Requesting Certificate Using AWS Certificate Manager

Wai Lin Oo
3 min readNov 29, 2023

--

ကျွန်တော်တို့ ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် DNS Name တွေ အတွက် SSL Certificate တစ်ခုကို AWS Certificate Manager ကိုသုံးပြီး ဘယ်လို Create လုပ်ရမလဲဆိုတာကို ပြောပြသွားပါမယ်။

လက်ရှိ ကျွန်တော့မှာ wailinuat.cloudns.biz ဆိုတဲ့ Domain Name လေးတစ်ခုရှိပါတယ်။

DNS Name လေးကိုတော့ Cloudns ဆိုတဲ့ Free DNS Site ကနေ ယူထားတာပဲဖြစ်ပါတယ်။

https://www.cloudns.net/main/

AWS Certificate Manger Console ထဲက Request ကို ရွေးပါ။

တစ်ခု သတိထားရမှာကတော့ AWS Region က N.Virginia ဖြစ်နေဖို့တော့ လိုပါတယ်။

Public Certificate ဖြစ်တဲ့အတွက် Next ကိုပဲ ထပ်နှိပ်ပေးပါ။

ကျွန်တော်တို့ Bind လုပ်မယ့် Domain Name လေးကို ထည့်ပေးပါမယ်။

ကျွန်တော် ဒီနေရာမှာ Root Domain အတွက်ကော Sub Domain နှစ်ခုလုံးကို Resolved ဖြစ်အောင် နှစ်ခု ထည့်ထားတာကို တွေ့နိုင်ပါတယ်။

ပြီးရင် Request ကို နှိပ်ရင် ရပါပြီ။

Request လုပ်ပြီးသွားပေမယ့် ကျွန်တော်တို့ Certificate လေးက Pending State မှာပဲ ရှိနေသေးတာကို တွေ့ရပါတယ်။
ကျွန်တော်တို့ ကိုယ်ပိုင် DNS နဲ့ Bind လုပ်ဖို့ အတွက် ကျွန်တော်တို့ DNS Panel ထဲမှာ AWS Certificate ရဲ့ Record လေးတွေကို သွားထည့်ဖို့ လိုပါတယ်။

အောက်မှာ မြင်ရတဲ့အတိုင်း CNAME နဲ့ CNAME Value ကို Copy လုပ်ပေးပါ။

ကျွန်တော်တို့ ရဲ့ DNS Panel ထဲမှာ Add new record ကိုရွေးပေးပါ။

အောက်မှာ ပြထားတဲ့ အတိုင်း Record လေးကို ထည့်ပြီး Save လုပ်ပေးလိုက်ရင်ရပါပြီ။

Resolved ဖြစ်ဖို့ အတွက် အချိန်ခနလောက် ယူဖို့တော့ လိုပါတယ်။

ဒီလိုဆို ကျွန်တော်တို့ Certificate လေးက DNS နဲ့ Issued ဖြစ်သွားတာကိုတွေ့နိုင်ပါပြီ။

Issued ဖြစ်သွားပြီဆိုရင်တော့ ကျွန်တော်တို့ သုံးမယ့် Region မှာ အပေါ်က အဆင့်တွေအတိုင်း ထပ်လုပ်ပေးဖို့ လိုပါတယ်။

ဒီတခါမှာတော့ CNAME Record တွေ Value တွေကို DNS Panel ထဲ သွားထည့်ဖို့ လိုတော့မမှာ မဟုတ်ပါဘူး။

ဒါဆို ကျွန်တော်တို့ Certificate ကို အသုံးပြုပြီး CloudFront နဲ့ ချိတ်ဆက်အသုံးပြုထားတဲ့ Custom S3 Static Website တွေမှာ ကိုယ်ပိုင် Domain Name တွေ ဘယ်လိုထားမလဲဆိုတာ အောက်က ကျွန်တော့် Blog တွေမှာ ဆက်လေ့လာနိုင်ပါတယ်။

Blogs:

References:

--

--