ဗွေလေးလုံး နှင့် စုန်းမလင်
ကျွန်တော့်တွင် မွေးသည်မှစ၍ ဦးခေါင်းထက်တွင် ဗွေလေးလုံးပါလာပါသည်။ ထို့ကြောင့်ပင် ကျွန်တော် လူမှန်းသိတတ်ချိန်မှစ၍ နာမည်ပြောင် တစ်ခုအပို သို့မဟုတ် မည်သူ့တွင်မှ မရှိသော ညှို့ချက်နှင့် လူတစ်ယောက် ဖြစ်လာပါသည်။ မည်သည့် ပတ်ဝန်းကျင်သို့သွားသည်ဖြစ်စေ လူတိုင်းသည် ကျွန်တော်နှင့် ကျွန်တော့်…