Copy, Paste Developer ကနေအဆင့်တက်ခြင်း

Copy, Paste Developer ဆိုပြီး တော်တော်လေးခေတ်စားနေပါတယ်။ Developer တိုင်း Copy, Paste နဲ့ကင်းတာ မရှိသလောက်ရှားမယ်ထင်ပါတယ်။ Copy, Paste Developer ဖြစ်နေတာ အပြစ်တစ်ခုလဲမဟုတ်ပါဘူး။ ကိုယ်တိုင်လဲ Copy, Paste လုပ်ပြီးတတ်လာတာပါ။ Self-Study သမားဖြစ်တော့ပိုဆိုးပါတယ်။ ဒါပေမဲ့ဲ့ Facebook က post တစ်ခုအောက်မှာ ကျောင်းသားတစ်ယောက်က Android ကို Layout ဆွဲတာလောက် Activity လောက်သိရင်ရပြီ ကျန်တာ Copy ကူးရင်ရတယ်ဆိုတာမျိုး Comment ရေးထားလိုက်ပါတယ်။ အဲ့တုန်းကတောင် ဝင် Troll ခဲ့ပါတယ်။ သေချာစဉ်းစားကြည့်တော့ ဒါမျိုးအတွေး ဘယ်နှစ်ယောက်မှာ ဝင်နေပြီလဲဆိုတာ စဉ်းစားမိတဲ့အတွက် ဒီစာကိုရေးဖြစ်တာပါ။

အဆင့်တက်ခြင်း ၁

Code ကို Copy, Paste တာထက် Copy, Read, Type လုပ်သင့်ပါတယ်။ ဒါမှ အနည်းဆုံး ဘယ် Class ကိုခေါ်သုံးတယ်။ ဘယ် Method တွေကို သုံးသွားတယ်။ static variable တွေကဘာတွေရှိတယ် ဆိုတာသိမှာပါ။ ဖတ်ရတဲ့အကြောင်းရင်းကတော့ အနည်းဆုံးဘယ်လိုအလုပ်လုပ်လဲဆိုတာလေးကို code တစ်ကြောင်းခြင်း step by step သိသွားအောင်ပဲဖြစ်ပါတယ်။

Code ကို Copy, Paste လုပ်တာထက် Typing ပြန်ရိုက်ပါ။ ဒီနည်းလမ်းက ပိုမှတ်မိစေတယ်ဆိုတာ ဝါရင့် Programmer တိုင်း ပြောလေ့ရှိပါတယ်။ ငယ်ငယ်က စာအလွတ်ကျက်ရင် ရေးကျက်တဲ့အခါ ပိုမှတ်မိသလိုပါပဲ။ Typing ပြန်မရိုက်ပဲ ပြီးစလွယ် Copy ကူးလိုက်တဲ့အခါ အောက်ကအတိုင်းဖြစ်နိုင်ပါတယ်။

Nissan EV App တွင် Location Permission အတွက် message ကို stackoverflow မှတိုက်ရိုက်ကူးချထားပုံ

Nissan EV App မှာ Location Permission ကို settings ထဲကပေးတဲ့အခါ description ကို stackoverflow ကဖြေထားတဲ့အတိုင်း “The spirit of stack overflow is coders helping coders” ဆိုပြီးပါလာတာပါ။ ဒါမျိုးအရှက်တကွဲမဖြစ်အောင် ရှောင်ရပါမယ်။

အဆင့်တက်ခြင်း ၂

နောက်တစ်ဆင့်ကတော့ သက်ဆိုင်ရာ Programming Language အလိုက် Pattern တွေကို လေ့လာသင့်ပါတယ်။ Android ဆို MVC, MVVM အစရှိတာတွေကို လေ့လာသင့်ပါတယ်။ ဒါမှ Code ကိုကူးရင်တောင် ထပ်ခါထပ်ခါကူးစရာမလိုပဲ ဘယ်နေရာမှ ထည့်ရမလဲ ထည့်သင့်လဲဆိုတာ သိမှာဖြစ်ပါတယ်။ Copy ကူးထားတဲ့ Code တွေနဲ့ရှုပ်ပွနေတာမျိုးမဖြစ်တော့ပါဘူး။

အဆင့်တက်ခြင်း ၃

Documentation ဖတ်ပါ။ ကိုယ်လုပ်ချင်တဲ့ အကြောင်းအရာကို ရှာပြီးရင် stack overflow လိုမျိုးဆိုဒ်ကို တန်းမသွားပဲ documentation မှာ ရှာဖတ်တာမျိုးပါ။ MKeyboard ရေးတုန်းက Input Method Service ကို restart ဘယ်လိုလုပ်ရမလဲဆိုတာ မတွေ့ပါဘူး။ သာမာန်အားခြင့် restart လုပ်ဖို့မလိုပေမဲ့ Theme ပြောင်းတဲ့အခါ restart ပေးရပါတယ်။ ဒါနဲ့ stack overflow မှာရှာတာလဲမတွေ့ပါဘူး။ အောင်ကျော်ပိုင်ကလဲ ငပျင်း Keyboard ရေးထားတော့ သူ့ကိုမေးတော့လဲ သူလဲ ရှာနေတာပါ။ stack overflow မှာမေးတော့လဲ တော်တော်များများမသိပါဘူး။ Keyboard ရေးတာကြောင့် IME နဲ့ပတ်သက်သမျှ documentation တွေဖတ်တော့မှ နောက်ဆုံးတွေ့ပါတယ်။ ဒါနဲ့ stack overflow မှာ ကိုယ့်မေးခွန်းအောက်မှာ ကိုယ့်ဟာကိုဖြေခဲ့တော့ နောက်လာရှာတဲ့သူတွေအတွက် အဆင်ပြေပါတယ်။ upvote တွေလဲရခဲ့ပါတယ်။ ဒါက documentation ကိုသေချာမဖတ်လို့ အစကမတွေ့ခဲ့တာပါ။ သေသေချာချာ ဖတ်တော့မှ တွေ့တာပဲဖြစ်ပါတယ်။

Documentation ဖတ်ရတာ ပျင်းဖို့ကောင်းတာဟုတ်ပါတယ်။ တော်ယုံလဲမဖတ်ခြင်ကြပါဘူး။ ဒါပေမဲ့ ကိုယ်ရေးနေတဲ့ Program နဲ့သက်ဆိုင်ရာ Documentation တွေကို ဖတ်သင့်ပါတယ်။ ကိုယ့် App မှာ battery percent ပြဖို့လိုတယ်ဆိုရင် code တစ်ကြောင်းလောက်ကို stack overflow ကကူးလိုက်တာပြဿနာမဟုတ်ပါဘူး။ battery life တွေ battery saver မျိုးတွေရေးပြီဆိုရင်တော့ သက်ဆိုင်ရာ BatteryManager Class ကိုကျေညက်အောင်ဖတ်သင့်ပါတယ်။ Function တစ်ခုအတွက် တစ်ခါရှာနေရရင် မဟုတ်ပါဘူး။ ကျွန်တော်က လက်ရှိ Mobile Developer လုပ်နေလို့ Android ကိုအဓိက ထားပြီးပြောတာပါ။ ကျန်တဲ့ Language တွေ Framework, SDK တွေလဲတူတူပဲဖြစ်ပါတယ်။

Udacity ရဲ့ Android Development Basic Course မှာတောင် Documentation ရှာပုံကို သေချာပြသွားတဲ့အပြင် Android SDK Search ဆိုတဲ့ chrome extension ကိုတောင် သွင်းထားခိုင်းပါတယ်။ ဒီလောက်ဆို Documentation ဖတ်ဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ သိလောက်ပြီထင်ပါတယ်။

One clap, two clap, three clap, forty?

By clapping more or less, you can signal to us which stories really stand out.