စင်ကာပူ ရုံးပိတ်ရက်များ နှင့် ကျွန်တော်

Set Kyar Wa Lar
May 20 · 1 min read

စင်ကာပူမှာ ရုံးသုံးရက်ဆက်ပိတ်သည်။ ရုံးသုံးရက်ဆက်ပိတ်လို့ ဘာလုပ်မယ်ဆိုပြီး သေသေချာချာတွေးထားတာမရှိ။ စနေနေ့ မနက်ခင်းတိုင်း ရုံးမှလုပ်ဖော်ကိုင်ဖတ်တွေနှင့်ပြေးနေကျပြေးမယ်ဆိုပြီး နှိုးစက်ပေးထားသည်။ အရင်ရက်ကအလုပ်များပြီး အိပ်ရေးပျက်တာကြောင့် နှိုးစက်သံကျော်သွားသည်။ မနက်ခင်းမပြေးဖြစ်လိုက်။

နိုးလာတော့ ကိုးနာရီလောက်ရှိပြီ တစ်အိမ်ထဲနေတဲ့ အစ်ကိုက Zoo သွားမလို့လိုက်မလားမေးတာနှင့် လိုက်မယ်ပြောပြီးလိုက်ဖို့ပြင်ဆင်သည်။ Zoo သွားမယ်ဆိုလို့စိတ်ထဲမှာ Zoo နှင့်ပတ်သတ်တာ ပြန်တွေးမိသည်။ ရန်ကုန်မှာ ကျွန်တော်နေတာ ငါးနှစ်ခြောက်နှစ်လောက်ရှိမည်။ တိရိစ္ဆာန်ရုံ တစ်ခါမှမရောက်ဖူး။ သွားမယ်ဆိုပြီးမသွားဖြစ်တာနှင့် တိရိစ္ဆာန်ရုံဘေးနားက ကစားကွင်းဝင်ကစားပြီးပြန်လာတာနှင့်များသည်။ ထိုကြောင့်တိရစ္ဆာန်ရုံသွားမယ်ဆိုတော့ စိတ်ကနည်းနည်းတက်ကြွနေသည်။

ဟိုပြင်ဒီပြင်နှင့်တိရိစ္ဆာန်ရုံကရောက်တော့ နေ့လည် ၁ နာရီဝန်းကျင်ရှိပြီဖြစ်သည်။ တိရိစ္ဆာန်ရုံထဲဝင်ဝင်ချင်း မျောက်အသေးလေးတွေကိုတွေ့သည်။ ပျော်ပျော်ရွှင်ရွှင်ကစားနေကြသည်။ ဓာတ်ပုံလေးဘာလေးရိုက်ပြီးရှေ့ဆက်ရှောက်လာတော့ ခွေးတူ ဝက်တူလိုလို ဘာကောင်မှန်းမသိတဲ့ အကောင်တွေ့လို့ကြည့်တယ်။ အဲ့ကောင်ရဲ့ အကြောင်းကိုရေးထားတဲ့ board ကိုဖတ်ကြည့်ပြီး Company အမည်တစ်ခုတွေ့တယ်။ ဘာလို့ Company အမည်ထည့်ထားတာလည်းမသိ။ အတူသွားမယ့်အစ်ကိုက ဘာအကြောင်းကြောင့်မှန်းမမှတ်မိ သူက Company အမည်ဘာလို့ပါတာလည်းကိုရှင်းပြသည်။ တိရစ္ဆာန်တွေကို Company တွေက Sponsor ပေးပြီးသူတို့ Company အမည်ကိုထည့်သွင်းထားပေးစေခြင်းဖြစ်သည်။ ကောင်းလိုက်တဲ့အကြံဉာဏ်ဆိုပြီးတွေးမိသည်။ ထုံးစံအတိုင်း ကိုယ့်နိုင်ငံမှာလည်း ဒါမျိုးလေးတွေလုပ်ရင် ဘယ်လောက်ကောင်းလိုက်မလဲပေါ့။ ဟိုပတ်ကြည့်ဒီပတ်ကြည့် ကိုယ့်နိုင်ငံနှင့်ယှဉ်ပြီး ဒါမျိုးမြန်မာပြည်မှာလုပ်ရင်အတော်ကောင်းမှာဘဲဆိုတဲ့စိတ်တွေဝင်ပြီးအဲ့နေ့တစ်နေကုန်သွားသည်။

တနင်္ဂနွေနေ့… စောစောထနိုးနေသည်။ ထမင်းချက်ပြီး စျေးဝယ်သွားဖို့လုပ်နေတုန်း မိုးတွေတအားရွာတယ်။ မထူးပါဘူးဆိုပြီးရှိတဲ့ အာလူးလေးသုံးလုံလောက်ကြော်၊ ကြက်ဥလေးကြော် နောက် ငါးသေတ္တာလေးချက် လိုက်တယ်။ ကိုယ်လည်းချက်အပြီးမိုးကဖွဲဖွဲလေးဘဲရွာတော့တယ်။ စားသောက်ပြီးစာအုပ်လေးဖတ် ကော်ဖီလေးသောက်ပြီးသုံးနာရီလောက်ကျတော့ ပြန်အိပ်ချင်တာနှင့်အိပ်လိုက်တယ်။ ညနေခြောက်ခွဲလောက်ပြန်နိုးလာပြီးတော့ မျက်နှာသစ်သွားတိုက်ပြီးတော့ သွားပြေးဖြစ်တယ်။ တစ်ပတ်ကိုမိုင် ၂၀ လောက်ပြေးဖို့မှန်းထားတာပြည့်ဖို့ ၇.၁ မိုင်လိုသေးတော့အဲ့ဒါထက်ပိုပြီးပြေးမယ်ဆိုပြီးဆုံးဖြတ်ထားတာလေးဖြည့်စည်းလိုက်တယ်။ အိမ်ပြန်ရောက်တော့ရှစ်ခွဲ ကိုးနာရီ။

ဒီနေ့နိုးနိုးချင်း အိမ်မက်မက်တာတစ်ခုကိုပြန်တွေးပြီးစဥ်းစားနေမိတယ်။ အိမ်မက်က ကျွန်တော့်မိန်းမက အခုလုပ်နေတဲ့အလုပ်မလုပ်နဲ့တော့ အစိုးရအလုပ်လုပ်ပါ့လားဆိုပြီးပြောတယ်။ လစာက ၁ သိန်းခွဲရမယ်ဆိုပြီးပြောတယ်။ ကျွန်တော်လည်းလုပ်မယ်ဆိုပြီးချက်ချင်းအဖြေပေးလိုက်တယ်။ ပြီးတော့မှ ကျွန်တော်သေချာပြန်စဥ်းစားတယ် (အိမ်မက်ထဲမှာဘဲ)။ အခုလက်ရှိရနေတဲ့အလုပ်ကတစ်လကို ၁၅ သိန်းရတယ် (အိမ်မက်ထဲမှာဘဲ)။ အစိုးရအလုပ်က ၁သိန်းခွဲရတယ်။ အစိုးရအလုပ် ၁၀ လလုပ်မှ အခုလက်ရှိရတဲ့တစ်လစာဘဲရှိမှာဆိုပြီးတော့ စဥ်းစားမိတယ်။ မဖြစ်ဘူးဆိုပြီး မိန်းမကိုပြောတော့ သူကအတော်စိတ်စိုးပြီး ဒေါသတွေထွက်တယ်။ ဒါနှင့်သူ့ကို ကိုယ်တွေးမိတာတွေကိုရှင်းပြ ပြောပြရင်း အိမ်မက်ထဲကနိုးလာတယ်။

အိပ်ရာကနိုးတော့ ထုံးစံအတိုင်း computer လေးကိုင်နေတုန်း Game of Throne နောက်ဆုံးအပိုင်းဆိုတာ သတိရလို့အဲ့ဒါလေးကြည့်ဖို့လုပ်တယ်။ နောက်ဆုံး Season အပိုင်းသုံးပိုင်းလေးပိုင်းလောက်ကို သဘောမကျတာကြောင့် အရင်လိုသိပ်ပြီးမတက်ကြွဘူး။ ကြည့်ပြီးတော့ဘယ်လိုမှမခံစားရဘူး။ ပြီးသွားပီပေါ့ ဒီလောက်ပါဘဲ။

ထုံးစံအရဇာတ်ကားကြည့်ပြီးသွားရင် လေသွားပွားမလို့ Reddit က gameofthrone ကိုသွားကြည့်မိတယ်။ ပြီးတော့ဟိုဝင်ပွားဒီဝင်ပွားလုပ်မိတယ်။ နေ့ခင်း ၁၂ နာရီထိုးသွားတယ် ဘာမှမလုပ်ဖြစ်လိုက်ဘူး။ နေ့ခင်းစာနှင့်မနက်စာပေါင်းပြီးစားလိုက်တယ်။ ပြီးတော့ကော်ဖီလေးသောက်ရင်း စာအုပ်ဖတ်… ဖတ်နေတဲ့စာအုပ်ထဲကအရေးအသားတွေကို သဘောကျမိလို့ ကိုယ်လည်းလိုက်ရေးချင်စိတ်ပေါက်လာတာနှင့် အခုဒီစာကိုလိုက်ရေးဖြစ်လိုက်တယ်။ အော်ဒါနှင့်မနက်ဖြန်ဆိုရုံးပြန်တက်ရတော့မယ်။

Set Kyar Wa Lar

Written by

Software Engineer at Carro.sg . Writer. Maker of 👨‍💻 https://www.myanmardevjobs.com , https://myanpx.comand http://ponekyimel.com Wanna be DataScience

Welcome to a place where words matter. On Medium, smart voices and original ideas take center stage - with no ads in sight. Watch
Follow all the topics you care about, and we’ll deliver the best stories for you to your homepage and inbox. Explore
Get unlimited access to the best stories on Medium — and support writers while you’re at it. Just $5/month. Upgrade