ကျွန်တော်နှင့် သွားကျန်းမာရေး

Photo by rawpixel on Unsplash

ကျွန်တော့်အတွက်ခလုတ်ထိမှအမိတတဲ့ထဲမှာ သွားကျန်းမှာရေးကထိပ်ဆုံးကပါဘဲ။ စင်ကာပူမလာခင်လောက်တုန်းက အံသွားမှာ သွားပိုးစားတာသတိထားမိလိုက်တယ် သိပ်ဆိုးဆိုးဝါးဝါးကြီးမဟုတ်ပါဘူးဆိုပြီး ဘာမှမလုပ်ဖြစ်လိုက်ဘူး။ စင်ကာပူရောက်တော့ သွားကအခြေအနေဆိုးလာတယ်။ သွားဆေးခန်းပြမယ်ဆိုပြီး ဘယ်လောက်လောက်ကျနိုင်သလဲကြည့်တော့ သွားနှုတ်ရင် သုံးထောင်ကျော် ပုံမှန်စစ်တာလောက်ဘဲဆိုလျှင် ၁၀၀ ကျော်ပတ်ဝန်းကျင်ကျမယ်တဲ့။ ဒီမှာလည်းစျေးကြီးတာနှင့် မြန်မာပြည်ပြန်ချင်တာနှင့်ပေါင်းပြီးတော့ တရုတ်နှစ်ကူးမှ မြန်မာပြည်ပြန်ပြီးသေချာပြတော့မယ်လုပ်ထားတယ်။

အဲ့မှာဇာတ်လမ်းစတာပါဘဲ… သွားပိုးစားတာကအပေါက်ကတဖြည်းဖြည်းကျယ်လာတယ်။ အတင်းဇွတ်အဲ့ကျမှ တစ်နေ့ကိုသွားနှစ်ကြိမ်သုံးကြိမ်တိုက် သွားကြားထိုး အစာစားပြီးတိုင်းပလုတ်ကျင်း… သွားတိုက်ရင်လည်းသွားကိုသေချာတိုက် ဘယ်လိုသွားကိုစနစ်တကျတိုက်ရမလဲကြည့်… YouTube မှာရှာ… နောက်သွားပေါက်ဖာလျှင် ဘာဖြစ်မလဲ ဘယ်လိုသွားကိုဂရုစိုက်ရမလဲအသဲအသန်ရှာတော့တာပါဘဲ။

အဲ့ကျမှသိလာတာက သွားကိုခြောက်လတစ်ကြိမ် သွားဆေးခန်းမှာပြသင့်တယ်ဆိုတာသတိထားမိတာပါဘဲ။ နောက်သတိထားမိတာက မြန်မာနိုင်ငံမှာ ကျန်းမာရေးနှင့်ပတ်သတ်တဲ့ အထွေထွေဂရုစိုက်မှုတွေကိုသိပ်မပြောကြသလိုဘဲ ကိုယ်ဘဲအဲ့လိုလူတွေနှင့် မစပ်စပ်မိလို့လားတော့မသိဘူး။ ကိုယ့်မိဘဆွေမျိုးအသိုင်းအဝိုင်းမှာလည်း သွားဆေးခန်းခြောက်လတစ်ခါပြတာမမြင်ဖူး မကြားဖူးဘူး။ အဲ့လိုဖြစ်တော့ Developer ထုံးစံအတိုင်း Knowledge share တဲ့ website မျိုး app မျိုးလုပ်ချင်လာသား။ ကိုလည်းသေချာမလုပ်နိုင်တာနှင့် knowledge မရှိတာနှင့်မလုပ်ဖြစ်ပါဘူး။ (ဒီ article ဖတ်ပြီးမြန်မာပြည်ကတစ်ယောက်ယောက်လုပ်ရင်တော့ကောင်းသား 😁)

Website တွေ App တွေအနေဖြင့်မလုပ်ဖြစ်တော့ ဒီ Article လေးရေးပြီး Knowledge sharing လုပ်တာပါဘဲ။ အောက်ဖော်ပြပါအချက်တွေကတော့ ကျွန်တော် online မှာ research ရှာပြီးတော့ စောစောစီးစီးသိချင်တာရယ် စောစောစီးစီးသွားကိုဂရုစိုက်ချင်တာတွေကို List လုပ်ပြီးရေးသားထားတာပါ။

အစာစားပြီးတိုင်း ပလုတ်ကျင်းပါ

ဒါကတော့သွားပိုးစားပြီးသွားကြားညှပ်တာကိုပိုသတိထားမိတဲ့အချိန်ကျမှ လုပ်ဖြစ်လာတဲ့အကျင်းတစ်ခုပါ။ သွားကြားညှပ်မှမဟုတ်ဘဲ အစာစားပြီးတိုင်းလုပ်သင့်တဲ့အချက်တိုင်းမှာပါပါတယ်။

တစ်နေ့နှစ်ကြိမ်သွားတိုက်ပါ

ဒီတစ်ခုကတော့ ငယ်ငယ်တုန်းကသင်ခဲ့ရဖူးတယ်ထင်တယ် သေချာတော့မမှတ်မိဘူး။ သေချာတာတစ်ခုကတော့ ကျွန်တော်အကျင့်တစ်ခုအနေဖြင့်မလုပ်ဖြစ်ခဲ့တဲ့ထဲမှာပါပါတယ်။ အခုနောက်ပိုင်းတော့ သေချာလေးအကျင့်ဖြစ်အောင်လုပ်နေရတယ်။ လုပ်ဖို့လည်းလိုအပ်ပါတယ်။ တစ်နေကုန်စားသောက်ပြီး ပလုပ်မကျင်းဘာမကျင်း ရေလေးဘဲသောက်ပြီး ပါးစပ်ထဲမှာသွားကြားညှပ်ပြီး ညဘက်အိပ်တာမျိုး သေချာစဥ်းစားကြည့်လျှင်ဘယ်လောက်အရေးကြီးလဲ ပိုပိုသိလာပါတယ်။

သွားတိုက်လျှင်သေချာတိုက်ပါ

တစ်နေ့နှစ်ကြိမ်သွားတိုက်တာနှင့်လည်းမပြီးပါဘူး သွားကိုသေချာတိုက်ဖို့လည်းလိုပါတယ်။ ဖြစ်နိုင်ရင်မှန်ရှေ့မှာသွားကိုသေချာကြည့်ပြီးတိုက်တာအကောင်းဆုံးပါဘဲ။ သွားအပေါ်ဘက်ခြမ်း၊ဘေးဘက်၊အပြင်အတွင်း ဒါတွေကိုသေချာမှန်မှာကြည့်ပြီးတိုက်ကပါမယ်။ အဲ့လိုမဟုတ်ဘဲ ပြီးပြီးရောသွားတိုက်တာလောက်ကတော့ အဆင်ပြေမှာမဟုတ်ပါဘူး။

တစ်နှစ်နှစ်ခါသွားဆေးခန်းပြပါ

ဘယ်လောက်ဘဲသွားကိုသေချာတိုက်ပါတယ်ပြောပြော သွားမှာသွားတိုက်တံနှင့် clean လို့မရတာတော့ရှိပါတယ်။ ဒါမျိုးတွေကိုသွားဆရာဝန်တွေကဘဲသန့်ရှင်းပေးနိုင်ပါတယ်။ ဒါကြောင့်မလို့ တစ်နှစ်ကို နှစ်ခါ သို့မဟုတ် တစ်ခါ checkup တော့လုပ်သင့်ပါတယ်။

ကျွန်တော်ကိုယ်တိုင် သွားနာမှ သွားဆေးခန်းပြ… သွားနှင့်ပါတ်သတ်တဲ့ knowledge တွေလိုက်ဖတ်ဖြစ်တဲ့သူမဖြစ်ရလေအောင်… ကျွန်တော်ဖတ်ထားသမျှသိသမျှလေးတွေကို Knowledge ပြန် Share လိုက်ခြင်းဖြစ်ပါတယ်။ အားလုံးအသုံးဝင်ပြီး သွားကျန်းမာပြီးစားချင်တာမှန်သမျှသွားကြားမညှပ်ဘဲစားနိုင်ကြပါစေ 😂။