ကျွန်တော်နှင့် အသက်ရာကျော်ရှည်ပါစေ

Family Photo from myanpx.com Photo by Saw Wunna (Black Kiwi)

မနေ့ကကျွန်တော် Anthony Bourdain ရဲ့အကြောင်းကိုစဉ်းစားမိတာနဲ့ YouTube ကနေပြီးသူမြန်မာပြည်သွားတာတွေ… Cambodia သွားတာတွေလိုက်ကြည့်ဖြစ်တယ်… Documentary တွေကတော်တော်မိုက်တယ်… (မကြည့်ဘူးသေးရင် YouTube မှာရှာကြည့်လိုက်ပါ)။ အဲ့ထဲမှာ Cambodia ကကမ်းခြေတစ်ခုမှာ Local အဘိုးကြီးတစ်ယောက်ကသူ့ကိုဆုပေးတာကို Local အဘွားကြီးကဘာသာပြန်ပေးတယ်။ အဲ့ထဲမှာ သူကခင်ဗျားကို အသက်ရာကျော်ရှည်ပါစေလို့ ဆုတောင်းပေးတယ်လို့ဘာသာပြန်ပေးတယ်။ ချက်ချင်းဘဲ Anthony က No No ငါအသက်ရာကျော်တော့မရှည်ချင်ဘူးလို့ချက်ခြင်းပြန်ဖြေလိုက်တယ်… အဲ့ဒါလေးက seconds ပိုင်းလေးအတွင်းပါဘဲ… ကျွန်တော်ချက်ချင်းဘဲခေါင်းထဲမှာတွေးမိလိုက်တာက WOW တယ်ဟုတ်လှချည်လား ငါအသက်ရာကျော်ရှည်အောင်မနေချင်ဘူးတဲ့…

အဲ့ကစပြီး ကျွန်တော်ဆက်တွေးလိုက်တာ ဒီနေ့ညနေထိပါဘဲ။ ငယ်ငယ်တုန်းကနေစလိုက်ကြရအောင်… ကျွန်တော်တို့ငယ်ငယ်က လူကြီးတွေသွားကတော့ရင် အသက်ရာကျော်ရှည်ပါစေ… ပညာတက်ကြီးဖြစ်ပါစေဆိုပြီး ဆုပေးတိုင်း ပေးတဲ့ဆုနှင့်ပြည့်ပါစေဆိုပြီး အမြဲတမ်းပြောခဲ့တယ်။ အဲ့ဒီ့ဆုတွေကိုလည်း တစ်လေးတစ်စား သိပ်နားထောင်တာမဟုတ်ပါဘူး (ကျွန်တော်ငယ်ငယ်ကကိုပြောတာပါ)။ အခုကျွန်တော် YouTube က Anthony ရဲ့စကားကိုကြားမှသေချာစဉ်းစားမိတယ်… ကိုယ့်ကိုယ်ကိုလည်းမေးမိတယ်… ငါသက်တော်ရာကျော်ရှည်ချင်လားဆိုပြီးတော့ပေါ့… ကျွန်တော့်အတွက်အဖြေက depend ဘဲ… စာဖတ်သူကောခဏလောက်ဒီမှာ တွေးကြည့်လိုက်ပါ…

Old Well - Photo from myanpx.com Photo by Saw Wunna (Black Kiwi)

ကျွန်တော့်အတွက်အဖြေကတော့ ကိုယ်ကတစ်ခုခုလုပ်နိုင်တယ်… ကိုယ်ရှိလို့အကျိုးရှိတယ်… ကိုယ်ကမသန်မစွမ်းမဟုတ်ဘဲ ကိုယ့်အတွက်ကိုယ်နှင့်သက်ဆိုင်တဲ့သူတွေကော မသက်ဆိုင်တဲ့သူတွေကော အကျိုးရှိမယ်ဆိုရင်တော့ အသက်ရာကျော်နေချင်ပါတယ်။ အဲ့လိုမဟုတ်ရင်တော့ အသက် ၇၅/၈၀ လောက်ဘဲနေချင်ပါတယ်။