လက်ဖက်ရည်ဆိုင်

Image — Wikipedia

မိုးအေးအေးအခန်းထဲမှာလှဲလျှောင်းရင်း air con ကိုလည်းအေးသထက်အေးအောင်တင် စောင်လေးတဝက်လောက်ခြုံပြီးတော့ စာရေးဆရာမင်းလူရဲ့ အက်ဆေးချစ်သူ စာအုပ်ကိုဖက်နေသည်။ စာအုပ်အစပိုင်းမှာပင် လက်ဖက်ရည်အကြောင်းစလာတော့သည်။ လက်ဘက်ရည်တို့ လက်ဘက်ရည်ဆိုင်တို့ ကိုယ်ဖတ်နေတဲ့စာအုပ်ထဲပါလာလျှင် ရန်ကုန်ကသူငယ်ချင်းတွေနှင့်အတူထိုင်သောလက်ဘက်ရည်ဆိုင်ထိုင်သောအချိန်များကိုသတိရသည်။ သူများတွေလို လက်ဘက်ရည်ကြိုက်လွန်းလို့ချည်း သတ်သတ်တော့မဟုတ် လက်ဘက်ရည်ဆိုင်မှာထိုင် ဟိုပြောဒီပြောလေဖောရတာကိုကြိုက်သောကြောင့်ပင်ဖြစ်သည်။

စာအုပ်ဖတ်နေရင်းနှင့်လက်ဖက်ရည်အကြောင်းဖတ်မိတော့ လက်ဖက်ရည်သောက်ချင်သလိုလိုဖြစ်လာတာနှင့် ကော်ဖီထဖျော်မိသည်။ အကြောင်းက လက်ဘက်ရည်ကိုဘယ်လိုဖျော်ရမှန်းမသိသောကြောင့်ဖြစ်သည်။ ကော်ဖီဖျော်ပြီးအခန်းအတွင်းပြန်ဝင်လာပြီးမူလအတိုင်း ဆရာမင်းလူ၏ အက်ဆေးချစ်သူကိုဖတ်ရင်း ရန်ကုန်မှ လက်ဖက်ရည်ဆိုင်ထိုင်နေကျသူငယ်ချင်းများကိုသတိရနေမိသည်။