ECO

saturngod
saturngod
Sep 13, 2019 · 2 min read

မကြာခင်မှာ COMQUAS ဟာ ၃ နှစ်ပြည့်တော့ပါမည်။ ၃ နှစ်အတွင်းမှာ ပြဿနာပေါင်းများစွာ နောက်ပြီး project အသစ်တွေ clients အသစ်တွေ meeting ပေါင်းများစွာ ကြုံခဲ့ရပြီးပါပြီ။

ပုံမှန်အားဖြင့် သောကြာနေ့တိုင်း Knowledge Sharing ကို company မှာ ပုံမှန် ပြုလုပ်နေကြပါ။ အဓိကတော့ စာဖတ်ဖို့ နောက်ပြီး တစ်ယောက် နှင့် တစ်ယောက် ဘယ်အပိုင်းကို အားသန်တယ် ဆိုတာ နားလည် ဖို့ အတွက်ပါ။

၃ နှစ် နီးပါး ဝန်းကျင်မှာ ကိုယ်တိုင် ဘာကို အလေးထားခဲ့သလဲ ဆိုတာကို ပြန်ကြည့်မိတယ်။ အဓိက ဂရုစိုက်မိတာ ၃ ခု ရှိတယ်။ Employee, Clients, Ourselve ပါ။

Employee

ရုံးက ဝန်ထမ်းတွေဟာ ကျွန်တော်တို့ အတွက် အရမ်းအရေးပါပါတယ်။ သူတို့ မရှိရင် COMQUAS ဆိုတာ ရပ်တည်လို့ မရပါဘူး။ တနေ့ကို ၇ နာရီလောက် အလုပ်လုပ်ပြီး ရုံးကို လာဖို့ အလာ ၁ နာရီ အပြန် ၁ နာရီလောက် အချိန်ပေးကြသည့် သူတွေပါ။ ပုံမှန်အားဖြင့် တနေ့ကို လူတစ်ယောက်ဟာ ၈ နာရီလောက် အိပ်ပြီး ကျန်သည့် ၁၆ နာရီမှာ ၉ နာရီက ရုံးအတွက် အချိန်ကုန်ပြီး နောက်ထပ် ၁ နာရီကတော့ ရုံးလာဖို့ ပြင်ဆင်ရတာ ရုံးက ပြန်ရောက်ရင် နားတာနဲ့ အချိန်ကုန်သွားကြပါတယ်။ ဘဝ မှာ ရုံးပိတ်ရက် အချိန်က လွဲလို့ ကိုယ်ပိုင် အချိန် ၆ နာရီ လောက်ပဲ ရှိပါတယ်။ တစ်ခါတစ်လေ အလုပ်တွေ မပြီးလို့ အိမ်မှာပါ လုပ်ခဲ့ရင် ကိုယ်ပိုင် အချိန်ဆိုတာ မရှိသလောက် ဖြစ်သွားသည့် သူတွေပါ။

ဒါကြောင့် သူတို့ရဲ့ ပျော်ရွှင်မှုဟာ company အတွက် အရေးပါပါတယ်။ လုပ်ငန်းခွင်မှာ မပျော်ရွှင်ဘူး အလုပ်လုပ်ရတာ မပျော်ရွှင်ဘူးဆိုရင်တော့ အချိန်တွေဟာ အရမ်းကို နှမြောဖို့ ကောင်းလှပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေ လုပ်ငန်းခွင်မှာ သက်တောင့်သက်သာ ရှိပြီး အလုပ်ကို dead line အတွင်း ပြီးအောင် ပြုလုပ်နိုင်ဖို့ က company အတွက် အဓိက ကျတယ်။

စိတ်ပင်ပန်း လူပင်ပန်းပြီး ထွက်လာသည့် product result တွေဟာ ကောင်းမှာ မဟုတ်ပါဘူး။ မကောင်းသည့် အခါ နောက်ထပ်တစ်ခါ ထပ်ပြန်ပြင်ရရင် company အတွက် မကောင်းသလို client ကို ပေးထားသည့် ကတိ စကားတွေလည်း မတည်နိုင်တော့ပါဘူး။ အကောင်းဆုံးက လုပ်ငန်းခွင်မှာ မပျော်ရင် အဲဒီလုပ်ငန်းခွင်မှာ ဆက်ပြီး မလုပ်တာ အကောင်းဆုံးပါပဲ။

အခုအချိန်ထိ ယုံကြည်တာကတော့ လုပ်ငန်းခွင်မှာ ပျော်ရွှင်သည့် လူတွေဟာ clients တွေအပ်ထားသည့် products တွေကိုလည်း clients တွေ စိတ်ကျေနပ်အောင် ပြုလုပ်ပေးမယ်လို့ ယုံကြည်ထားပါတယ်။

Clients

Software House တွေ အတိုင်းမှာတော့ Clients က အရေးပါပါတယ်။ ၃ နှစ် အတွင်းမှာ ကျွန်တော်တို့ကို သည်းခံပြီးတော့ လက်တွဲ လုပ်ခဲ့ပေးကြသည့် clients တွေကိုလည်း ကျေးဇူးတင်ပါတယ်။ Clients တွေရဲ့ idea တွေ နောက်ပြီး သူတို့ ဖြစ်ချင်သည့် target တွေကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးခဲ့တယ်။ Clients တွေရဲ့ အောင်မြင်မှုဟာ COMQUAS ရဲ့ အောင်မြင်မှုလို့ ယုံကြည်ထားတယ်။ COMQUAS ကနေ ဖန်တီးပေးလိုက်သည့် Products တိုင်း App တိုင်းကို အအောင်မြင်ဆုံး မဟုတ်ခဲ့ရင်တောင် အတိုင်းအတာ တစ်ခုထိ ရောက်အောင် အမြဲတန်း ကြိုးစားပေးခဲ့ပါတယ်။ အောင်မြင်သည့် product တစ်ခု ဖြစ်လာပြီဆိုရင် ကျွန်တော်တို့နဲ့ ရေရှည်လက်တွဲ လုပ်ဆောင်မယ်လို့လည်း ယုံကြည်တယ်။ ဒါကြောင့် client တိုင်းဟာ အရေးပါသည့် အတွက်ကြောင့် product လာအပ်တိုင်းလည်း လက်မခံဖြစ်ဘူး။ သေချာ consulting လုပ်ပြီးမှ စိတ်ကျေနပ်ပြီဆိုမှ လုပ်ငန်းကို လက်ခံဖြစ်တာ များပါတယ်။

Ourselves

ကိုယ့်ကိုယ်ကို ဂရုစိုက်မှုကို အခုနောက်ပိုင်း စလုပ်ဖြစ်လာပြီ။ Company ရဲ့ cash flow ဟာ စီးဆင်းနေဖို့ လိုတယ်။ Cash Flow မှန် ဖို့ အမြတ်ရှိဖို့က အရေးပါတယ်။ အမြတ်ရှိမှသာ ရေရှည်ရပ်တည်နိုင်မယ်။ အမြတ်ရှိမှသာ ဝန်ထမ်းတွေလိုအပ်ချက် ထပ်ဖြည့်ဆည်းပေးနိုင်မယ်။ Clinets လိုအပ်ချက်အရ သော်လည်းကောင်း clients တွေကို ပိုမိုကောင်းမွန်သည့် services များ ပေးဖို့ အတွက် အမြတ်ဟာ အရေးပါတယ်။ အမြတ်ရှိမှသာ ပိုမိုကောင်းမွန်သည့် ရုံးခန်းငှားနိုင်ပါလိမ့်မယ်။ အရင်တုန်း Company ကို အများကြီး ဂရုမစိုက်မိခဲ့ဘူး။ အခုနောက်ပိုင်းတော့ Company ရဲ့ လည်ပတ်မှု ငွေကြေး အမြတ်တွေဟာ အရေးပါမှန်း သိလာသည့် အတိုက် ဂရုတစိုက် ရှိသည့် အထဲမှာလည်း ပါဝင်ပါတယ်။

COMQUAS

Startup in Yangon, Myanmar.

COMQUAS

Startup in Yangon, Myanmar. Thought of UI/UX and mobile development.

saturngod

Written by

saturngod

Husband,Father. Love to do Mobile App Development and running a startup in Yangon, Myanmar. Founder of COMQUAS

COMQUAS

Startup in Yangon, Myanmar. Thought of UI/UX and mobile development.