စိတ်

လူတစ်ယောက်ရဲ့စိတ်ကအတော်လေးအရေးကြီးတယ်လို့ထင်တယ်။ ဥပမာ… မဖြစ်မနေထကိုထရမယ့်မနက်ခင်းထတာမျိုးပေါ့။ ကိုယ့်စိတ်ထဲမှာဒါလုပ်ကိုလုပ်ရမယ်ဆိုတဲ့စိတ်ထားထားရင် အချိန်ကျလာရင်အိပ်ပျော်နေတာတောင်အလိုလိုထလာတာမျိုးပေါ့။ အဲ့လိုဘဲအရေးမကြီးတာမျိုးဆိုရင် ကိုယ်မတော်တဆနိုးလာရင်တောင်အေးအေးဆေးဆေးပြန်မှေးအိပ်စက်သွားသလိုပါဘဲ။

အခုကျွန်တော်ကြုံနေရတာကစောင့်နေရတဲ့စိတ်ပါဘဲ။ ဘယ်အချိန်လောက်မှအဆင်ပြေမယ်ဆိုတာသိပေမယ့်ခဏခဏမေးချင်သိချင်နေတာဘဲ။ စိတ်ကလည်းအဲ့ဒီကိုဘဲအမြဲတမ်းရောက်နေတယ်။ တစ်ခါတစ်ခါအိပ်နေတဲ့အချိန်တွေမှာဆက်တိုက်အိမ်မက်တောင်မက်တယ်။ စိတ်ကဘဲဖြစ်ပျက်နေတယ်။ စောင့်ရတဲ့အချိန်တွေကျော်… သိရမယ့်အချိန်တွေကိုစောင့်မျှော်ရင်….