်ပါတယ် အဲအတွက်ကြောင့် မော်တော်ကား battery တွေ gel type ဖြစ်ပြီးနောက်ပိုင်း ခဏခဏ လဲရတာပါ ကားရှေ့ဖုံးထဲထား‌ေတာ့ကားမောင်းရင် အရမ်းပူလို့ပါ acid type တွေသုံးတုန်းက အဲလောက်မလဲခဲ့ရပါဘူး
ဘာပဲဖြစ်ဖြစ် battery တစ်လုံးအကြမ်းဖျင်း နှစ်နှစ်တော့ လှည့်ကြည့်ဖို့မလိုပါဘူး နှစ်နှစ်ကျော်ရင် အားမခံတဲ့ပြသနာစလာပါပြီ အမျိုးအစားကောင်း‌မကောင်းက စကားပြောပါပြီ

ဆိုတော့ A တွေ အကြောင်းသိပြီဆို solar အကြောင်းဆက်ပြောလို့ရပါပြီ
solar မှာ လည်း 500W 20A လို့ပြောထားလေ့ရှိပါတယ် 500W သည် စုစုပေါင်းထုတ်ပေးနိုင်တဲ့ W တစ်နာရီအတွင်းမှာပါ 20A ကတော့ battery ကိုအားသွင်းပေးနိုင်တဲ့ နှုန်းပေါ့ ဆိုတော့အပေါ်မှာပြောထားတဲ့အတိုင်း ကိုယ့် battery အချိန်ဘယ်လောက်သွင်းရမလဲ တွက်လို့ရပါပြီ

ဒါပေမယ့် solar ရဲ့ပြသနာသည် နေတစ်ချိန်လုံးရတာမဟုတ်ပါဘူး 20A ဆိုတချိန်လုံးအဲလောက်မထုတ်ပေးနိုင်ပါဘူး အပူရရင်ထုတ်ပြီး အပူမရရင် မထုတ်ပေးပါဘူး အဲတော့ အဲလိုမျိုး 20A မှာ မငြိမ်တော့ battery ကိုတိုက်ရိုက်ချိတ်လို့မရပါဘူး အပေါ်မှာပြောထားသလိုပဲ battery ကအငြိမ် 3 step charging system လိုချင်တာပါ အဲလိုရဖို့ Solar controller ဆိုတာဝယ်တပ်ရပါတယ် solar controller ကမငြိမ်တဲ့ A ကို ငြိမ်အောင် ထိန်းပေးပါတယ်

solar controller မှာလည်း MTTK နဲ့တခြားနောက်တစ်မျိုးဆိုပြီးနှစ်မျိုးရှိပါတယ် ဘာကွာလည်းဆို efficiency ကွာပါတယ် MTTK ကအကောင်းဆုံးပါ ရတဲ့နေရောင်ခြည်ရဲ့ 90 percent ထိ သွင်းပေးနိုင်တယ်လို့ပြောပါတယ်
ကျန်‌တဲ့ 10 percent ကလေလွင့်သွားပါတယ်

solar controller မှာလည်း battery ကိုသွင်းဖို့ ဘယ်လောက် A ပဲအများဆံုးထုတ်ပေးနိုင်မယ်
solar ဆီက ဘယ်လောက်ထိပဲ အများဆုံးလက်ခံနိုင်မယ်တွေရှိပါတယ် မကိုက်ညီရင် ပူတာတွေ အားမဝင်တာတွေ အဆိုးဆုံးက battery လောင်သွားတာတွေပါ ဆိုင်က professional ကိုဆင်ခိုင်းတာအကောင်းဆုံးပါ အပေါ်ကဟာတွေ သိထားရင်တော့ ဂျင်းအထည့်မခံရလောက်ဘူးပေါ့

ဒီလောက်ဆို ဘာလို့ တချို့ဆိုင်တွေက W အတူတူကိုဈေးကြီးနေတာလဲဆိုတာသ‌ေဘာ‌ေပါက်‌ေလာက်ပြီထင်ပါတယ် ဂျင်းတာအထည့်မခံရဘူးဆို အမျိုးအစားပေါ်မူတည်ပြီး output W တူရင်တောင် ဈေးကအရမ်းကွာပါတယ် ကွာသလောက်လည်း ပြန်ရတဲ့ စွမ်းဆောင်ရည် အချိန်အကြာကြီးအသုံးခံတာတွေ စိတ်ချရတာတွေကလည်း ကွာပါတယ် budget နဲ့ချိန်ဝယ်ရုံပါပဲ

နောက်ဆုံးမှာထပ်ပြောလိုက်ပါဦးမယ်
ကိုယ်ဟာ လျှပ်စစ်နဲ့ပတ်သတ်ပြီး professional လုပ်စားနေတဲ့သူမဟုတ်ပါဘူး အိမ်မှာတပ်မလို့ ကြည့်တော့ တော်တော်များများမေးနေကြတာတွေ့လို့ ကိုယ်လည်းစဖတ်ဖတ်ချင်း နားမလည်လို့ နားလည်သွားတဲ့အခါ နောက်လူတွေ သတိထားဖို့ ဖတ်ရလွယ်အောင်ပြန်ရေးပြတာပါ ဒီအတိုင်းချည်း ဖြစ်ရမယ်လို့မဆိုလိုပါဘူး

အကြမ်းဖျင်းတွက်လို့ရရုံပါ ဆိုင်ကရောင်းလိုက်တဲ့စက်အမျိုးအစား ထုတ်လုပ်တဲ့နိုင်ငံ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး အချိန် အနည်းအများ ပေါ်မူတည်မှာပါ ဆိုင်ကကိန်းဂဏန်းတွေရွတ်ပြရင် ကြောင်မနေစေဖို့ပဲ ရည်ရွယ်ပါတယ် ကိုယ့်ဘာသာဆင်မယ်ဆို မဆင်ခင်ဆိုင်ကို သေချာမေးပါ ဆိုင်ကိုအကူအညီကောင်းပြီးဆင်ခိုင်းတာ စိတ်အချရဆုံးပါ

ဒီလောက်ပါပဲ ကျေးဇူးတင်ပါတယ်