Thingyan Plan

သင်္ကြန်တွင်းမှာ ဘယ်မှမသွားဘဲ အိမ်မှာဘဲနေရင်း course တွေလိုက်တက်မယ် စာအုပ်တွေဖတ်မယ်ဆိုပြီး နှစ်တိုင်းနီးပါးလုပ်ဖြစ်တာကျွန်တော်ပါဘဲ။ ဒါပေမယ့် ကိုယ်တက်ချင်တဲ့ course တွေပြီးအောင်မတက်ဖြစ်ခဲ့ပါဘူး။ ဖြစ်နိုင်တဲ့ အတိုင်းအတာထိမဟုတ်ဘဲ ကိုယ့်စိတ်က imagine ဖြစ်တာတွေကိုဘဲတောက်လျောက်လိုက်လုပ်နေတာဆိုတော့ကဘယ်လိုမှဖြစ်ဖြစ်မြောက်မြောက်မရှိခဲ့ပါ။

ဒီနှစ်တော့ Course နှစ်ခုနဲ့စာအုပ်တစ်အုပ်ပြီးအောင်လုပ်မယ်လို့ဆုံးဖြတ်ထားပါတယ်။

Learning How to Learn ဆိုတဲ့ course ရယ်… Essential Mathematics for Artificial Intelligence ဆိုတဲ့ course ရယ် YDNJS book series ပြီးအောင်ဖတ်ဖို့ပါ။ ဒီနှစ်တော့ imagine မဟုတ်ဘဲလက်တွေ့လုပ်နိုင်ဖို့မျှော်လင့်ရတာပါဘဲ။ ရှေ့ရက်တွေကဖျားနေလို့ ဒီနေ့မှသေချာလိုက်လုပ်ရတော့မယ်။

သင်္ကြန်ရုံးပိတ်ရက်အပြီး ဒါတွေပြီးလားဆိုတာ comment မှာပြန်လာရေးမယ်… အခုတော့ course တက်လိုက်ဦးမယ်။