COMQUAS
COMQUAS
Mar 28, 2018 · 3 min read

ကျွန်တော်တို့ COMQUAS မှ http://www.bellabeastar.com အတွက် တာဝန်ယူ ရေးဆွဲ ပေးခဲ့ပါတယ်။ website ရဲ့ အဓိက ထူးခြားချက်ကတော့ Machine Learning ထည့်သွင်းထားပါသည်။ သာမာန် user အနေဖြင့် ပြောရင် AI ထည့်ထားတယ်လို့ ဆိုနိုင်ပေမယ့် Machine Learning အဆင့်အထိပဲ ပါဝင်ထားပါတယ်။

ဘယ်လို website မျိုးလဲ

ဆောင်ရွက်ချက်လေးကတော့ ရိုးရိုး ရှင်းရှင်းပါပဲ။

၁။ ဓာတ်ပုံရိုက်မယ်။

၂။ သူနဲ့ တူညီသည့် color ကို ထုတ်ပြမယ်။

၃။ အဲဒီ color ရှိသည့် မင်းသမီးတစ်ယောက် ကို ထုတ်ပြမယ်။

၎။ သုံးသင့်သည့် ပစ္စည်းတွေ ထုတ်ပြမယ်။

အသားအရောင် ဘယ်လို သိနိုင်လဲ

အဓိက စိန်ခေါ်မှုဟာလည်း ကိုယ့် အသားရောင်က ဘယ်လို အရောင် နဲ့ အနီးစပ် ဆုံးဆိုတာကို သိဖို့ပါ။ အဲဒီအတွက် လွယ်လွယ်ကူကူနဲ့ ရနိုင်သည့် algorithm မရှိပါဘူး။ Color Matching အတွက် CIE94 formulae ရှိပါတယ်။ သို့ပေမယ့် မင်းသမီးရဲ့ အသားရောင်ဟာ မိတ်ကပ်လိမ်းထားရင် ပေါ်သည့် အရောင် မလိမ်းထားသည့် အရောင် photoshop မပြင်ထားသည့်အရောင် အမှောင်ထဲမှာ ရိုက်သည့် အရောင် စသည်ဖြင့် မျိုးစုံ ရှိနိုင်ပါတယ်။ ဒါကြောင့် Machine Learning ပုံစံနဲ့ သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။

Facebook, Google နှင့် Bella ကြော်ငြာမှာ ရိုက်ထားသည့် မင်းသမီးတွေရဲ့ ဓာတ်ပုံကို ဦးစွာ စုစည်းခဲ့ပါတယ်။ ပြီးနောက်မှာတော့ မင်းသမီး တစ်ယောက်ခြင်းစီ ရဲ့ Model တစ်ခု တည်ဆောက်ပါတယ်။ မင်းသမီးတွေဟာ အများအားဖြင့် မိတ်ကပ်အသုံးပြုထားခြင်း ၊photo editing ပြုလုပ်ထားခြင်းကြောင့် သူတို့ရဲ့ မူရင်း အသားရောင်ကို သိဖို့ အတွက် ဓာတ်ပုံတွေ အများကြီးဖြင့် train ခဲ့ရပါတယ်။ Train လို့ရလာသည့် Result တွေကို Model ဖြင့် ထုတ်ထားခဲ့ပါတယ်။

ဘယ်လို Train လဲ

Train ဖို့အတွက်ကတော့ background မှာ python နှင့် opencv ကို အသုံးပြုခဲ့ပါတယ်။ မျက်နှာကို detect သိအောင် ဖန်တီးတယ်။ ပြီးလျှင် မျက်နှာ တစ်ခုတည်းကို crop လုပ်လိုက်ပါတယ်။ ပြီးမှ မျက်နှာ ၏ average color ကို ရယူပြီးတော့ Model မှာ ထည့်ထားခဲ့ပါတယ်။ မှောင်သည့် အချိန်မှာ ရိုက်ထားသည့် ပုံတွေ ၊ လင်းသည့် အချိန်မှာ ရိုက်ထားသည့် ပုံတွေ ၊ နောက်ပြီး မိတ်ကပ်မလိမ်းပဲ ရိုက်ထားသည့် ပုံတွေ ၊ photo editing မလုပ်ပဲရိုက်ထားသည့် ပုံတွေ နှင့် photo editing လုပ်ပြီး ရိုက်ထားသည့် ပုံတွေ ပါဝင်ပါတယ်။

တူမတူ ဘယ်လို သိနိုင်လဲ

Machine Learning ပုံစံ နှင့် ဖန်တီးထားတာကြောင့် 100% တူတယ် ဆိုပြီးတော့ result မရနိုင်ပါဘူး။ User က ရိုက်လိုက်သည့် ပုံကို ပထမဆုံး မျက်နှာကို detect လုပ်ပြီး crop လုပ်လိုက်ပါတယ်။ ပြီးလျှင် average color ကို ဆွဲယူလိုက်တယ်။ ရလာသည့် color နဲ့ ကျွန်တော်တို့ ဆောက်ထားသည့် မင်းသမီး Models တွေကနေ ဘယ်မင်းသမီး နှင့် ဘယ်လောက် percentage တူသည် ဆိုတာကို ရလာပါတယ်။

Percentage ပေါ်မှာ မူတည်ပြီးတော့ ဘယ်မင်းသမီး နှင့် အတူဆုံးဆိုတာ သိသည့် အခါမှာ ထိုမင်းသမီး၏ အသားရောင် နံပတ်ကို ကျွန်တော်တို့ သိရပါတယ်။ ရရှိလာသည့် result ထဲက မင်းသမီးနှင့် လိုက်ဖက်သည့် ပစ္စည်းစာရင်းကိုလည်း ဖော်ပြနိုင်ပါသည်။

ပြဿနာများ

အဓိက real world ပြဿနာကတော့ ဖုန်းတွေဟာ တကယ့်လက်ရှိ အရောင်ကို မရိုက်ပေးနိုင်ခြင်းပါပဲ။ အချို့ ဖုန်းတွေ အရောင်တွေ အရမ်းစိုပါတယ်။ အချို့ဖုန်းတွေကတော့ beautify ပါဝင်ပြီး ပုံမှန် ထက် အသားဖြူပါတယ်။ အချို့ ဓာတ်ပုံရိုက်သည့်အခါမှာ အခန်းထဲမှာ ရိုက်သည့် အတွက် မှောင်နေပါတယ်။ လူအမျိုးမျိုး ဖုန်းအမျိုးအမျိုး ဖြစ်သည့် အတွက်ကြောင့် result တွေဟာ train ထားသည့် မင်းသမီးတွေ နဲ့ ကွဲထွက်သွားနိုင်သည်။

Bella က ဝန်ထမ်းများနှင့် ကျွန်တော့် အသိမိတ်တွေများ၏ ဓာတ်ပုံများကို Bella ဘက်က ဘယ်သမီး နှင့် တူသည်ဆိုပြီး group ခွဲထုတ်ပြီး ထပ်ပြီး Train ရပါတယ်။ ဒါကြောင့် အနီးစပ်ဆုံး ရလဒ်ကို ရရှိခဲ့ပါတယ်။ သို့ပေမယ့်လည်း အသားညိုပေမယ့် beautify ပါဝင်သည့် camera ဖြင့် ရိုက်လျှင် အသားဖြူသည့် မင်းသမီးနှင့် တူညီဖို့ ရာခိုင်နှုန်းများ နိုင်ပါသေးသည်။

အခြားပြဿနာ

ပုံကို မရွေးခိုင်းပဲ selfish ကို တန်းရိုက်မှာ ဖြစ်သည့်အတွက်ကြောင့် ပုံမှန် file upload အစား capture ကို ပြောင်းသုံးခဲ့ပါတယ်။

<input type="file"name="fileToUpload" capture accept="image/*">

အဲဒီမှာ

capture accept="image/*"

ထည့်ထားသည့် အတွက် mobile browser မှာ camera ကို တန်းပြီး ပွင့်ပါသည်။

သို့ပေမယ့် facebook Android version ၏ webview မှာ အလုပ်မလုပ်ပါဘူး။

၁၀၀% ရလဒ်ရဖို့ အများကြီး train ဖို့လိုပါသေးတယ်။ နောက်တဆင့် အနေနဲ့ face dection ကို ထည့်ပြီး အလိုအလျောက် train သည့် level ထိသွားချင်ပါသေးတယ်။ ဒါ့အပြင် အသုံးပြုသူများလေလေ အလိုအလျောက် ပိုကောင်းလာလေလေ ဖြစ်အောင် ဖန်တီးဖို့ လည်း လိုပါသေးတယ်။ အဲဒီ့အဆင့်တွေ အတွက် အချိန် အများကြီး ပေးရပါအုံးမယ်။

အခု www.bellabeastar.com မှာ သင်ကိုယ်တိုင် ဝင်ရောက် စမ်းသပ်နိုင်ပါသည်။

COMQUAS

Startup in Yangon, Myanmar. Thought of UI/UX and mobile development.

    COMQUAS

    Written by

    COMQUAS

    www.comquas.com

    COMQUAS

    COMQUAS

    Startup in Yangon, Myanmar. Thought of UI/UX and mobile development.

    Welcome to a place where words matter. On Medium, smart voices and original ideas take center stage - with no ads in sight. Watch
    Follow all the topics you care about, and we’ll deliver the best stories for you to your homepage and inbox. Explore
    Get unlimited access to the best stories on Medium — and support writers while you’re at it. Just $5/month. Upgrade