ဖြတ်သန်းနေသောကျွန်တော့်ဘဝ


“A man with his hands covered with mud” by jesse orrico on Unsplash

ခေါင်းစဉ်ဖတ်ပြီး click နှိပ်တဲ့သူတွေတော့ဂျင်းမိတာဘဲ 😂။ ဒီရက်ပိုင်းကိုယ်လုပ်ခဲ့တဲ့အလုပ် (Company) တွေနဲ့ပါတ်သတ်ပြီးတွေးဖြစ်တယ်… ဒါနဲ့ကိုယ်စပြီးအလုပ်ရတဲ့အချိန်ကနေပြီး အခုရတဲ့အလုပ်ထိကြုံရတာလေးတွေဟိုရေးဒီရေးရေးမယ်ဆိုပြီး ဒီစာပိုဒ်လေးဖြစ်လာတာပါဘဲ။

ပထမအလုပ် 💻

ထူးခြားချက်ကအလုပ်ရတဲ့ထိ computer မပိုင်သေးတာပါဘဲ။ ကိုယ်ပိုင် laptop မရှိခဲ့ပါဘူး။ အိမ်ကအစ်မေကမဝယ်ပေးနိုင်လို့ ကိုယ့်မှာအင်တာနက်ဆိုင် member ဝင် internet ဆိုင်သွားခင်ဘာလုပ်မယ်ဆိုတဲ့ list လေးစာအုပ်လေးထဲသေချာရေးသွားရတယ်… မဟုတ်ရင်ဟိုရောက်ဒီရောက်ဘာမှန်းမသိဖြစ်လွန်းလို့။ 😅အလုပ်ရပြီးခြောက်လလောက် laptop ရတယ်… (အမျိုးတွေပေါင်းဝယ်ပေးလို့) ရှစ်လမှာလား ကိုးလမှာလားမသိဘူးအလုပ်ထွက်ပြီးနောက်တစ်ခုရှာတယ်။ (First DevCon Myanmar သွားဖြစ်ပြီးတော့ connection တွေ knowleadge တွေရခဲ့တယ်။ အလုပ်စလုပ်တော့ ၁၈ မပြည့်သေးဘူး 😬

ဒုတိယအလုပ်မတိုင်ခင်

ပထမအလုပ်ထွက်ပြီးတော့ အလုပ်တွေလိုက်လျောက်တယ်။ မရဘူး။ ကိုယ်ကလည်းဘာမှတက်တာမှမဟုတ်တာ။ လူကအားနေတယ်… English စာကိုယ်ကဝါသနာပါတယ်။ ဒါပေမယ့်ပြောရမှာနည်းနည်းကြောက်တာနဲ့ ရွှေတိဂုံဘုရားနေ့တိုင်းသွားပြီးတော့ Guide တွေပြောတာခွင့်တောင်းပြီးလိုက်နားထောင်တယ်… နောက် Guide မပါတဲ့ Foreigner တွေကိုလိုက်ရှင်းပြတယ်။ တစ်ချို့ကလည်းကြောက်လန့်ထွက်ပြေးကြတယ်။ တစ်ချို့ကသူတို့ဆီလာလည်ဖို့ address တွေပေးသွားတယ်။ အခုတော့အဲ့ဒါတွေဘယ်ဆီနေမှန်းမသိတော့ပါ…

တတိယအလုပ် 💑

အထူးခြားဆုံးက ကျွန်တော့်အမျိုးသမီးနဲ့ တတိယအလုပ်မှာတွေ့တယ်။ အဲ့အလုပ်မှာ သိပ်မကြာဘူး နောက်ထက်တစ်ခု JOIN ဖြစ်တယ်။ ဒီအလုပ်ကိုလည်းဘယ်သောအခါမှမေ့မှာမဟုတ်ပါ။

စတုတ္တအလုပ် 🤯😅😬🎇

ကိုယ့်ကိုကိုယ်ဖင်စတားနေတဲ့အချိန်မှာ တကယ့်စီနီယာကြီးတွေနဲ့အလုပ်လုပ်ရတယ်။ ကိုယ်ဘာမှမသိသေးမှန်းသိပြီး အတက်နိုင်ဆုံးတော်တော်လေးလိုက်လုပ်ဖြစ်တယ်။ Laravel Documencation တွေဘာသာပြန်တယ်။ Tutorials တွေရေးတယ်။ (First Ever Hackathon ကော Second Hackathon ကောဝင်ပြိုင်ဖြစ်တယ်)။ အဲ့အလုပ်က senior အစ်ကိုတွေကကျွန်တော့် Programming carrier အတွက် အစ်ကိုတွေဆရာတွေပါဘဲ။

ပဉ္စမအလုပ် 👨‍💻

Product တစ်ခုကိုအစအဆုံးတစ်နှစ်ရေးတယ်။ နောက်နှစ်မှာ အသိတစ်ယောက် Join တယ်။ (ဒီရုံးမှာလုပ်နေတဲ့ သူငယ်ချင်းတွေနဲ့အခုထိ keep in touch ဘဲ) Myanmar နိုင်ငံမှာ Product လုပ်ရတာစိတ်ရှည်ဖို့လိုကြောင်းတော်တော်သိလိုက်တယ်။ Remote Job လုပ်ခွင့်ရတယ်။ အပြင်အလုပ်တွေကို Official ပေးတယ်။ ပိုက်ဆံဝင်တယ်… ၂နှစ်နားကပ်လာတော့ exite မဖြစ်တော့လို့ထွက်ဖြစ်တယ်။

ဆဌမအလုပ် 💑🛣

ကိုယ်ကအရင်အလုပ်မှာ learn လုပ်စရာမရှိဘူးလို့ခံစားရလို့… exite မဖြစ်လို့ထွက်လိုက်တာ ဒီမှာကိုယ်တွဲလုပ်ချင်တဲ့သူတွေကသုံးလခြားတစ်ခါလောက်ထွက်ထွက်ကုန်တယ်… တစ်နှစ်ပြည့်တော့ကျွန်တော်လည်းထွက်လိုက်တယ်။ ကလောသွားဖြစ်တယ်… မိန်းမယူတယ် 💏။

သတ္တမအလုပ်

အခုလက်ရှိတော့ Frontiir မှာ Assistant Staff Engineer အနေနှင့်အလုပ်လုပ်နေတယ်…