Career Tips to find jobs in Singapore

Thet Su
3 min readMay 19, 2024

--

ဒီတစ်ခါကျတော့ Data Scientist အတွက်တင် မဟုတ်ပဲ အခြား IT job တွေအားလုံး အတွက်ပါ သက်ဆိုင်တဲ့ အလုပ်ရှာတဲ့ အကြောင်းပြောကြမယ်။ Data Scientist နဲ့ ပတ်သတ်ပြီး နည်းနည်း specific ဖြစ်နေတာလေးတွေကိုလည်း ထည့်ရေးပေးထားပါတယ်။

အလုပ်လို့ စပြောရင် အရင်ဆုံး Data Scientist နဲ့ ပတ်သတ်ပြီး Job market အကြောင်းစပြောရမှာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာမှာ AI/ Data Science နဲ့ ပတ်သတ်ပြီး အလုပ်က မရှိသလောက်ရှားနေပါတယ်။ Covid နဲ့ Coup နောက်ပိုင်းကို နိုင်ငံခြား company တွေလည်း အကုန် ပိတ်သွားပြီး local company တွေကလည်း research အတွက် fund အခက်အခဲကြောင့် ပိတ်လိုက်ရတာတွေ အများကြီးပါ။ အခုဆို လက်ချိူးရေလို့ရပါတယ်။ ဒါကြောင့် မြန်မာမှာ Data Scientist အနေနဲ့ အလုပ်လုပ်ဖို့ စိတ်ကူးထားရင် အလုပ်အကိုင်က အရမ်းတော့ အဆင်မပြေနိုင်ပါဘူး။

ဒါကြောင့် အခြား နိုင်ငံတွေမှာ အလုပ်ရှာဖို့ tips လေးတွေကို အသားပေးပြီး ပြောပြပေးချင်ပါတယ်။

အရင်ဆုံး အလုပ်လျှောက်မယ့်ဆို လုပ်ရမှာက Resume ကို သေချာလေးပြင်ပါ။ first impression မို့ အရေးကြီးပါတယ်။ Resume မှာဘာတွေဘယ်လိုတွေ ထည့်ရမယ်ဆိုတာကို တစ်ခါပြောဖူးပါတယ်။ ဒီ link ကနေပြန်ကြည့်လို့ရပါတယ်။

https://medium.com/@thetsuwin.tsw6/resume-tips-for-data-professional-3feb53eec1db

job post တွေမှာပါတဲ့ skills and requirements တွေကို လိုက်ကြည့်ပါ။ အတော်များများ ကိုယ်က ၇၅% လောက် ကိုက်နေရင် လျှောက်သာလျှောက်ပစ်ပါ။ နောက်တစ်ခုက Resume တစ်ခုကို Fixed မလုပ်ပဲ ကိုယ်လျှောက်မယ့် Job Description ကိုကြည့်ပြီး Work Experience နဲ့ Technical Skill ကို Highlight လုပ်တာကောင်းတယ်လို့ထင်ပါတယ်။ ဒါမှလည်း recruiter တွေက match ဖြစ်တယ်ဆိုပြီး သတိထားမိမှာပါ။

interview, code test ဒါတွေက အလုပ်မရသည့်တိုင် ဘာတွေပြင်ပြီး ပြင်ဆင်ဖို့လိုလဲ ဘယ်ဟာကို ဘယ်လိုဖြေရမလဲ ဆိုတာတွေ သိလာမှာမို့ တကယ်ကောင်းတဲ့ အခွင့်အရေးပါပဲ။ interview ဖြေတာများရင်လည်း လူက လူရည်ပါးလာပြီး ဘာကိုဆို ဘယ်လိုဖြေရမလဲ ဘယ်လိုဖြေသင့်လဲ ဆိုတာတွေ သိလာမှာပါ။

Data Scientist အတွက် အလုပ်က Data Scientist တစ်ခုထဲနဲ့ ရှာရင်တော့ နည်းပါတယ်။ အခြား Machine Learning Engineer, Research Scientist, AI Engineer, Algorithm Engineer ဒါတွေနဲ့လည်းရှာလို့ရပါတယ်။ Organization တစ်ခုနဲ့ တစ်ခုအခေါ်အဝေါ်လည်း ကွာပါတယ်။ မလျှောက်ခင် responsibility လေးတွေ တစ်ချက်တော့ဖတ်ကြည့်ပေါ့။

စလုံးမှာ အလုပ်ရှာမယ်ဆိုရင်တော့ ဒီအချက်လေးတွေက သိထားသင့်တယ်လို့ထင်ပါတယ်။

အများအားဖြင့် LinkedIn, Glassdoor, jobstreet ကနေခေါ်တာများပါတယ်။ တစ်ခါတစ်လေ Job site တွေကနေ Apply နှိပ်ရင်း MyCareerFuture ဆိုတဲ့ Site တွေရောက်သွားရင် အဲ့ဒါက Singaporean, PR နဲဲ့ လက်ရှိ Singapore မှာနေထိုင်တဲ့သူတွေ အတွက် ဖွင့်လှစ်ထားတဲ့ position တွေပါ။ position က oversea ကသူတွေ အတွက် မဟုတ်တာပါ။

Remote Job တွေက ဘွဲ့လတ်မှတ်မတောင်းပါဘူး။ ဒါကြောင့် ကျောင်းမပြီးသေးတဲ့ သူတွေလည်း remote job တွေ try လို့ရပါတယ်။ On-site ကတော့ Singapore Government အသိအမှတ်ပြုထားတဲ့ Degree/Diploma တစ်ခုခု ရရပါမယ်။ Data Scientist အလုပ်က Remote job တော့နည်းနည်းရှားပါတယ်။ ကိုယ့်လုပ်ရတဲ့ role & responsibilities ပေါ်လည်းမူတည်ပါတယ်။ အများအားဖြင့် data privacy ကြောင့်ပါ။ အချို့တွေဆို Probation 6 month ကို remote လုပ်ပြီး ပြီးမှ အဆင်ပြေတယ်ထင်ရင် ခေါ်တာမျိုးတွေ လည်း တွေ့ဖူးပါတယ်။

Singapore မှာက Fresh Graduates ထက် Experienced ရှိတဲ့သူကို ပိုလိုချင်ပါတယ်။ ဒါက Japan လိုမျိုးနဲ့ ပြောင်းပြန်ပါ။ Japan က သင်ပေးမယ်/Train ပေးမယ်ဆိုတဲ့ သဘောနဲ့ Fresh Graduates တွေခေါ်ပေမယ့် Singapore ကတော့မဟုတ်ပါဘူး။ Fresh graduates ကတော့ သူတ်ို့ နိုင်ငံက ကျောင်းဆင်းထားတာတွေခေါ်တာပဲများပါတယ်။

နောက်တစ်ချက်က ကိုယ်လျှောက်တဲ့ company ကိုသေချာလေ့လာပါ။ ဥပမာ Government နဲ့ဆိုင်တဲ့ နေရာတွေဆို Foreigner မထားပါဘူး။ ဘယ်လောက် တော်နေ တော်နေ မခေါ်ပါဘူး။ ပြီးတော့ TikTok (ByteDance) လိုမျိုးတွေ။ အဲ့မှာလုပ်နေတဲ့ အသိတစ်ယောက်ပြောပုံအရဆို Documentation တွေ အတော်များများက Chinese လိုမျိုးရေးထားတာပါ။ဒါဆို ကိုယ်က Chinese Language မရရင်တော့ probability က အရမ်းနည်းပါတယ်။ Department လည်းကွာကောင်းကွာနိုင်ပါတယ်။ အဓိကက ကိုယ်လျှောက်မယ့် company အကြောင်းကို အနည်းငယ် သိထားပြီး လျှောက်သင့်မလျှောက်သင့် စဉ်းစားဖို့လိုကြောင်းပြောချင်တာပါ။

အရင်ကလို Singapore ကို လာပြီး အလုပ်ရှာတာမျိုးတွေက မလုပ်တာကောင်းပါတယ်။ အရမ်း risk များသလို ပိုက်ဆံလည်း အရမ်းကုန်ပါတယ်။ ရနိုင်/မရနိုင်ခြေက remote လှမ်းလျှောက်တာနဲ့ အတူတူပါပဲ။ အခုက Zoom တွေ Teams တွေသုံးနေတာမို့ online interview၊ online test တွေပဲ request လုပ်ပြီး သေချာပေါက် ရနိုင်ခြေ percentage များမှသာ လာတာကောင်းပါတယ်။ ကိုယ့် အလုပ်ကလည်း IT အလုပ်မို့ physically လည်း ပြစရာမလိုပါဘူး။

ပြီးတော့ Japan လိုမျိုး agent မရှိပါဘူး IT အလုပ်က။ ကိုယ့်ဘာသာလျှောက်ရမှာပါ။ တစ်ခုရှိတာက refer လုပ်ပေးတာမျိုးတွေဆို ရနိုင်ခြေများပါတယ်။ ကိုယ့်အသိတစ်ယောက်က ကိုယ့်ကို အဲ့ company အတွက် ညွှန်းပေးလိုက်တာတွေဆို ပိုပြီး chance များပါတယ်။ ကိုယ့်ရဲ့ Network လေးကို ချဲ့ထားပေါ့။ Visa က Singapore က မလိုပါဘူး။ PV/PJ စိတ်မဝင်စားပါဘူး စလုံးက။ IPA ပါရင်ရပါတယ်။ Work Permits က ရုံးက လျှောက်ပေးရတာပါ။ ကိုယ်တိုင်လုပ်စရာမလိုပါဘူး။

အခုလာမယ့် October, November, December, January က School Holiday, Year End Bonus, Christmas, New Year, Chinese New Year အကုန် ဆက်နေတာမို့ ရှိတဲ့သူတွေက အလုပ်လည်း မထွက်ကြသလို အလုပ်လည်း အသစ်မတင်ကြပါဘူး။ March လလောက်မှ ပြန်စကြတာဆိုတော့ အခုတည်းက ပြင်ဆင်သင့်တာတွေ ပြင်လို့ရပါပြီ။

အကယ်၍ ကိုယ်က applications တွေအများကြီး လျှောက်ပြီး တစ်ခုမှ response မရခဲ့ရင်တော့ ပြန်ပြီး review လုပ်သင့်နေပါပြီ။ resume ကြောင့်လား ကိုယ့်ရဲ့ skill က လျှောက်လိုက်တဲ့ အလုပ်နဲ့ကော ကိုက်ညီရဲ့လား ပေါ့။ Singapore မှာ အလုပ်ရဖို့က သူတို့နိုင်ငံသားတွေတောင် အရမ်းလုပ်ရတာမို့ competitive ဖြစ်ပါတယ်။ စိတ်ရှည်ရှည်ထားရပါမယ်။ ကိုယ့်ရဲ့ network cycle ကို ချဲ့နိုင်သလောက်ချဲ့တာတွေ၊ လက်ရှိ လုပ်ငန်းခွင်မှာ တကယ်လိုတဲ့ Skill တွေ ဖြည့်နေတာက အများကြီး အကျိုးရှိပါတယ်။

နောက် post မှာက အမတုန်းက လုပ်ခဲ့ရတဲ့ Data Scientist interview process ကို အသေးစိတ် sharing လေးလုပ်ပေးပါမယ်။

တစ်ခြားသိချင်တာတွေရှိလည်း လာမေးလို့ရပါတယ် အမ သိသလောက်လေး ပြောပြပေးပါမယ်။ ဒီ content ကနေ တစ်ခုခု information ရသွားမယ်လို့ မျှော်လင့်ပါတယ်။

အလုပ်အကိုင် အခွင့်အလမ်းတွေလည်း အဆင်ပြေကြပါစေ

--

--