Managing our own DNS Name on AWS CloudFront

Wai Lin Oo
3 min readNov 30, 2023

--

ကျွန်တော်တို့ အရင် Blog တွေမှာတော့ S3 ပေါ်က Static Website တွေကို CloudFront နဲ့ ဘယ်လို ချိတ်ဆက် အသုံးပြုရမလဲ ဆိုတာကို လေ့လာခဲ့ပြီး ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ CloudFront Url တွေကို ကိုယ်ပိုင် DNS Name အဖြစ် ဘယ်လို ထားမလဲဆိုတာ ဆက်လက်ပြောပြသွားပါမယ်။

အရင်ဆုံး ကျွန်တော့်မှာ CloudFront နဲ့ ချိတ်ဆက်ထားတဲ့ S3 Static Website လေး တစ်ခုရှိတာကို တွေ့နိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ CloudFront Distribution မှာ ကိုယ်ပိုင် DNS Name သတ်မှတ်ဖို့အတွက် General ထဲက Settings မှာ Edit ကိုနှိပ်ပါ။

Add Item ကို နှိပ်ပြီး DNS Name တစ်ခု ပေးပါမယ်။

ကျွန်တော် ဒီနေရာမှာ web.wailinuat.cloudns.biz လို့ ပေးခဲ့ပါမယ်။

နောက်ပြီး Custom SSL Certificate နေရာမှာ ကျွန်တော်တို့ ACM ထဲက ကြိုတင် request လုပ်ထားတဲ့ certificate လေးကို ရွေးပေးပါမယ်။

ACM ကို အသုံးပြုပြီး Certificate တစ်ခု ရယူနည်းကိုတော့ Blog လေးရဲ့ အဆုံးမှာ Link လေးထည့်ပေးထားပါတယ်။

ပြီးရင်တော့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် DNS Panel ထဲမှာ Record တစ်ခု ထည့်ဖို့ အတွက် Add new Record ကို နှိပ်ပါမယ်။

အောက်မှာမြင်ရတဲ့ အတိုင်း Host နေရာမှာတော့ web ဆိုပြီး ထည့်ထားပါတယ်။

ကျွန်တော်တို့ CloudFront မှာ ပေးခဲ့တဲ့ နာမည်အတိုင်းပါပဲ။

Point to နေရာမှာတော့ ကျွန်တော်တို့ CloudFront လေးရဲ့ Domain Name လေးပါ။

Domain Name ကို Bind မှာဖြစ်တဲ့ အတွက် Type မှာတော့ CNAME ကို ရွေးပါတယ်။

ဒီလိုဆို ကျွန်တော်တို့ CloudFront Distribution မှာ Deploying ဖြစ်နေပါပြီ။

DNS Resolved ဖြစ်ဖို့ အတွက် အချိန်ခနတော့ စောင့်ရပါမယ်။

ပြီးသွားပြီဆိုရင်တော့ ကျွန်တော်တို့ CloudFront မှာ DNS Name လေး ရောက်နေတာကို တွေ့နိုင်ပါပြီ။

ပြီးရင်တော့ ကျွန်တော်တို့ DNS Name လေးက တစ်ဆင့် Website ကို ခေါ်ကြည့်ပါမယ်။

အားလုံး နားလည်ကြမယ် မျှော်လင့်ပါတယ်။

S3 Static Website တွေကို CloudFront နဲ့ ဘယ်လို အသုံးပြုရမလဲ ၊ AWS ACM ကို အသုံးပြုပြီး Certificate တွေကို ဘယ်လို Request လုပ်ရမလဲ ဆိုတာကိုတော့ အောက်က ကျွန်တော့် Blog တွေမှာ ဆက်လက် လေ့လာနိုင်ပါတယ်။

Blogs:

References:

--

--