Myanmar Gospel Movie — ဒီလောက် သာယာလိုက်တဲ့ အသံ

မိတ်ဆက်ခြင်း
ဒေါင်ကျင်ရှင်းဟာ တရုတ်ပြည်က အိမ်တွင်းအသင်းတော်တစ်ခုက တရားဟောဆရာမတစ်ဦးဖြစ်ပါတယ်။ ဘုရားသခင်ကိုနှစ်ပေါင်း ၃ဝလောက်ယုံကြည်ခဲ့ပြီး သမ္မာတရားကိုချစ်မြတ်နိုးတဲ့အတွက် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို မကြာခဏဖတ်ပြီး နှုတ်ကပတ်တော်တွေရဲ့လမ်းညွှန်မှုကိုခံယူပါတယ်။ စိတ်အားထက်သန်စွာနဲ့ ဘုရားသခင်အတွက် ကိုယ့်ကိုကိုယ် အသုံးတော်ခံခဲ့ပါတယ်။ တရားဟောတဲ့အတွက်ကြောင့် တရုတ်ပြည်ကွန်မြူနစ်အစိုးရ ရဲတွေရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ရက်စက်မှုတွေ နှိပ်စက်မှုတွေကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရတဲ့ ထောင်ကိုအပို့ခံလိုက်ရပါတယ်။ လူမဆန်တဲ့အကျဉ်းသားဘဝ ၇ နှစ်တာမှာ သူ့ကိုကြံ့ကြံ့ခံနိုင်အောင်လမ်းညွှန်ခဲ့တာကတော့ သခင့်ရဲ့နှုတ်ကပတ်တော်တွေပါပဲ။ ထောင်ကလွတ်လာတဲ့နောက်တော့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ချန်ကွမ်ဟာ သူ့ကိုတွေ့ဖို့ရောက်လာခဲ့ပြီး အနန္တတန်ခိုးရှင်ဘုရားရဲ့နှုတ်ကပတ်တော်တွေကိုဖတ်ပြခဲ့ပြီး နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ ပေါ်ထွန်းခဲ့ပြီဖြစ်ပြီး အမှုပြုနေတဲ့အကြောင်း သက်သေခံခဲ့ပါတယ်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတဲ့စာအုပ်မိတ္တူကိုလည်းပေးခဲ့ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ချို့ကိုဖတ်ပြီးတဲ့နောက်မှာတော့ ဒေါင်ကျင်ရှင်းဟာ အဲဒီနှုတ်ကပတ်တော်တွေက အာဏာနဲ့ပြည့်စုံပြီး ဘုရားသခင်ဆီကလာတဲ့ နှုတ်ကပတ်တော်တွေဆိုတာ ခံစားလိုက်ရပါတယ်။ သူဟာရှာဖွေလိုစိတ်တွေ တိုးပွားလာပါတယ်။ ဒေါင်ကျင်ရှင်းနဲ့ခင်ပွန်းဖြစ်သူဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဆာလောင်မွတ်သိပ်စွာ အငမ်းမရ ဖတ်ကြည့်ပြီးတဲ့နောက်မှာ အားလုံးဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဖြစ်ပြီး အမှန်တွေချည်းပဲဆိုတာသိလိုက်ရပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သူတို့နှစ်ပေါင်းများစွာ စောင့်နေခဲ့ရတဲ့ သခင်ယေရှုပြန်လာတာဖြစ်တယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘုရားသခင်ပြန်လာတာကို ပျော်ရွှင်စွာကြိုဆိုနေတုန်းမှာပဲ ရဲမှူးဟာ သူတို့ကို တရားဆွေးနွေးပွဲတွေနဲ့အစည်းအဝေးတွေအပြင် တရားမဟောဖို့အတွက်ကိုပါလာရောက်သတိပေးပါတယ်။ သူတို့အနေနဲ့ အထူးသဖြင့် အရှေ့အရပ်မှ လျှပ်ပြက်ခြင်း အသင်းတော်

အကြောင်းဟောပြောသူတွေကို အစီရင်ခံဖို့ သတိပေးခဲ့ပြီး ဒေါင်ကျင်ရှင်းကို စိုးရိမ်စေခဲ့ပါတယ်။ အဲဒါပြီးတဲ့နောက် ဒေါင်ကျင်ရှင်းဟာ ညီအစ်ကို

မောင်နှမတွေကို နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေကိုကြည့်ဖို့ ဦးဆောင်နေတယ်လို့ သူတို့သင်းအုပ်ဆရာက သိတာနဲ့တပြိုင်နက် ကြားဝင်နှောင့်ယှက်ပြီး တားမြစ်ပိတ်ပင်ပါတော့တယ်။ စာတန်နတ်ဆိုးရဲ့အင်အားစုတွေဖြစ်တဲ့ စိတ်ရှုပ်ထွေးမှုတွေနဲ့ဖရိုဖရဲဖြစ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီး ဒေါင်ကျင်ရှင်းဟာ ဆုတောင်းခြင်း၊ ရှာဖွေခြင်း၊ မိတ်သဟာယပြုခြင်းတို့အားဖြင့် ဘာသာရေးလောကရဲ့ သင်းအုပ်ဆရာတွေ အကြီးအကဲတွေရဲ့ သရုပ်အမှန်ကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ခဲ့တယ်။ သူနောက်မဆုတ်ဘဲ ညီအစ်ကို မောင်နှမတွေကို လမ်းမှန်ကို စူးစမ်းရှာဖွေဖို့ ဆက်လက်ဦးဆောင်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်၏အသင်းတော်က လူတွေကို မိတ်သဟာယပြုပေးဖို့နဲ့ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားရဲ့ အမှုတော်တွေကို သက်သေခံပေးဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အနန္တတန်ခိုးရှင်ဘုရားသခင်မြွက်ဆိုတဲ့ စကားတွေဟာ တကယ်ပဲ ဘုရားသခင်ရဲ့ အသံတော်ဖြစ်ပြီး သူဟာ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းပဲဖြစ်တယ်ဆိုတာ အယောက်တိုင်း အသိအမှတ်ပြုမိကြပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ ဘယ်လောက်လှပလိုက်တဲ့ အသံလဲဆိုပြီး အားလုံးက နက်ရှိုင်းစွာ ခံစားကြရတယ်။

Welcome to a place where words matter. On Medium, smart voices and original ideas take center stage - with no ads in sight. Watch
Follow all the topics you care about, and we’ll deliver the best stories for you to your homepage and inbox. Explore
Get unlimited access to the best stories on Medium — and support writers while you’re at it. Just $5/month. Upgrade