My Very Fast Foreign Trip (Bangkok)

မာတိကာ

  1. Intro
  2. ကျွန်တော်နှင့် ဗိုက်ရွဲရဲများ (သိုမဟုတ်) Passport လုပ်ချင်း

1.Intro

ဒီဆောင်းပါးမှာ ကျွန်တော်ရဲ ပထမဆုံး ပြည်ပ ခရီးစဥ်ဖြစ်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို သွားရောက်ခဲ့အကြောင်းမျှ၀ေသွားမှာပါ။ လည်ဖို့အချိန်အားဖြည့် ၅ရက် 
သွားဖို့စီစဥ်လိုက်ပီးဆိုတည်းက ကိုယ့်အတွက် စွန့်စားခန်းကစတော့တာပါဘဲ။

ပြည်ပခရီးစဥ်
ပြည်ပခရီးစဥ် လို့ ကြားလိုက်တည်းက တစ်ယောက်ထဲသွားဖို့ခေါင်းကြိမ်းမိတယ်။ ပိုပီးဆိုးစေတာက ခရီးသွားအဖွဲ့တွေနဲ သွားတာမဟုတ်ဘဲနဲ တစ်ယောက်ထဲ 
ကိုယ်ထူကိုယ်ထဆိုတာ့ ပိုပီး စိုးရိမ်ရတယ်။ ကျွန်တော် ခရီးသွားအဖွဲတွေနဲသွားဖို့ စီစဥ်ပါသေးတယ်။ ခရီးသွားအဖွဲ့တွေနဲ သွားရင်ကို က အခန့်သားပဲ လေ ကားပေါ်ကို
ထိုင်ပီးလိုက် သွားရုံပဲ ဘာမှစိတ်လှုပ်ရှားစရာမပါဖူး။ ပီးတော့ကို သဘောကျတဲ့နေရာတွေဆိုလည်း အများနဲသွားတာမို့လို အကြာကြီး နေလို့မရဖူး နည်းနည်းစိတ်အလိုမကျစရာလေးတွေများတယ်။ အခုဟာ က ကိုယ်တိုင် မြေပုံနဲ သွားမယ်နေရာက စီစဥ်ရတယ်။ အားလုံးကိုယ့်အတွက် စိန်ခေါ်စရာတွေချည်းပဲ။ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုလည်းတိုးစေပါတယ်။