အပြေးတစ်လိုင်း

စတာကတော့ Yoma marathon (half marathon) ပြေးမယ်ဆိုတာကစတာပါဘဲ။

အစပိုင်းတုန်းကကိုယ့်ကိုယ်ကို ပြေးရတာကြိုက်ပြီမှတ်တာ နောက်ပိုင်းတော့မပြေးဖြစ်ပါဘူး။ နေပူတာမိုးရွာတာကစတာပါဘဲ။ အခုတော့ပြန်ပြီးလေ့ကျင့်ခန်းလေးလုပ်မယ်ဆိုပြီး ပြေးဖြစ်တာကနေ Yoma marathon (21 km) ပြေးမယ်ဆိုပြီးလုပ်ဖြစ်တယ်။ 21 km ပြေးဖို့ 7 weeks အချိန်ရတယ်။ တစ်ပတ်ကိုတစ်မိုင်တိုးနှင့် 7 miles ကစတယ်… run day ကြရင်ကွက်တိပေါ့… ဒါပေမယ့်မနေ့တုန်းကပြေးတာ 6 miles ဘဲပြေးနိုင်တယ်။

လောလောဆယ်တော့ စိတ်ဓာတ်မကျသေးပါဘူး။ ပြေးဖြစ်အောင်ပြေးမယ်စိတ်ဆုံးဖြတ်ထားတယ်။ 2018 target ထဲမှာလည်း တစ်နှစ်လုံးမှာ 200 miles ပြေးဖို့လည်းပါတယ်။ တစ်နှစ်လုံး မိုင်သုံးလေးဆယ်လောက်ပြေးတာကို ကိုယ့်ကိုကိုယ် runner တစ်ယောက်လိုပြောတာတွေကို စဥ်းစားမိတိုင်းရယ်ချင်တယ်။

အခုတစ်လောဘာမှမမလုပ်ဖြစ်ဘူး လုပ်ဖို့စဥ်းစားတိုင်းလည်းဘယ်လိုပြေးရလဲ… ဘယ်လိုပြေးပုံကအမှန်လဲဆိုတာကိုဘဲလိုက်ကြည့်ဖြစ်နေတယ်…