Divide-and-conquer algorithms

Zwe Naing
Zwe Naing
Jul 24, 2017 · 3 min read

ဒီစာမှာ အဓိကအားဖြင့် divide-and-conquer algorithms ရဲ့ သဘောသဘာဝနဲ့ သူတို့ကို ဘယ်လိုခွဲခြမ်းစိတ်ဖြာ(analysis)လုပ်မလဲဆိုတာကို ရေးသွားမှာပါ။ သာမန်အားဖြင့် ပြဿနာတစ်ခုဖြေရှင်းဖို့ပေးထားရင် အလွယ်ကူဆုံးဖြစ်တဲ့ brute force method နဲ့ ပထမဆုံးဖြေရှင်းလေ့ရှိပါတယ်။ ဆိုလိုတာက ဥပမာ sorting လုပ်တယ်ဆိုပါစို့။ အလွယ်ကူဆုံးနည်းလမ်းကတော့ brute force method ဖြစ်တဲ့ selection sort ပါ။ sorting လုပ်မယ့် array မှာ minimum သို့မဟုတ် maximum ကိုရှာပြီး ငယ်စဉ်ကြီးလိုက် သို့မဟုတ် ကြီးစဉ်ငယ်လိုက်လိုအပ်သလိုစီဖို့ပါ။ ဒါပေမယ့် သူ့ရဲ့ Running time က 𝛩(n²) ပါ။ သေချာတာကတော့ ဒီနေရာမှာ 𝛩(n²) ထက်ပိုကောင်းအောင်လုပ်နိုင်ပါတယ်။ Divide-and-conquer paradigm ကိုသုံးတဲ့ merge sort ကို သုံးဖို့ပါ။ ရလဒ်ကတော့ Running time 𝛩(n lg n) ဖြစ်ပြီး နည်းနည်းပိုပြီးမြန်လာမှာပါ။ merge sort ရဲ့ လိုရင်းကတော့ ပေးထားတဲ့ input ကို sorting လုပ်မယ့်အစား တစ်ဝက်စီကို input size 1 ဖြစ်တဲ့အထိဆက်တိုက်ခွဲပြီး တစ်ခုခြင်းစီကို sorting လုပ်ပြီးမှ ပြန်ေပါင်းဖို့ပါ။

Three components

Divide-and-conquer algorithms တွေတိုင်းမှာ တခြား algorithms တွေနဲ့မတူတဲ့ မဖြစ်မနေပါတဲ့ သုံးပိုင်းရှိပါတယ်။

Divide — ပေးထားတဲ့ input တစ်ခုကို သေးငယ်တဲ့အစိတ်အပိုင်းတွေအဖြစ်၊ သေးငယ်တဲ့ ပြဿနာလေးတွေအဖြစ် ခွဲတဲ့ အဆင့်ဖြစ်ပါတယ်။ တချို့ကတော့ နှစ်ပိုင်းအညီအမျှခွဲပါတယ်။ တချို့က သုံးခု၊ လေးခုစသည်ဖြင့် လိုအပ်သလို ခွဲပါတယ်။

Conquer — ရလာတဲ့ သေးငယ်တဲ့အစိတ်အပိုင်းလေးတွေကို recursively ဖြေရှင်းဖို့ပါ။ ဥပမာ — merge sort မှာဆိုရင် အစိတ်အပိုင်းနှစ်ခုကို recursively sorting လုပ်တဲ့အဆင့်ဖြစ်ပါတယ်။

Combine — နောက်ဆုံးရလာတဲ့ ဖြေရှင်းပြီးသား အစိတ်အပိုင်းတွေကို ပေးထားတဲ့ ပြဿနာရဲ့ အဖြေအဖြစ်ပြန်ပေါင်းဖို့ပါ။

စိတ်ဝင်စားစရာအကောင်းဆုံးက တချို့ပြဿနာတွေမှာ ဒီသုံးချက်ကထင်ရှားပေမယ့် တချို့ပြဿနာတွေမှာ အစိတ်အပိုင်းတွေရဲ့အဖြေက မူလပြဿနာနဲ့ လုံးဝအစပ်အဆက်မရှိပါဘူး။ ဒါပေမယ့် divde-and-conquer algorithms မှန်ရင်တော့ ဒီသုံးဆင့်အမြဲပါပါတယ်။ တစ်ခုနဲ့ တစ်ခုကွာတာက တချို့ပြဿနာတွေမှာ Divide အဆင့်မှာ အချိန်အများကြီးပေးရပြီး တချို့ပြဿနာတွေကတော့ Combine အဆင့်မှာ Process လုပ်ရတာကြာပါတယ်။ Conquer အဆင့်ကတော့ ရလာတဲ့အစိတ်အပိုင်းတွေကို မပေါင်းမှီ recursively ဖြေရှင်းရတဲ့အပိုင်းဖြစ်ပါတယ်။

ဥပမာပေးရရင် Merge sort မှာဆိုရင် ပေးထားတဲ့ input size = n ကို ထက်ဝက်စီ (input size = n/2) တစ်ဆင့်ပြီးတစ်ဆင့် နောက်ဆုံး input size = 1 တစ်ခုထဲ ကျန်တဲ့အထိခွဲပါတယ်။ ဒီအဆင့်က Divide ပါ။ ပြီးမှ နှစ်ခုနှစ်ခုဆီပြန်ပေါင်းပြီး နောက်ဆုံး sorting လုပ်ပြီးသား input ကိုပြန်ရပါတယ်။ ဒီအဆင့်က Combine အဆင့်ပါ။ Conquer အဆင့်ကတော့ Combine မလုပ်ခင် ပေါင်းမယ့် အစိတ်အပိုင်းနှစ်ခုကို sorted order ဖြစ်အောင်စီတဲ့ အဆင့်ဖြစ်ပါတယ်။

များသောအားဖြင့် divide-and-conquer algorithms တွေက သာမန် brute force methods တွေထက်ပိုမြန်ပါတယ်။ ပြီးတော့ ဖြတ်ထိုးဥာဏ်လည်း ပိုလိုပါတယ်။

Recurrence Equation

နောက်ထပ်စဉ်းစားဖို့လိုတာက ဒီ Divide-and-conquer algorithms တွေကို mathematically ဘယ်လိုဖော်ပြမလဲဆိုတာပါ။ သာမန် Looping ကို သုံးတဲ့ algorithms တွေလို တိုက်ရိုက်ဖော်ပြလို့မလွယ်ပါဘူး။ ဒါကြောင့် အစိတ်အပိုင်းတွေကို Process လုပ်ဖို့လိုတဲ့ အချိန်နဲ့ပဲဖော်ပြလေ့ရှိပါတယ်။ T(n) = Divide(n) + Conquer(n) + Combine(n) ။ recurrence equation လို့ခေါ်ပါတယ်။ အပေါ်မှာပြောခဲ့တဲ့အတိုင်း အပိုင်းသုံးပိုင်းပါဝင်ပါတယ်။ တစ်နည်းအားဖြင့် T(n) = a T(n/b) + f(n) လို့လဲဖော်ပြနိုင်ပါတယ်။ a ကတော့ တစ်ဆင့်ချင်းစီမှာ ခွဲမယ့် subprobems ပမာဏဖြစ်ပါတယ်။ b ကတော့ subproblem တစ်ခုချင်းစီက မူလ problem ရဲ့ ဘယ်လောက်ရှိသလဲဆိုတာပါ။ f(n) ကတော့ Divide and combine အဆင့်နှစ်ခုရဲ့ ကြာချိန်ဖြစ်ပါတယ်။

ဥပမာ — merge sort အတွက် recurrence equation က T(n) = 2 T(n/2) + 𝛩(n) ပါ။ Strassen ရဲ့ နံမည်ကြီး matrix multiplication ဆိုရင် T(n) = 7 T(n/2) + 𝛩(n²) ပါ။ ပထမတစ်ခုမှာ မူလ input ရဲ့ တစ်ဝက်စီဖြစ်တဲ့ အစိတ်အပိုင်းနှစ်ခုအဖြစ်ခွဲပါတယ်။ Combine အဆင့်ကတော့ 𝛩(n) ပါ။ ဒုတိယတစ်ခုမှာတော့ တစ်ဝက်စီအစိတ်အပိုင်းခုနှစ်ခုခွဲပါတယ်။ Combine အဆင့်ကတော့ 𝛩(n²) ပါ။ ဒီ equations နှစ်ခုစလုံးမှာ constant time 𝛩(1) ဖြစ်တဲ့ Divide အပိုင်းကို ထည့်ပြီးဖော်ပြမထားပါဘူး။

Solving recurrences

အခုဆိုရင် divide-and-conquer algorithms တွေကို equations တွေသုံးပြီး လိုရင်းတိုရှင်းပြောလို့ရပါပြီ။ ဒါပေမယ့် ဒီ Recurrence Equation ရဲ့အားနည်းချက်က Algorithm က အဆိုးဆုံးအခြေအနေ (worst case scenario) မှာ ဘယ်လောက်အချိန်ယူမလဲ (upper-bound) နဲ့ အကောင်းဆုံးအခြေအနေ (best case scenario) မှာကော ဘယ်လောက်မြန်သလဲ (lower bound) ကို ပြနိုင်စွမ်းမရှိပါဘူး။ ဒါပေမယ့် ဒီ equation မှာပါတဲ့ အချက်အလက်ကနေတစ်ဆင့်တွက်ယူလို့ရပါတယ်။ အထိရောက်ဆုံးနည်းလမ်းကတော့ Recurrence Tree ပါ။

အောက်ကပုံမှာပြထားတာကတော့ Merge sort အတွက် recurrence tree ပါ။ ပုံမှာ မြင်ရတဲ့အတိုင်း ညာဘက်ကတော့ အဆင့်တစ်ဆင့်ချင်းစီမှာ process လုပ်ရမယ့် ပမာဏ cn ဖြစ်ပါတယ်။ ဘယ်ဘက်မှာတော့ level 0,1,2, …,lg n အထိပါ။ နောက်ဆုံးအဆင့်မှာ input size = 1 ဖြစ်တဲ့အတွက် process လုပ်ချိန်က constant time O(1) ပါ။ အားလုံးကိုပေါင်းလိုက်ရင် Arithmetic series တစ်ခုရပါတယ်။ ဒီနေရာမှာ Arithmetic series formula ကိုသုံးလိုက်ရင် နောက်ဆုံး Running time 𝛩(n lg n) ကိုရပါတယ်။ ဒီနည်းလမ်းကတော့ recurrences တွေကို ဖြေရှင်းနည်းတွေထဲကတစ်ခုဖြစ်ပါတယ်။ အဓိကကတော့ Divide-and-conquer algorithm တစ်ခု အစိတ်အပိုင်းဘယ်နှစ်ခုခွဲသလဲ၊ တစ်ဆင့်ချင်းစီမှာ process ဘယ်လောက်လုပ်ရသလဲနဲ့ level အဆင့်ဘယ်နှစ်ခုလုပ်ရသလဲ စတာတွေကို ချရေးပြီး Pattern တစ်ခုရအောင်ရှာဖို့ပါ။ ပြီးတော့ အားလုံးကို ပေါင်းလိုက်ပြီးရင် များသောအားဖြင့်တော့ Arithmetic သို့မဟုတ် Geometric series တစ်ခုရလာပါတယ်။ လိုအပ်တဲ့ formula အသုံးပြုလိုက်ရင် asymptotic-bound ကို အလွယ်တကူရှာလို့ရပါတယ်။

Recursion tree of merge sort

တခြား Substitution method, iteration method နဲ့ master method တွေကို အသုံးပြုနိုင်ပါတယ်။ Iteration method ကတော့ recurrence tree ကဲ့သို့ asymptotic-bound ကို ခန့်မှန်းဖို့ပါ။ တစ်ခုရှိတာက iteration method နဲ့ recurrence tree ဆွဲစဉ်မှာ အမှားများပါတယ်။ Substitution method ကတော့ ရလာတဲ့ ခန့်မှန်း asymptotic ကို သက်သေပြဖို့ပါ။ Mathematical induction နဲ့ ဆင်တူပါတယ်။ Master method ကတော့ algorithm ရဲ့ recurrence equation က T(n) = a T(n/b) + O(n^d) ကဲ့သို့ ပုံစံရှိရင် formula ထဲမှာ ထည့်လိုက်ပြီး asymptotic bound ကို အလွယ်တကူရှာနိုင်ပါတယ်။ Master theorem မှာ Case သုံးခုရှိပါတယ်။ အောက်က ပုံမှာကြည့်နိုင်ပါတယ်။

Master Method

Divide-and-conquer algorithms တွေက programming မှာ ခဏခဏတွေ့ရတဲ့ algorithms တွေဖြစ်သလို စိတ်ဝင်စားစရာလည်းကောင်းပါတယ်။ နားလည်ထားရင် အတိုင်းအတာတစ်ခုထိ အကျိုးရှိမယ်လို့ယုံကြည်ပါတယ်။ နောက်ထပ် Randomized algorithms တွေနဲ့ advanced data structures တွေအကြောင်းကို နောက်ထပ်ရေးသွားပါမယ်။

Share scientific knowledge!

Connect with me on Linkedin @ https://www.linkedin.com/in/zwenaing/

References —

Cormen, T. H., Leiserson, C. E., Rivest, R. L., & Stein, C. (2014). Introduction to algorithms. Cambridge, MA: The MIT Press.

Muhammad, P. R. (n.d.). Retrieved July 23, 2017, from http://www.personal.kent.edu/~rmuhamma/Algorithms/MyAlgorithms/Sorting/mergeSort.htm

Algorithm — Master method to find time complexity for recursive calls. (2014, January 24). Retrieved July 23, 2017, from https://acrocontext.wordpress.com/2014/01/25/algorithm-master-method-to-find-time-complexity-for-recursive-calls/

Zwe Naing

Written by

Zwe Naing

Software Engineer

Welcome to a place where words matter. On Medium, smart voices and original ideas take center stage - with no ads in sight. Watch
Follow all the topics you care about, and we’ll deliver the best stories for you to your homepage and inbox. Explore
Get unlimited access to the best stories on Medium — and support writers while you’re at it. Just $5/month. Upgrade