Sharing something I really amaze and some random thought

Category Theory in Life

Every Programmer Should Know ဆိုတဲ့ repo ကနေ Engineering Philosophy ရဲ့ပထမဆုံး talk Category Theory in Life ကိုနားထောင်ကြည့်ဖြစ်လိုက်တာ ကျွန်တော်လုံးဝ mind-blowing ဖြစ်သွားစေတာပါဘဲ။

Talk ကအတော်လေးမိုက်တယ် ကျွန်တော်တို့ပုံမှန်နေ့စစ်ဖြစ်ပျက်နေတာတွေ… ကျွန်တော်တို့ ပုံမှန်ဘယ်လိုစဥ်းစားလဲ ကျွန်တော်တို့ ဘယ်လိုစဥ်းစားသင့်လဲဆိုတာတွေကို တွေးမိစေတယ်။ ကျွန်တော်ဒီ talk ကိုကြည့်ပြီးတဲ့ညက အိမ်မက်ထဲမှာပါ ဒီ category theory ကိုဘယ်လိုလက်တွေ့ဘဝမှာ အသုံးချနိုင်လဲဆိုတာ အိမ်မက်ထဲမှာအခြားလူတွေကိုရှင်းပြဖြစ်တယ်။

စိတ်ထဲမှာအတော်လေးကိုဒီ talk ရဲ့ Topics တွေကလွှမ်းမိုးနေတယ်။ ရုံးကလူတွေပြောပြ talk ရဲ့ link ကို share လိုက်လုပ်ဖြစ်တယ်။ ကိုယ်ကအရမ်းတက်ကြွနေတယ် ဒီဟာကြီးကိုအရမ်းမိုက်တယ်ဆိုတဲ့ခံစားချက်ရနေတဲ့အချိန် ကိုယ် link share လိုက်တဲ့လူတွေကို ကြည့်ပြီးပီလား ဘယ်လိုထင်လဲလိုက်မေးကြည့်တယ်။

တစ်ချို့ကသိပ်စိတ်မဝင်စားဘူး တစ်ချို့ကကြည့်ကိုမကြည့်ဖြစ်ဘူး။ တစ်ချို့ကတစ်ဝက်တစ်ပျက်နှင့်ရပ်လိုက်တယ်။ တစ်ချို့ကလည်းနည်းနည်းစိတ်ဝင်စားတယ်… တစ်ချို့ကအတော်လေးစိတ်ဝင်စားတယ်။ အမျိုးမျိုးဘဲ။

ကျွန်တော်လည်းငါ့အတွက်အိမ်မက်တောင်မက်စေတဲ့ talk တစ်ခုကဘာလို့သူများတွေအဲ့လောက်သိပ်စိတ်မဝင်စားတာလဲဆိုပြီးတော့ talk ကိုနောက်တစ်ခေါက်ပြန်ကြည့်ဖြစ်တယ်။ Talk ကိုကြည့်ရတာအတော်လေး excite ဖြစ်သေးတယ်။ နောက်သုံးခေါက်လေးခေါက်ငါးခေါက်လည်းရောက်ရော လူကပထမဆုံးလို excite မဖြစ်တော့ဘူး။

အဲ့မှာကျွန်တော်တွေးမိတာက ကျွန်တော့်အတွက် တစ်ခုခုကို mind-blowing ဖြစ်ဖို့ရာအတွက်အချိန်နေရာလိုတယ်ဆိုတာပါဘဲ။ လူတော်တော်များများမှာဖြစ်ဖူးကြမယ်ထင်တယ် ဥပမာ ဒီစာအုပ်ကအရမ်းကောင်းတယ်ဆိုပြီး ကိုယ့်အသိမိတ်ဆွေတစ်ရောက်ရောက်ကညွှန်းလို့ ဖတ်ကြည့်လိုက်တယ် ပထမစာမျက်နှာ အနည်းငယ်မှာဘဲ လူကညီးငွေ့ပြီးမဖတ်ချင်တော့တာလိုမျိုးပေါ့… ဆက်မဖတ်ဖြစ်တော့ဘဲ အဲ့စာအုပ်ကိုခဏထားထားလိုက်တယ်… ဒါပေမယ့် တစ်ရက်ကြ အကြောင်းကြောင်းကြောင့် အဲ့စာအုပ်ကိုပြန်ဖတ်ဖြစ်ပြီးတော့ ဒီလောက်ကောင်းတဲ့စာအုပ်ကိုငါဘာလို့အဲ့တုန်းက ပျင်းစရာကြီးလို့ထင်တာလဲဆိုပြီး အတွေးတွေချာချာလည်တာမျိုးပေါ့။

Photo by Thomas Charters on Unsplash

အားလုံးခြုံငုံပြီးတွေးမိတာကတော့ တစ်ချို့အရာတွေကကိုယ်နားလည်ဖို့ရာ သို့မဟုတ် ကိုယ်စိတ်ဝင်စားဖို့ရာ အချိန်/နေရာ တွေလိုတယ်ဆိုတာပါဘဲ။