Than Kyaw Sint
Aug 31, 2018 · 2 min read

ကြော်ငြာတွေပေါ်က Disclaimer တွေအကြောင်း


ကျွန်တော်တို့ Video တွေကြည့်တဲ့အခါ (ဒါမှမဟုတ်) ဆိုရှယ်တွေပေါ်မှာ တချို့ Brand တွေရဲ့ post တွေပေါ်က AW တွေမယ် အောက်ထောင့်လောက်မှာ သေးသေး သေးသေးနဲ့ရေးထားတဲ့ စာလေးတွေရံဖန်ရံခါ မြင်ရတတ်ပါတယ်။ ဘိလပ်လိုဆိုရင်တော့ Disclaimer ပေါ့လေ …မြန်မာလိုဆိုရင်တော့ “မသက်ဆိုင်ကြောင်းရှင်းလင်းချက်” လို့ခေါ်မလား “ငါတို့ဒါကို Claim မလုပ်ဘူးဆိုတဲ့ ဖြောင့်ချက်”လို့ပဲ ခေါ်မလားပေါ့။ Agency နဲ့ Brand သမားတွေအသုံးများတာတော့ Disclaimer ပဲ အခေါ်များတယ်ဗျ။

Source from Ko Pyae Phyo Naing

Disclaimer နဲ့ ပထမဆုံးရင်းနှီးခဲ့တာ ခေါက်ဆွဲခြောက်ထုပ်တွေ … ကြက်ပေါင်ကြီးပြထားပြီးတော့ ပုံရဲ့အောက်ခြေမှာတော့ ဘိုလို “အာဟာရပြည့်ဝစေဖို့ ဘာထည့်ပါ ညာထပ်ထည့်ပါ” ဆိုပြီး ရေးထားတတ်တယ်။ လူတိုင်းတော့ သိပြီးသားပဲ ခေါက်ဆွဲခြောက်လို fast food မျိုးဟာ junk food အုပ်စုထဲမှာပါတယ် ဆိုတာ … ပုံပြထားပေမယ့် ငါတို့ဒါကို Claim မလုပ်ပါဘူး ဆိုတဲ့သဘောပေါ့ … အဲ့ဟာက packaging မယ် FDA ကြောင့်ထည့်ရတဲ့ ကိစ္စပေါ့နော် … ခေါက်ဆွဲခြောက် TVC တွေ ဆိုရှယ်ပို့စ်တွေ မယ်ကျတော့ Disclaimer က ကိုယ် တွေ့ရသလောက်တော့ ပါမလာတာက တစ်ပိုင်းပေါ့လေ 😑 Social တွေပေါ်က AW တွေအတွက် Disclaimer ကို တင်းတင်းကြပ်ကြပ်ကြီးတော့ မဟုတ်ပေမယ့် ထည့်တော့ထည့်သင့်တယ် ထည့်ဖို့လည်းလိုအပ်တယ်လို့တော့ ယူဆမိတာပဲလေ။ အခုထိတော့ မြန်မာပြည်မယ် ဒီလို Disclaimer ထည့်တဲ့ Brand က လက်ချိုးရေလို့ရတဲ့ အနေအထားပဲရှိသေးတယ်ဗျ။ ကိုယ့် Brand ကို ကိုယ် ကာကွယ်ဖို့၊ စားသုံးသူကို လွဲမှားတဲ့ Message မရစေဖို့ ဘာညာအစချီတဲ့ ရည်ရွယ်ချက်တွေနဲ့ပေါ့လေ … အဓိကကတော့ Brand အတွက် Legal Protection ယူတဲ့ သဘောပေါ့လေ

Source form Internet

နောက်ထပ်တစ်ခုက Facebook တွေပေါ်က ကံစမ်းမဲပို့စ်တွေ ပြိုင်ပွဲပို့စ်တွေ ပရိုမိုးရှင်းပို့စ်တွေနဲ့ သက်ဆိုင်တဲ့ Disclaimer “စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များရှိသည်” “အရေအတွက်အကန့်အသက်ရှိသည်” စသဖြင့် ဘာညာအနေအထား 🙄 ဒီမှာကတော့ Disclaimer ကအသိပေးရုံသက်သက်ပဲ ပိုအရေးကြီးတာက သူနဲ့ဆိုင်တဲ့ “စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ” Terms & Conditions (T&C)

ဒီမှာက Contest ဟေ့ဆိုတာနဲ့ ပြိုင်ကြမယ် … Result တွေထွက်လာရင် အမျိုးတွေပတ်ပေးတယ် ဂျင်း ဘာညာ အသံတွေက အမြဲလိုလိုကို ပါတယ် :3 Terms & Conditions လို့ခေါ်တဲ့ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ (T&C) တွေ ဖတ်ကြလားဆိုတော့လည်း မဖတ်ကြဘူး :3 Contest တွေမြန်မာ့ဖေ့ဘုတ်လောကမယ် ဟုန်းဟုန်းတောက်ခဲ့တဲ့ ၂၀၁၃ ကနေ အခုအထိ ဘာပြိုင်ပွဲဖြစ်ဖြစ် အများစုမယ် result ထွက်လာပြီးရင်ဆဲကြဆိုကြ အငြင်းပွားကြနဲ့ .

မြန်မာပြည်က Brand အကြီးတွေမယ် ဖေ့ဘုတ်တွေကို Contest တွေကို ဘယ်လောက်သေးသေး T&C ကိုသေချာ တည်ဆောက်လာတာ ကိုယ်သိသလောက် Coca-Cola နဲ့ Ooredoo …. မယုံရင် ၂၀၁၃-၂၀၁၄ လောက်က သူတို့ Page က Notes တွေပေါ်မယ် ပြန်ရှာဖတ်ကြည့် စာတစ်တန်ပေတစ်တန်နဲ့ အကြီးအကျယ် ထောင့်စေ့အောင်ကို ရေးထားတာ။ ဆိုတော့ကာ ကံစမ်းမဲဆိုလည်း Unit အကန့်အသက်ရှိကြောင်း၊ Promo ဆိုတိုင်းလည်း သူနဲ့ဆိုင်ရာ ဆိုင်ရာ Criteria တွေအကြောင်း ပစ္စည်းအကန့်အသက်ကဘာ အစရှိသဖြင့်ကို စားသုံးသူနဲ့ နားလည်မှုမလွဲမှားရအောင် ပြင်ဆင်ထားရမယ်ပေါ့ …. ဒါတွေ ဖတ်တာမဖတ်ကတော့ သူတို့ကိစ္စပဲလေ 😥

ဒီ့ထပ်ပိုပြီးပြောချင်တာက Video တွေ မှာပါတဲ့ Dicalimer တွေအကြောင်း

ဆိုကြပါစို့ … ဖုန်းကြော်ငြာ ဆိုပါတော့ Display ကို ကြည့်တဲ့သူကိုမြင်စေချင်တဲ့အခါ ကင်မရာနဲ့ ဒဲ့ရိုက်တာ ရှားပြန်ရော။ အရင်ရိုက် နောက်မှ ပြန်လိုက်ကပ် ။ ဒဲ့သွားရိုက်ရင်တော့ ရှင်းခနဲမြင်ရဖို့ကခက်ပြန်ကော :3 အဲ့လိုအခြေအနေမျိုးတွေမှာ Disclaimer လိုပြန်ကော … ၂၀၁၆ လောက်က Samsung ရဲ့ Rio Olympic အတွက် “Anthem” ဆိုတဲ့ S7edge Brand TVC … သဘောကျလွန်းလို့ ပြန်ကြည့်ရင်း ကြည့်ရင်း အဲ့ စာသားကို အမှတ်မထင်သွားတွေ့ရင်း စိတ်ဝင်စားလို့ဖတ်ကြည့်ရင်း သိလာတာပေါ့လေ “Screen Image Simulated” ဘာညာ အနေအထား။ ပြီးတော့ အခုနှစ်ပိုင်းလောက်မှာ Apple ကို တောက်လျှောက်ဝုန်းတဲ့ ကြော်ငြာတွေမယ်ဆို Disclaimer ဆို လှိုင်လှိုင်ကြီး သတိထားပြီးသုံးတာ တွေ့ရတယ်ပေါ့နော် …

ပြန်ပြောရမယ်ဆိုရင်တော့ Disclaimer ဆိုတာမျိုးက ဒီBrand ရဲ့ Content အတွက် ပေးချင်တဲ့ Message အပေါ်မှာမှ ဖြောင့်ချက်တစ်ခုဖြစ်ကြောင်း နားလည်မှုမလွဲအောင် ကြိုတင်ကာကွယ်တဲ့သဘောအနေနဲ့ထည့်ရတာပေါ့ဗျာ… သူတို့အတွက်လည်း Legal Protection ကြိုယူထားတဲ့ သဘောတရားပေါ့။

ဒီ့ထပ်အသေးစိပ်သိချင်ရင်တော့အောက်က Link မှာသာ သွားရှာဖတ်ကြည့်ကြပေါ့… နိုင်ငံတစ်ခုနဲ့တစ်ခုတော့ Disclaimer တွေအပေါ် တည်ဆဲဥပဒေတွေ နည်းဥပဒေတွေ ကတော့ တစ်နိုင်ငံနဲတစ်နိုင်ငံ မတူတတ်ဘူး ရှိတော့ရှိရတယ် .. ဒီမှာတော့ စားသုံးသူအခွင့်အရေးဦးစီးဋ္ဌာနနဲ့ ပိုဆိုင်မယ်လို့ထင်တာပဲ။ ဒီစာကို ရေးရတဲ့ အကြောင်းက ဖုန်း Brand တစ်ခု က Global TVC မှာ Selfie Cam မသုံးပဲ ကင်မရာနဲ့ရိုက်တဲ့ BTS တက်လာတဲ့ သတင်းတွေ့မိလို့ Disclaimer တွေအကြောင်း စဉ်းစားမိပြီး သိသလောက် ထရေးတာ ဖြစ်ကြောင်း။ Credit : Pyae Phyo Naing

Ref Links :

https://www.fec.gov/updates/basic-rules-for-disclaimers-on-radio-and-tv-ads/

https://youtu.be/r30L7dyDib8

https://youtu.be/3qhW1sDPHYI

https://youtu.be/R59TevgzN3k

    Welcome to a place where words matter. On Medium, smart voices and original ideas take center stage - with no ads in sight. Watch
    Follow all the topics you care about, and we’ll deliver the best stories for you to your homepage and inbox. Explore
    Get unlimited access to the best stories on Medium — and support writers while you’re at it. Just $5/month. Upgrade