Redesign KBZ Mobile Banking

saturngod
COMQUAS
Published in
4 min readMay 7, 2017

ရန်ကုန်မှာ ရှိသည့် App တော်တော်များများဟာ အသုံးပြုသူများ အနေနဲ့ အဆင်မပြေသလို လှပမှုလည်း မရှိဘူးလို့ ခံစားရတယ်။ ဒါကြောင့် App တွေကို redesign ပြန်လုပ်မယ်ဆိုရင် ဘယ်လို လုပ်သင့်သလဲ ဘယ်လို ပုံစံ ဖြစ်သင့်သလဲ ဆိုတာကို ပြန်ပြီး ရေးဆွဲခဲ့ပါတယ်။ ပထမဆုံး အနေနဲ့ KBZ app ကို ကျွန်တော်တို့တွေ redesign ပြန်လုပ်ခဲ့ပါတယ်။

Redesign လုပ်သည့် အခါ အောက်ပါ အချက်တွေနဲ့ ပြန်လုပ်ခဲ့ပါတယ်။

  • Function အသစ် မထည့်ရန်။
  • မလိုသည့် function များ ဖြုတ်ရန်။
  • ရိုးရှင်းရန်။

Icon

Original Icon
Redesign Icon

မူရင်း App icon အစား ရိုးရှင်းသည့် ပုံစံကို ပြန်ပြောင်းထားပါတယ်။

Splash Screen

Original Splash Screen
Redesign Splash Screen

မူရင်း splash screen ဟာ သုံးထားသည့် အရောင်တွေဟာ ကြည့်ရသာ မျက်စိမှာ အဆင်မပြေလှပါဘူး. စာလုံးတွေ အများကြီး အစား ရိုးရှင်းသည့် ပုံစံကိုသာ ပြန်လည် ဖန်တီးခဲ့ပါတယ်။

မူရင်း splash screen မှာ internet connection ကို စစ်ဆေးခြင်း သတင်းများကို ဖော်ပြရန် ဖန်တီးထားသည်ဟု ယူဆရပါတယ်။ ဒါကြောင့် redesign လုပ်သည့် အခါမှာ သတင်း အချက်အလက်တွေကို splash screen မှာ မပြပဲ login မှာ ပြဖို့ စီစဉ်ထားပါတယ်။ Data တွေ ရရှိဖို့ server ကနေ ဆွဲချဖို့ လိုပါတယ်။ loading ဆိုတာ သိရအောင် activity indicator ထည့်ထားပါတယ်။

Login

Original First Screen
Redesign First Screen (Login Screen)

လက်ရှိ မူရင်းမှာ ပါသည့် အတိုင်း အကုန်ပြန်ထားပါတယ်။ App ကို ဖွင့်ဖွင့်ခြင်း လူတိုင်းဟာ ATM Location ရှာတာနဲ့ Login ဝင်တာပဲ အဓိကရှိပါတယ်။ ဒါကြောင့် Login ကို တစ်ခါတည်း ဝင်လို့ ရအောင် လုပ်ထားပါတယ်။ အကယ်၍ iOS မှာ ဆိုရင် နောက်တစ်ကြိမ် Login ဝင်မယ်ဆိုရင် TouchID နဲ့ ဝင်လို့ ရအောင် TouchID icon နဲ့ပေးထားပါတယ်။ အရေးပေါ် ဖုန်းအတွက် တိုက်ရိုက် ဖုန်းခေါ်နိုင်အောင် ဖုန်း icon လေးနဲ့ ဖုန်းဆက်ခွင့်ပေးထားပါတယ်။

Dashboard

Original Dashboard
Redesign Dashboard

App ကို login ဝင်ပြီးရင် အသုံးပြူသူတွေ တကယ်သိချင်တာက ပိုက်ဆံ ဘယ်လောက် ကျန်သေးသလဲ ဆိုတာပါပဲ။ အကြွေးဘယ်လောက် ဆပ်ဖို့ လိုသေးတယ်။ ဒါကြောင့် စုစုပေါင်း ပိုက်ဆံ ဘယ်လောက် ရှိတယ်။ Account တစ်ခုခြင်းဆီမှာ ဘယ်လောက်ရှိသလဲ ဆိုတာကို ဖော်ပြထားတယ်။ Deposit ကို အစိမ်းရောင်နဲ့ ပြထားပြီးတော့ Loan ကို အနီရောင်နဲ့ ပြထားပါတယ်။ You Have, You Own အစား Deposit နဲ့ Loan ဆိုပြီး ပြောင်းထားတယ်။ ရှိတာကို အစိမ်းလေး ပြထားပြီး ပေးရမှာကို အနီနဲ့ ပြထားတယ်။ Account တစ်ခုကို နှိပ်လိုက်တာနဲ့ သူ့သက်ဆိုင်ရာ Account ဆီကို ရောက်သွားပါလိမ့်မယ်။

နောက်တချက်က login ပြီးတာနဲ့ ငွေလွှဲလို့ရအောင် ညာဘက် အပေါ်မှာ transfer အတွက် icon လေးထည့်ထားပေးတယ်။ အဲဒါကို နှိပ်လိုက်ရင် transfer လုပ်ဖို့ အတွက်ရောက်သွားမှာပါ။

မလိုအပ်သည့် button တွေ menu တွေ ကို အကုန်ရှင်းထုတ်ထားပါတယ်။ Menu တွေကို side bar အနေနဲ့ ထည့်ထားပါတယ်။ Tab သုံးမလား Sidebar သုံးမလား စဉ်းစားသည့် အခါမှာတော့ Menu က ၅ ခု ထက် ကျော်လွန်နေတာကြောင့် Tab အစား Sidebar ကို စဉ်းစားပါတယ်။ Menu က ၅ ခုသာ ရှိခဲ့ရင်တော့ Tab bar ကို ကျွန်တော် အသုံးပြုဖို့ များပါတယ်။

Sidebar

Dashboard မှာပါဝင်တာတွေ နောက်ပြီးတော့ မူရင်း design မှာ ပါဝင်တာ အချို့ကို sidebar အနေနဲ့ ထည့်ထားပါတယ်။ နောက်ပြီးတော့ profile picture နဲ့ logout ကို ထိပ်ဆုံးမှာ ထည့်ထားတယ်။ Profile picture က လက်ရှိ profile image ကို နှိပ်ပြီးတော့ upload တင်လို့ရပါတယ်။

Account Detail

Original Account Details
Redesign Account Detail

မူရင်း Account Detail မှာ မလိုအပ်သည့် အရာတွေ များစွာ ပါဝင်နေပါတယ်။ ဒါကြောင့် ဖြုတ်ထားခဲ့တယ်။ Account ဘယ်နေ့က ဖွင့်တာ။ Customer ID စတာတွေက မလိုအပ်ဘူးလို့ ယူဆပါတယ်။ Available နှင့် Total Balance ၂ ခုသာ ဖော်ပြထားပါတော့တယ်။ နောက်ပြီးတော့ table မှာလည်း လ အလိုက် ခွဲပြီးတော့ ဖော်ပြထားသည့် အတွက် ရှင်းရှင်းလင်းလင်း ပိုရှိပါတယ်။ နောက်ပြီးတော့ အခု account ကနေ အခြား account တစ်ခုခု လွှဲမယ်ဆိုရင် အဆင်ပြေအောင် ညာဘက် အပေါ်ထောင့်မှာ transfer အတွက် ထည့်ထားပေးပါတယ်။ Detail ကို နောက်တစ်ချက် မနှိပ်ရပဲ transaction list uို ဖော်ပြထားပါတယ်။

Transfer

Original Transfer
Redesign transfer

မူရင်း Transfer အတိုင်းပါပဲ။ ကြည့်ကောင်းအောင် ပြန်ပြီး နေရာချထားပါတယ်။ Periodically ကို ခလုပ် အစား switch ပြောင်းလိုက်တယ်။ အဲဒါလေး on/off ပေါ်မှာ မူတည်ပြီးတော့ နောက် screen ပြရင် date range ရေးခိုင်းလို့ ရပါတယ်။ မူရင်း အတိုင်းမှာ ခလုပ်တွေ အရမ်းများတာဟာ အသုံးပြုသူကို ရှုပ်ထွေးစေတယ်။ မလိုအပ်သည့် Cancel ဖြုတ်လိုက်တယ်။ Back ဟာ ဘယ်ဘက် အပေါ် navigation မှာ ပါနေသည့် အတွက်ကြောင့် ဖြုတ်လိုက်တာပါ။

Transfer Confirm

Redesign Confirm

မူရင်း ပုံစံ ကို ကြည့်ကောင်းအောင် ပြန်ပြင်ထားပါတယ်။ အကယ်၍ Periodically ကို သာ on ထားခဲ့ရင် date range ကို အရင် ရွေးချယ်ဖို့ screen လိုအပ်ပါတယ်။ အဲဒါပြီးမှသာ confirm screen ကို လာပါလိမ့်မယ်။

History

Redesign History

မူရင်းက Account ထဲမှာ ပါပါတယ်။ သို့ပေမယ့် မူရင်း account screen ဟာ ရှုပ်ထွေးပြီး မလိုအပ်တာတွေ များနေတယ်လို့ ထင်ပါတယ်။ mobile device မှာ excel သို့မဟုတ် PDF ကို download ချမည့်သူ နည်းပါတယ်။ ဒါကြောင့် ဖြုတ်ထားလိုက်တယ်။ မလိုအပ်ဘူးလို့ ယူဆ မိတယ်။ Account ကို ရွေးဖို့ဆိုတာ သိရအောင် မျှားလေးကို ထည့်ထားပေးပါတယ်။ Date ကိုလည်း ချက်ခြင်း range အစား ဖြစ်နိုင်သည့် Today, 1 Week, 1 Month စတာတွေ ကို ပေးထားပြီးတော့ ချက်ခြင်း data ပြဖို့ဖော်ပြထားပါတယ်။ ဒါမှမဟုတ်လည်း Range နဲ့ ပြန်ရွေးလို့ရပါတယ်။

Redesign ပုံများ အားလုံး

သုံးသပ်ချက်

လက်ရှိ Mobile Banking App တွေ တော်တော်များများဟာ လက်ရှိ function ကို မထိ ခိုက်ပဲ မပြောင်းလဲပဲ အခုလိုမျိုး redesign ပြန်လုပ်လို့ ရပါတယ်။ အခု KBZ redesign မှာ screen အားလုံးကို redesign ပြန်မလုပ်ထားပေမယ့် အခြေခံ လိုအပ်သည့် UI component တွေ ပါဝင်ပြီးဖြစ်တာကြောင့် Screen အကုန်နီးပါးကို လက်ရှိ screens တွေ ကို မှီငြမ်းပြီး ပြန်ဆွဲနိုင်ပါတယ်။

--

--

saturngod
COMQUAS

Husband,Father. Just a developer who enjoy coding