Myanpx.com (Download Free Photos)

myanpx.com

ကျွန်တော် Free Photo Sharing Website လုပ်မယ်ဆိုပြီး myanpx.com domain ကိုဝယ်ထားတာတော်တော်ကြာပြီ… အခြေခံ Feature တွေဘဲထည့်ပြီး ဘာမှထပ်မလုပ်ဖြစ်ဘူး။ အခုလည်းလုပ်ဖို့အားလို့ လုပ်ဖို့ Post တင်တာမဟုတ်ပါဘူး။ တစ်ချို့ Function တွေကအလုပ်မလုပ်သေးပါဘူး။ ဒါပေမယ့် domain ဝယ် basic CRUD လေးရေးပြီးဘာမှဆက်မလုပ်တာထက်စာရင်တော်ပါသေးတယ်ဆိုပြီးတင်လိုက် တာပါ။ တော်တော်များများကတော့အလုပ်မလုပ်သေးပါဘူး ဒါပေမယ့် Main Function ဖြစ်တဲ့ ဓာတ်ပုံကြည့်တာ download လုပ်တာတော့အဆင်ပြေပါတယ်။

ဘာလို့ဒါကိုလုပ်ဖြစ်လည်းဆိုရင် ကျွန်တော့် Facebook Page တစ်ချို့အတွက် Facebook Post တင်ဖို့လုပ်တော့ဓာတ်ပုံရှာရတော့ ငါလည်းဒါမျိုးလေးလုပ်ရင်ကောင်းမယ်ဆိုပြီး လုပ်ဖြစ်တာပါ။ နောက်ထက်အဓိကကတော့ ကျွန်တော်လည်း ဓာတ်ပုံဝါသနာပါတာ ကြောင့်လည်း ပါပါတယ်။

အခုလောလောဆယ် ပုံကိုတော့ invite လုပ်ထားတဲ့သူဘဲတင်လို့ရပါသေးတယ်… တကယ်လို့ myanpx.com မှာပုံတင်ချင်ရင် me@setkyar.com ကို contact လုပ်နိုင်ပါတယ်။

ပုံမှန်ပုံလေးတွေတင်ပြီး website ကို တစ်ခြား Language တစ်ခုခုနှင့် အစအဆုံးပြန်ရေးဖို့တော့ပြင်နေပါတယ်။ ဒါဆိုကျွန်တော်လည်းကောင်းကောင်း လေ့လာဖြစ်မယ်ဆိုပြီးတော့ပေါ့။