ဖေ့စ်ဘွတ် နှင့် မြန်မာ content များ လျော့နည်း ပျောက်ဆုံး လာခြင်း

[လွန်ခဲ့ တဲ့ ရက်အနည်းငယ်က ဖေ့စ်ဘွတ်မှာ စိတ်ကူးပေါက်လို့ ရေးမိတဲ့ စာလေး ပျောက်သွားမှာစိုးလို့ ပြန်ကူးတင်လိုက်တာပါ။ Medium ရဲ့ format အတိုင်းမဟုတ်လို့သည်းခံပါ ]

ဒီနေ့မနက် ဖတ်လိုက်ရတာ တစ်ခု က လူတစ်ယောက်သူ ဖေ့စ်ဘွတ် ပေါ်မှာ ရေးထားတာကို ကြေးမှုံ က ယူပီး ဖော်ပြတယ်တဲ့။ ဒီတိုင်း ကြည့် ရင်တော့ ကြေးမှုံက ဘာမှာ မပြောဘဲ ကူးထားတယ်ပေါ့။ ဟိုး မူလပိုင်ရှင် ကို ခရက်ဒစ်မပေးဘူး။ မူပိုင်ခွင့် ဘာဘာညာညာ။ ထားပါတော့ ပြောချင်တာက ကြေးမှုံ အကြောင်းမဟုတ်၊ မြန်မာစာ အကြောင်း။
 ဖေ့စ်ဘွတ် ရဲ့ T&C အရ တော့ မူရင်းရေးသာသူ မကလို့ ဘာဖြစ်နေနေ ဖေ့စ်ဘွတ်ပေါ် တက်လာတဲ့ ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ကစလို့ ကိုယ်ရေးတဲ့ စတေးတပ်စ် တောင် ဖေ့စ်ဘွတ်ကဘဲ ပိုင်တယ်လို့ အတိအလင်းကြေငြာထားတယ်။ ဒီနေ့ ဖဘ သုံးနေကြတဲ့ သူ တော်တော်များများ အဲဒီအချက်ကို သတိမထားမိဘဲ သဘောတူ ထားပီးသား။ သဘောမတူရင် အကောင့်တောင် ဖွင့်လို့ မရ။
 
 ကိုယ့် ဒေတာ ကိုယ်ပိုင်ချင်တယ်ဆိုရင်တော့ web ပေါ်မှာ ကိုယ်ပိုင် နေရာတစ်ခုတည်ဆောက် ပေါ့။ ကိုယ်ပိုင်ဘလော့ရေး၊ ပီးမှ ဖေ့စ်ဘွတ်ပေါ်မှာရှယ်။ အဲဒါဆိုရင်တော့ ဘလော့ပိုင်ရှင် မူရင်ရေးသားသူ က မူပိုင်ခွင့် ရမယ်။ သတင်းဌာန တွေလိုပေါ့။ တရားမ၀င်ယူသုံးရင် ကိုယ့်ဆိုဒ်က ဟာ ပြပီး ဖြေရှင်းလို့ ရတာပေါ့။
 
 Facebook is killing the web ဆိုပီး တစ်ကဘာလုံး အတိုင်းအတာနဲ့ စိုးရိမ်နေကြတာပါ။ ဒါပေမဲ့ ဖ့စ်ဘွတ် ပေါ်လာပီး UGC (user generated contents) တွေနည်းလာတာဟာ သူများနိုင်ငံတွေမှာ အရမ်းကြီး မသိသာသေးပေမဲ့ မြန်မာနိုင်ငံမှာတော့ တော်တော်ကို ဆိုးဆိုးရွားရွား ဖြစ်နေတာပါ။ PC ခေတ်ကြီးတစ်ခုလုံးနီးပါး ကို Leapfrogging (ခုန်ပျံကျော်လွှား) လုပ်သွားတယ် ဆိုတာ ကောင်းတာတွေရှိသလို့ မကောင်းတာတွေလည်း အများကြီးဘဲ။ ကျနော့ရဲ့ ကိုယ်ပိုင်အမြင်ကတော့ လုံးဝမကြိုက်။ ပြည်သူတွေဟာ ရှိသင့်၇ှိထိုက်တဲ့ အခြေခံ ဗဟုသုတ အတွေ့အကြုံ မရှိသေးဘဲ Mobile ခေတ်ကြီး Digital ခေတ်ကြီး Facebook နဲ့ Social media ခေတ်ကြီးထဲကို ၀ုန်းဆိုပီးရောက်သွားတာ။ ခုန်းကျော်သွားတယ်ဆိုတာထက် ခုံဆင်းသွားတယ်လို့ မြင်တာဘဲ။ ဒီလို ပြောလို့ နောက်ပြန်ဆွဲချင်တယ် မထင်နဲ့ဦး။ ဆိုလိုတာက ကျနော်တို့ political reform နည်းနည်း လေး (နှစ်အနည်းငယ်လောက်) နောက်ကျသွားတယ်လို့ ပြောချင်တာ။ (နည်းပညာ) စီးပွားရေး လုပ်ငန်းတွေ အတွက်ကတော့ အများနဲ့မတူ တမူထူးခြားတဲ့ လူဥိးရေး သန်း၅၀ ကျော် ဈေးကွက် ကြီးပေါ့ဗျာ။ ထူးထူးခြားခြား behaviour တွေနဲ့။ ဒါပေမဲ့ မမြင် နိုင်သေးတဲ့ အခက်အခဲတွေက တော့ အများကြီး။
 
 ဖိုရမ်တွေ လူမသုံးတော့ဘူး၊ ဘလော့တွေ မရှိသလောက်နီးနီး ဖြစ်သွားတယ်၊ မြန်မာ ၀ီကီ ပီးဒီးယား လို့ ဆိုဒ်မျိုး လူတွေသိပ်မဖတ်ဖြစ်။ သတင်းမီဒီယာဝက်ဆိုဒ် လို မျိုးတွေက လွဲရင် စီးပွားရေးလုပ်ငန်းတွေရဲ့ ၀က်ဆိုဒ်တွေဆိုတာ အဖြစ်ပဲတင်ထားတာ မြင်လို့တောင် မကောင်းဘူး။ “နေပါအုံး ဒေတာတွေပျောက်သွားတယ် ပြောရအောင် ငါတို့ နိုင်ငံမှာ ဖဘ ပေါ်မှာ ဒီလောက် ရေးနေ တင်နေကြတာဘဲ” လို့ မပြောပါနဲ့၊ ဖေ့စ်ဘွတ် ဟာ သူ့ဒေတာကို ဘယ်သူ့ကိုမှ ပေးမသုံးဘူး။ ဖဘ ဘယ်လောက်ထိ မိုနိုပိုလီလုပ်လဲဆိုတာ Graph API (ဖဘ ရဲ့ နည်းပညာတစ်ခုပေါ့ဗျာ အလွယ်) ကို ထဲထဲဝင်ဝင် သုံးဘူးတဲ့ Engineer တွေ Software Company တွေသိမှာပါ။ ဖဘ က သူ့တို့ရဲ့ ဒေတာတွေ ကို “အသုံးပြုသူ ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံရေး” ဆိုပီး ခေါင်းစဉ်တပ် စနစ်တကျ ပိတ်ဆို့ ကာကွယ်ထားတာ။ ဖဘ ပေါ်မှာရောက်သွားတဲ့ ဒေတာ တွေ content (post) တွေဟာ public က ထိလို့တောင် မရဘူး (fan page တွေကလွဲလို့)၊ ဒီနေရာမှာ သာမန် အသုံးပြုသူတွေ အနေနဲ့ ကြည့်မယ်ဆိုရင်တော့ “ဟာ မဟုတ်ဘူးလေ ဖဘ ပေါ်မှာ အကုန်ကြည့်လို့ ၇တာဘဲ ဖတ်လို့ရတာဘဲ” လို့ ပြောလို့ရပေမဲ့။ အဖွဲ့အစည်းတွေ အနေနဲ့ technology ပိုင်းအရကြည့်မယ်ဆိုရင် ဖဘ ရဲ့ ခွင့်ပြုချက်မပါဘဲနဲ့ ဒေတာရဖို့ ဆိုတာ နည်းလမ်း မရှိဘူး။ လူ နဲ့ လုပ်လို့ ရတာဘဲ လို့တော့ မပြောပါနဲ့၊ Big Data နဲ့ Scalability ဆိုတာရှိသေးတယ်။ ထားပါအဲ့ဒါတွေက နည်းပညာ စကားလုံး အကြီးကြီးတွေ။
 
 Zawgyi နဲ့ Unicode ငြင်းကြခုံကြ တိုက်ကြခိုက်ကြတော့ ကျနော်ဘဲ ပိန်းလို့လားတော့ မသိ။ ယူနီကုဒ် အရေးပါတယ်ဆိုတာ သိပေမဲ့ ယူနီကုဒ် အားလုံးပြောင်းသုံးလိုက်လဲ မြန်မာစာ သိသိသာသာ တိုးတက်လာမယ်လို့ မမြင်။ ( ကြိုပြောဦးမယ် ယူနီကုဒ် ဇော်ဂျီ ဘယ်ဟာပိုကောင်း တယ် ငြင်းဖို့ မဟုတ်) ကျနော့ ရဲ့ view က ZG Uni ပြသနာကို အသေးဆုံး ပြသာနာလို့ မြင်လို့ပါ။ language processing နဲ့ ပက်သက် ပြီး လုပ်စရာတွေအများကြီး ကျန်နေသေးတဲ့ အချိန်မှာ၊ လူအားလုံး ယူနီ ပြောင်းသုံးမှ ငါတို့ ဆက်လုပ်ကြမယ်ဆိုရင် တစ်သက်လုံး ဘာမှ ဖြစ်မလာနိုင်ဘူးလို့ မြင်တယ်။ လုပ်စရာရှိတာကိုဘဲ အာရုံစိုက်လုပ်ကြမယ်။ အချိန်မဖြုန်း ဘဲ ပိုအရေးကြီးတာကို လုပ်ဖို့လိုတယ်လို့ မြင်တာပါ တခြားသဘော မဟုတ်ပါဘူး။
 
 ပြန်ဆက်ရမယ်ဆိုရင် မြန်မာစာ ကို ကွန်ပျူတာ တွေကောင်းကောင်းနားလည်လာတယ်ဘဲထားပါ။ လူတိုင်းလည်း ယူနီကုဒ် ပီပေါ့ဗျာ၊ ကွန်ပျူတာတွေကလည်း ကောင်းကောင်း process လုပ်နိုင်ပီဘဲထား ဟုတ်ပီ ဒါဆို ဘယ်မှာလဲဒေတာ။ စီးပွားရေးလုပ်ငန်းတွေကို ကူညီဖို့ market ရဲ့ insights တွေ trend တွေ ကိုလေ့လာမယ်ဆို ကျတော်တို့ ဘယ်ဒေတာကို သုံးမလဲ၊ အစိုးကကို ကူညီဖို့ intelligent ဖြစ်တဲ့ ကွန်ပျူတာစနစ်တွေ ဆောက်ပေးမယ် ဘယ်ဒေတာကို ကျနော်တို့ သုံးမလဲ။ Google လို ကုမဏီ မြန်မာပြည်မှာ ရင်ဆိုင်ရမှာက ဇော်ဂျီ ယူနီ ပြသနာ မဟုတ်ပဲ ဒေတာ (လုံလုံလောက်လောက်) မရှိတဲ့ ပြသနာလို့ မြင်တယ်။ ဖေ့စ်ဘွတ်က ဒေတာလား သူတို့က လုံးဝ မပေးဘူး။ အမေရိကန် အစိုးရရယ်။ ရုရှအစိုးရရယ်က လွဲလို့ ဖေ့စ်ဘွတ် က ကြောက်ရတဲ့သူ လောက မှာ မရှိ။
 
 ပြောချင်တာက ဖောင့်ပြသနာထက် စိုးရိမ်စရာကောင်းတဲ့ ပြသနာကြီး ရှိနေတယ်လို့ မြင်တာကိုပါ။ ဒေတာ မလုံလောက်တဲ့ ပြသနာ၊ ဒေတာ လုံးဝ မရှိဘူးလို့ မဆိုလိုပေမဲ့ အသုံးဝင် ပီး ယုံကြည်ရတဲ့ ဒေတာ မရှိသလောက် ရှားတယ်။ Insight တွေ Data mining တွေ Big Data ဘာဘာညာညာ တွေ မလုပ်နိုင်၊ မြန်မာစာ အတွက်တကယ့် အန်တရယ်ဟာ ဖောင့်ပြသနာ လုံးဝ (လုံးဝ) မဟုတ်ဘဲ တိုင်းပြည် တစ်တိုင်းပြည်လုံး အနေနဲ့ User Generated Content ရှားပါးလာတဲ့ ပြသနာ သာလျှင် ဖြစ်ကြောင်း နှင့် မြန်မာတွေအကြောင်း မြန်မာအစိုးရထက် ဖေ့စ်ဘွတ်က ပိုသိ ကြောင်း မိမိအထင် ကို တင်ပြ ကြည့်ပါ

P.S: မိမိအမြင်ကိုသာ လွတ်လပ်စွာ ရေးခြင်းဖြစ်ပါသည်။ အဆုံးထိ ဖတ်သွားရင် ကျေးဇူးပါ။ ထင်မြင်ယူဆ ချက်များ ကို comment ရေးခဲ့ပါ။